စပါးဈေးနှုန်းကို ကြမ်းခင်းဈေး ငါးသိန်းအဖြစ် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ကြော်ငြာချက်အမှတ် (၀၈/၂၀၀၈)ဖြင့် မတ်လ (၆)ရက်နေ့ တွင် သတ်မှတ်လိုက်သည်။
၄၆ပေါင်ကိုက် စပါးတင်း(၁၀၀)ကို အခြေခံ ဈေးနှုန်း ငါးသိန်း ဖြင့် ၀ယ်ယူရမည်ဖြစ်ကြောင်း ယနေ့  နေပြည်တော်တွင် ကျင်းပသော မြန်မာ့ ဆန်စပါး ကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် သတ်မှတ်လိုက်ခြင်းဖြစ်သည်.။
လုပ်ကွက်ငယ်တောင်သူ လယ်သမားအများစု ပိုင်ဆိုင်သော စပါးများသည် စပါးပေါ်ချိန် တွင် ဈေးနှုန်းကျလေ့ ရှိခြင်းကြောင့် ယခုလို ကြမ်းခင်းဈေးသတ်မှတ်ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ထည့်သွင်းဖော်ပြထားသည်။
ဈေးနှုန်းတစ်ခု သတ်မှတ်လိုက်တာကြိုဆိုပါတယ် အဓီကကတောင်သူလယ်သမား စိုက်ပျိုးမွေးမြူထုတ်လုပ်သူတွေ ကြားမှာ ကုန်သည်ပွဲစားတွေအမြတ်ထုတ်တာတွေ ကို ထိမ်းလိုက်နိုင်မယ်လို့  မြင်တယ်”လို့  ဧရာဝတီတိုင်းဒေသကြီးကလယ်သမားကိုထွန်းအောင်ကပြောသည်။
ဧရာဝတီတိုင်းဒေသကြီးလွတ်တော်တွင် စပါးဈေးကို ကြမ်းခင်းဈေးသတ်မှတ်ပေးရန် ဒုတိယအကြိမ်လွတ်တော်တွင် ကိုယ်စားလှယ်တစ်ဦးက အဆို တင်သွင်းခဲ့ ဖူးသည်။
ဇွဲထက် ဥာဏ်
No comments:
Post a Comment