Latest News

Thursday, March 1, 2018

၂၀၁၈ ခုနှစ် မန်းရွှေစက်တော်ရာဘုရားပွဲတော်ကာလ ဘုရားကြီး အလှူငွေသိန်းနှစ်သောင်းခန့်ရရှိမည်ခန့်မှန်း

၂၀၁၈ ခုနှစ် မန်းရွှေစက်တော်ရာဘုရားပွဲတော်ကာလ ဘုရားကြီး
အလှူငွေသိန်းနှစ်သောင်းခန့်ရရှိမည်ခန့်မှန်း


မကွေး မတ်  ၁

မကွေးတိုင်းဒေသကြီး၏ ကျက်သရေဆောင်မြန်မာနိုင်ငံ ရဲ့ထူးခြား ထင်ရှားပြီး အချိန်ကြာမြင့်စွာကျင်းပသည့်မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကြီးရန်ပုံငွေမှာ အရပ်သားဂေါပကသစ်လက်ထက်၌
တစ်နှစ်ထက်တစ်နှစ်တိုးမြင့်ရရှိနေ ကြောင်း ဖေဖော်ဝါရီ(၂၇)ရက်နေ့ နံနက်(၉)နာရီအချိန်ကမန်းရွှေစက်တော်ရာဘုရား သုံးထပ်သာသနာ့ ဗိမ္မာန်တော်ကြီး၌ ကျင်းပပြုသောသတင်းစာရှင်းလင်းပွဲတွင် မန်းရွှေစက်တော်ရာဘုရားဂေါပကအဖွဲ့ ဥက္ကဌ ဦးသိန်းလှိုင်မှ ပြောသည်။
NLD အစိုးရလက်ထက် ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေခေတ်ထဲမှာ
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရွေးချယ်တာဝန်ပေးမှု အရဖြစ်လာတဲ့
ကျွန်တော်တို့အရပ်သားဂေါပကများဟာ  ကိုယ်စွမ်းညဏ်စွမ်းရှိသရွေ့
မန်းရွှေစက်တော်ဘုရားကြီးတိုးတက်ရာ တိုးတက်ကြောင်း
မျက်ဝါးထင်ထင်ရှင်းပြချင်လို့သတင်းစာရှင်းလင်းပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း  ဦးသိန်းလှိုင်မှ ပြောသည်။
၂၀၁၆ခုနှစ်အတွင်း ယခင်ဂေါပကအဖွဲ့ထံမှဘုရားကြီးရဲ့ပိုင်ဆိုင်မှုအနေဖြင့်
အလှူတော်ငွေအရပ်ရပ်ပေါင်း  ကျပ်သိန်းပေါင်း သုံးသောင်းခုနှစ်ထောင် နဲ့
ရွှေစင်ရွှေသား (၂)ပိဿာ (၈)ကျပ်သားအား လက်လွှဲရရှိခဲ့ပါကြောင်း၊ ပြီးခဲ့သော၂၀၁၇ခုနှစ် မန်းရွှေစက်တော်ရာဘုရားကြီး ပွဲတော်ကာလ အတွင်းမှာစေတိယသန္တက၊နဝကမ္မဘက်စုံ နှင့် စက်တော်ရာရံပုံငွေ အရပ်ရပ်စုစုပေါင်းအလှူတော်ငွေကျပ်သိန်းပေါင်း  တစ်သောင်းနှစ်ထောင် ခန့် ရရှိခဲ့ပြီး၂၀၁၇ခုနှစ် မေလ(၃)ရက်နေ့အထိ ဘုရားကြီးပိုင် ရံပုံငွေပေါင်း မှငွေကျပ်သိန်းပေါင်း (၄၉၂၃၂၀၀၀၄၂)ကျပ် ဖြစ်ပါတယ် ဟု ဂေါပကဥက္ကဌ မှ ဆက်လက်ပြောဆိုသည်။
မန်းရွှေစက်တော်ရာဘုရားဂေါပကအဖွဲ့ ဥက္ကဌ ဦးသိန်းလှိုင် က “၂၀၁၈ခုနှစ်မန်းရွှေစက်တော်ရာဘုရား ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲပြုလုပ်တဲ့
ဇန်နဝါရီ(၂၁)ရက်နေ့မှာတင်ဘဲ နမ္မဒါ(၁)၊နမ္မဒါ(၂)၊ငွေသောင်ယံ၊ တည်းကျောင်း(၁၁၆)ကျောင်း၊ သန့်စင်ခန်း(၁၈)မျိုး၊ရေချမ်းစင်ညောင် ထောက်ကန်တော့ပွဲ(၂၉)မျိုး နှင့် ကားပါကင် တင်ဒါအရပ်ရပ် တို့မှ အလှူတော်ငွေရရှိငွေပေါင်း ကျပ်သိန်းတစ်သောင်းနှစ်ထောင်ခန့်
ရရှိခဲ့ပြီး  ဇန်နဝါရီ(၂၁)ရက်နေ့မှ ဇန်န ဝါရီ(၂၆)ရက်နေ့အထိ စေတိယသန္တက၊ နဝကမ္မဘက်စုံ၊စက်တော်ရာရံပုံငွေ အရပ်ရပ်တို့မှ လှူဒါန်း ရရှိငွေမှာ သိန်းပေါင်း(၁၇၄၂၈၀၈၅၀)ကျပ်ရရှိနေပြီး  ဖွင့်ပွဲအစမှ ဘုရား ပွဲတော်ပြီးသည်အထိ စေတိယသန္တက၊နဝကမ္မဘက်စုံ၊ စက်တော်ရာရံပုံငွေ အရပ်ရပ်လှူဒါန်းငွေမှာ အနည်းဆုံး ကျပ်သိန်း
ရှစ်ထောင်(သို့)ကျပ်သိန်းတစ်သောင်းရရှိမည်ဟု ခန့်မှန်း ထားသည့် အတွက်၂၀၁၈ခုနှစ် မန်းရွှေစက်တော်ရာ ဘုရားကြီးပွဲတော် ကာလတွင်
ဘုရားကြီးအလှူတော်ငွေစုစုပေါင်းကျပ်သိန်းပေါင်း နှစ်သောင်းခန့် ရရှိမည်ဟု ခန့်မှန်းကြောင်း” မီဒီယာများအားပြောသည်။
                  kyawzayya

No comments:

Post a Comment