Latest News

Thursday, March 1, 2018

တပေါင်းလပြည့်နေတွင် မန်းရွှေစက်တော်ဘုရား၌ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ

တပေါင်းလပြည့်နေတွင် မန်းရွှေစက်တော်ဘုရား၌ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ

မင်းဘူး မတ် ၁

 မြန်မာနိုင်ငံရှိ အရှည်ကြာဆုံး ပွဲတော်တွေထဲတွင် တစ်ခုအပါ အ၀င်ဖြစ်သည့် မန်းရွှေစက် တော်ဘုရားပွဲတော်ကို နှစ်စဉ်တပို့တွဲလ ဆန်း(၅)ရက်နေ့မှ မြန်မာနှစ်ဆန်း(၁)ရက်နေ့အထိ ရက်ပေါင်း ၈၇ ရက်တိုင်အောင် ကျင်းပလျက်ရှိရာ တပေါင်းလပြည့်နေ့တွင်  မန်းရွှေစက်တော် ဘုရားပွဲတော်၌ဘုရားဖူးခရီးသွား ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်းသိရသည်။
 “ကျွန်မက ရေနံချောင်းမြို့က ကျောင်းဆရာမတစ်ဦးပါ၊ အခုလို နွေရာသီကျောင်းပိတ်ရက် မှာ မိသားစုနဲ့အတူ မန်းရွှေစက်တော်ဘုရားကို ဘုရားဖူးလာခြင်းဖြစ်ပါတယ်၊ ရုံး(၄)ရက် ပိတ်တာ ရယ်၊ လပြည့်နေ့ဖြစ်တာ ရယ်ကြောင့် ဘုရားပွဲမှာ လူတွေအရမ်းစည်ကားနေပါတယ်၊ အရမ်းလည်း ပျော်စရာကောင်းပါတယ်” ဟု ဆရာမဒေါ်ချိုမာအောင် မှပြောသည်။
 “ကျွန်တော်တို့ အခုလိုရုံးပိတ်ရက်မှာ အိမ်နီးနားချင်းတွေနဲ့အတူ ဘုရားဖူးထွက်လာကြတာ ပါ၊ ကလေးတွေလည်း ကျောင်းပိတ်သွား ပြီဆိုတော့ အိမ်နားကမိသားစုတွေစုပြီး လာကြတာပါ၊ ကျွန်တော်တို့ မန်းရွှေစက်တော်ဘုရားပွဲကို နှစ်တိုင်းရောက်ဖြစ်ပါတယ်၊ ဒီနေ့ တပေါင်းလပြည့်နေ့ ဖြစ်တဲ့အတွက် ရွှေစက်တော်မှာ ဘုရားဖူးလာကြသူ တွေနဲ့ အရမ်းစည်ကားနေပါတယ်”ဟု အထက် မင်းလှမြို့မှ ဦးငြိမ်းချမ်း ကပြောသည်။
 '' ကျွန်တော်က နေပြည်တော်ကနေ ဘုရားဖူးလာတာပါ၊ မင်းဘူးဇာတိဆိုတော့ ဒီအချိန်၊ ဒီရာသီမှာ ရွှေစက်တော်ဘုရားပွဲကို မလာပဲမနေနိုင်ဘူး၊ ကိုယ်တတ်နိုင်သမျှလည်း ဘိုးဘွားတွေကို ဘုရားဖူးလိုက်ပို့ရင်းပေါ့ '' ဟု ကိုရဲမင်းက ပြောသည်။
 ယခုနှစ်တွင် မန်းရွှေစက်တော်ရာ ဘုရားအ၀င်တွင် လှေတင်တံတားကို တည်ဆောက်ပြီးစီး သည့်အတွက် ခရီးသွားပြည်သူများအနေဖြင့် အဆင်ပြေချောမွေ့စွာ သွားလာနိုင်ပြီး မန်းရွှေစက် တော်ဘုရားသို့ ရပ်ဝေး/နီးမှ ခရီးသွားပြည်သူများဖြင့် တပေါင်းလပြည့်နေ့တွင် အထူးစည်ကား လျက်ရှိကြောင်း သိရှိရသည်။
မျိုးမြတ်(မင်းဘူး)

No comments:

Post a Comment