မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်ရှိ လျှပ်စစ်ထရန်စဖော်မာ မီးလောင်မှုဖြစ်
မြစ်ကြီးနား မတ် ၁၈
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်တွင် မတ်၁၈ရက် နံနက်၁၀နာရီ၄၅မိနစ်ကရပ်ကွက်အတွင်း တပ်ဆင်ထားသည့် လျှပ်စစ်ထရန်စဖော်မာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြေမြင့်ရပ်ကွက်ရှိ လျှပ်စစ်ထရန်စဖော်မာတွင် တပ်ဆင်ထားသည့် ၄၀၀ ဗို့ သစ်သားဘုတ်ခုံ၌ Lose Connection ဖြစ်ကာ မီးလောင်ကျွမ်းခဲ့သဖြင့် မြစ်ကြီးနားခရိုင်မီးသတ်ဦးစီးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သူ ဦးစီးမီးငြိမ်းသတ်ယာဉ် ၆ စီး၊မီးသတ်ရေသယ်ယာဉ် ၁ စီး၊သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၄၅ ဦးဖြင့် မီးငြိမ်းသတ်ခဲ့ရာ ၁၁နာရီ၅မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။မီးလောင်ကျွမ်းမှုကြောင့် သစ်သားဘုတ်ခုံတစ်ခုသာလျှင် ပျက်ဆီးဆုံးရှုံး ခဲ့ကြောင်း သိရသည်။
ဝင်းနိုင် ကချင်မြေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment