Latest News

Tuesday, March 20, 2018

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျနိုင်ငံမှ ပြန်လည်ရောက်ရှိ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
သြစတြေးလျနိုင်ငံမှ ပြန်လည်ရောက်ရှိ


နေပြည်တော်  မတ်   ၂ဝ

သြစတြေးလျဓနသဟာယနိုင်ငံ၌ ရောက်  ရှိနေသည့်   နိုင်ငံတော်၏  အတိုင်ပင်ခံ ပုဂ္ဂိုလ်    ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့   ဒေသ စံတော်ချိန် နံနက် ၁ဝ နာရီ   မိနစ် ၂ဝ တွင် သြစတြေးလျ        ဓနသဟာယနိုင်ငံ တပ်မတော်အထူးလေယာဉ်ဖြင့်  ကင်ဘာ ရာမြို့မှ ဆစ်ဒနီမြို့သို့ ရောက်ရှိကြသည်။

ဆက်လက်၍         နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်    ဒေါ်အောင်ဆန်းစု ကြည်နှင့် အဖွဲ့ဝင်များသည် ဒေသစံတော် ချိန် ညနေ  ၅ နာရီ ဝ၅ မိနစ်တွင် စင်ကာပူ လေကြောင်းလိုင်းဖြင့်    သြစတြေးလျ ဓနသဟာယနိုင်ငံ  ဆစ်ဒနီမြို့မှ စင်ကာပူ နိုင်ငံ ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ရောက်ရှိကြရာ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး    ဦးဌေးအောင်နှင့် ဇနီး၊ စစ်သံမှူး  ဗိုလ်မှူးကြီး စန်းညွန့်ဦး နှင့်  တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

ထိုမှတစ်ဆင့်          နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင်များသည် မြန်မာအမျိုးသားလေကြောင်းလိုင်း အထူးလေယာဉ်ဖြင့်   ည  ၇ နာရီခွဲတွင် စင်ကာပူနိုင်ငံမှ     နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြရာ   ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ    ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီး  ဦးမင်းသူနှင့် တာဝန်ရှိသူ များက နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

သတင်းစဉ်

No comments:

Post a Comment