Saturday, March 17, 2018
ကမ္ဘာစစ်အင်အား စာရင်းတွင် မြန်မာက ဘင်္ဂလားဒေ့ရှ် အထက် အဆင့်များစွာ သာလွန်လျက် ရှိဟုဆို
၂၀၁၇ အတွက် Global Firepower Index
တွင် မြန်မာသည် အင်အားအကြီးဆုံး ၃၁ နိုင်
ငံ မြောက် ဖြစ်နေပြီး ဘင်္ဂလားဒေ့ရှ်က အဆင့်
၅၇ တွင် ရှိသည်ဟု အဆိုပါ အစီရင်ခံစာကို
Dakha Tribune သတင်းစာ က နှိုင်းယှဉ်
ဖေါ်ပြလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်သည် မြန်မာထက် လူဦးရေ အဆမတန် များသော်လည်း စစ်အင်အား၊ လက်နက်
ယန္တယား နှင့် စွမ်းဆောင်ရည် များကို အဆိုပါ
အစီရင်ခံစာ က ဖေါ်ပြထားခဲ့ပါတယ်။
စစ်အင်အား (အမြဲတမ်းတပ်)
မြန်မာ - ၅၁၆,၀၀၀
ဘင်္ဂလားဒေ့ရှ် - ၂၂၅,၀၀၀
စစ် အသုံးစရိတ်
မြန်မာ - အမေရိကန် ဒေါ်လာ ၂.၄ ဘီလီယံ
ဘင်္ဂလားဒေ့ရှ် - အမေရိကန်ဒေါ်လာ ၁.၅၉ ဘီလီယံ
လေတပ်အင်အား
မြန်မာ- 56 fighter aircrafts, 77 attack aircrafts, 86 helicopters
ဘင်္ဂလားဒေ့ရှ် - 166 aircrafts, 61 helicopters
ယန္တယား တပ် အင်အား
မြန်မာ - တင့်ကား ၅၉၂
သံချပ်ကာ ယန္တယား - ၁၃၅၈ စီး
ဘင်္ဂလားဒေ့ရှ် - တင့်ကား - ၅၃၄ စီး
သံချပ်ကာ ယန္တယား - ၉၈၂ စီး
အမြှောက် လက်နက်ကြီး အင်အား
မြန်မာ - self-propelled အမြှောက် ၁၀၈၊ rocket projectors ၁၀၈
ဘင်္ဂလားဒေ့ရှ်
Self-propelled အမြှောက် ၁၈၊ rocket projectors ၃၂
ရေတပ် အင်အား
မြန်မာ - စစ်ရေယာဉ် - ၁၅၅ စီး (ဖရီးဂိတ် ၅ စီး)
ဘင်္ဂလားဒေ့ရှ် - စစ်ရေယာဉ် ၈၉ စီး (ဖရီးဂိတ် ၆ စင်း၊ မိုင်း ရေယာဉ် ၅ စီး)
အဆိုပါ အစီရင်ခံစာတွင် ဘင်္ဂလားဒေ့ရှ် မှ
မကြာမီက ၀ယ်ယူထားသော ရေငုပ်သင်္ဘော
နှစ်စီးကို ထည့်သွင်း ဖေါ်ပြထားခြင်း မရှိပေ။
အင်အား အကြီးဆုံး ဆယ်နိုင်ငံမှာ
အမှတ်စဉ်အရ အမေရိကန်၊ ရုရှား၊ တရုတ်
အိန္ဒိယ၊ ပြင်သစ်၊ ဗြိတိန်၊ ဂျပန်၊ တူရကီ၊ ဂျာမဏီ နှင့် အီဂျစ် တို့ ဖြစ်ပါတယ်။
လှစိုးဝေ
https://www.globalfirepower.com/countries-listing.asp
ကမ္ဘာစစ်အင်အား စာရင်းတွင် မြန်မာက ဘင်္ဂလားဒေ့ရှ် အထက် အဆင့်များစွာ သာလွန်လျက် ရှိဟုဆို
Reviewed by timeayeyar
on
2:49 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment