Latest News

Tuesday, March 6, 2018

ဘာသာ သာသနာညှိးနွမ်းစေမှုဖြင့် တရားစွဲဆိုခံထားရသူများအား အကြိမ်(၂၀)မြောက် ရုံးချိန်း ထပ်မံ ခေါ်ယူ

ဘာသာ သာသနာညှိးနွမ်းစေမှုဖြင့် တရားစွဲဆိုခံထားရသူများအား အကြိမ်(၂၀)မြောက် ရုံးချိန်း ထပ်မံ ခေါ်ယူ

‌သထုံ မတ် ၅    
                                                                                      မွန်ပြည်နယ် သထုံမြို့နယ် ဇရစ်ချောင်ကျေးရွာအုပ်စုအတွင်းရှိ အလံတစ်ရာစေတီတော်အား ခွင့်ပြုချက်မရှိဘဲဘုရားပြုပြင်သူများဟု တရားစွဲဆိုခံရသူ လူ ၅ ဦးကို ၁၉ ကြိမ်မြောက်အဖြင့်  သထုံမြို့နယ်တရားရုံး၌ မတ် ၅ ရက် ညနေ ၂ နာရီအချိန်က ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။                                                                                                အဆိုပါ တရားစွဲဆိုမူသည် ဘာသာ သာသနာကို ညှိုးနွမ်းစေမှုဘုရားမုဒ်ဦးတည်ဆောက်ရာတွင် လမ်းပိတ်ဆို့မူများဖြစ်ပေါ်သည့်အပြင် ခွင့်ပြုချက်မရှိဘဲ ဘုရားပြုပြင်မှု ဘုရားရွှေချထားသည့် ရွှေများခွာယူမှု မူလတည်ထားခဲ့သောစေတီတော်အား ပျက်စီးစေမှု ဆိုသော စွဲဆိုချက်များနှင့်အတူ  ဦးအောင်ထွန်းလှ (ပါ) ၅ ဦးအား တရားစွဲဆို အမူဖွင့်စစ်ဆေးခဲ့သည်။
‌   အမူစွဲဆိုခြင်း ခံရသူများဘက်မှ အာမခံ ရရှိရန်အတွက် သထုံခရိုင် တရားရုံးသို့ တင်ပြလျှောက်ထားရာ အာမခံရရှိရေး ပယ်ချခံရသည့်အတွက် သထုံမြို့နယ် တရားရုံး၌သာ ဆက်လက် ကြားနာ စစ်ဆေး ဆောင်ရွက်ရန် အမိန့်ဒီဂရီ ချမှတ်ပေးခဲ့ကြောင်း သထုံမြို့နယ် တရားရုံးမှ သိရသည်။
    တရားလိုပြသက်သေများဖြစ်သော ဦးတင်စိုး ( ပါ) ၈ဦး အနက် အမူစတင်စစ်ဆေးချိန်မှ  ဦးတင်စိုး (ပါ) ငါးဦးကို စစ်ဆေးပြီးစီးပြီး ယနေ့တွင် တရားလိုပြသက်သေတစ်ဦးအား စစ်ဆေး၍  တရားလိုပြသက်သေ နှစ်ဦးအား စစ်ဆေးရန် ကျန်ရှိနေသေးကြောင်း တရားပြိုင်မိသားစုများ ထံမှ သိရသည် ။  အမှုကို ရုံးချိန်း ၂၀ ကြိမ်မြောက်အဖြစ်  မတ်လ  ၁၄ ရက်နေ့သို့  ထပ်မံချိန်းဆိုခဲ့ကြောင်း သိရသည့်အပြင်  အဆိုပါအမှုသည် ၆လခန့် ကြာမြင့်နေပြီ ဖြစ်ကြောင်း သိရသည် ။
                    ခွန်(ဝင်းပ)

No comments:

Post a Comment