Latest News

Friday, March 2, 2018

ကျွန်းသစ်ခွဲသားများ တင်ဆောင်မောင်းနှင်လာသော ခြောက်ဘီးယာဉ် တိမ်းမှောက်

ကျွန်းသစ်ခွဲသားများ တင်ဆောင်မောင်းနှင်လာသော
ခြောက်ဘီးယာဉ် တိမ်းမှောက်

ကရင်ပြည်နယ် မြဝတီမြို့နယ် အာရှလမ်းမကြီး ရင်ခွဲတောင်အနီးတွင် ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၆ နာရီခွဲခန့်က ကော့ကရိတ်ဘက်မှ မြဝတီဘက်သို့ အာရှလမ်းမကြီးအတိုင်း ကျော်သူစိုး ၃၉ နှစ် မောင်းနှင်လာသည့် ခြောက်ဘီး ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်ခြမ်းသို့ တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းမှာ   ဒဏ်ရာအနည်းငယ်ရရှိခဲ့ကာ   မြဝတီဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

တာဝန်ရှိသူများက   အခင်းဖြစ်နေရာသို့  သွားရောက်စစ်ဆေးရာ ယာဉ်ပေါ်တွင် ကျွန်းသစ်ခွဲသားများ တင်ဆောင်ထားကြောင်း  စစ်ဆေးတွေ့ရှိရ သဖြင့်  ယာဉ်မောင်းအား  ဥပဒေနှင့်အညီ  အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
မင်းသူ၊ ထွန်းထွန်းထွေး(ဘားအံ)

No comments:

Post a Comment