Latest News

Saturday, March 3, 2018

ငွေဆောင်ကမ်းခြေတွင်ဝေလငါးအသေတစ်ကောင်တွေ့ရှိ

ငွေဆောင်ကမ်းခြေတွင်ဝေလငါးအသေတစ်ကောင်တွေ့ရှိ

ငွေဆောင်       မတ်  ၃

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငွေဆောင်မြို့ အမှတ်(၁) ရပ်ကွက်lB.O.B  ဟိုတယ်အနီးတောင်ကတုံးကမ်းခြေ၌ မတ် ၃ရက်တွင် အလျား   (၃၂)  ပေlရှေ့ရေယက်( ၄  )ပေlနောက်မြီးရေယက် (၄)ပေ၁၀ လက်မ၊လုံးပတ်(၁၆)ပေခန့်ရှိဝေလငါးအမျိုးအစားငါးတစ်ကောင်ပင်လယ်ပြင်တွင်သေဆုံးပြီးလာရောက်ကမ်းတင်နေကြောင်းတွေ့ရှိခဲ့သည်။

၎င်းငါးအားငွေဆောင်ကမ်းခြေတွင်လာရောက်အပန်းဖြေသူအများအပြားမှစိတ်ဝင်တစားလာရောက်ကြည့်ရှုခဲ့ကြကြောင်းနှင့်တာဝန်ရှိသူများမှမြေမြုပ်ရန်စီစဉ်ဆောင်ရွက်နေကြောင်းသိရသည်။
                        မူမူ  (ပြန်/ဆက်)

No comments:

Post a Comment