Latest News

Tuesday, March 6, 2018

ကိုးတောင်ဘို့ဘူတာအနီး ရထားနဲ့ ထော်လာဂျီဝင်တိုက်မှုဖြစ်

ကိုးတောင်ဘို့ဘူတာအနီး ရထားနဲ့ ထော်လာဂျီဝင်တိုက်မှုဖြစ်


ကန့်ဘလူ   မတ်   ၆

စစ်ကိုင်းတိုင်းဒေသကြီးကန့်ဘလူမြို့နယ်ကိုးတောင်ဘို့ဘူတာအနီးအမှတ်(၄၁)အဆန်ရထားနှင့်လမ်းဖြတ်ကူးသည့်ထော်လာဂျီဝင် တိုက်မှုဖြစ်ပွား ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ မတ်လ ၆ ရက် နံနက် ၇ နာရီ ၁၅ မိနစ်အချိန် ကစက်ခေါင်း မောင်း ဦးသန့်ဇင်l ရထားထိန်းဦးလှနွယ် တို့မောင်းနှင်လိုက်ပါလာသော စက်ခေါင်းအမှတ် DF 1341 မန္တလေး-မြစ်ကြီးနား အမှတ်(၄၁)အဆန်  ဒုတိယအမြန် ရထားနှင့်လမ်းဖြတ်ကူးသည့် ဦးဖိုးလင်း ဆိုသူ မောင်းနှင်လာသောထော်လာဂျီတို့ သည်ကန့်ဘလူမြို့နယ်ဇော်ချောင်း နှင့် ကိုးတောင်ဘို့ကြား  ကိုးတောင်ဘို့ဘူတာအနီး မိုင်တိုင်အမှတ်527/7-8ကြားတွင် ရထားနဲ့ ထော်လာဂျီ ဝင်တိုက် ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ယင်းဖြစ်စဉ်ကြောင့်လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့်ထော်လာ
ဂျီယာဉ်မောင်းအားကန့်ဘလူမြို့မြို့မရဲစခန်းကဥပဒေအရအရေးယူဆောင်ရွက်ထားပြီးမီးရထားများပုံမှန်အတိုင်းသွားလာနိုင်ရေးကိုမီးရထားဌာနကအချိန်နှင့်တပြေးညဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။  
  ကိုမင်း(အင်းတော်)

No comments:

Post a Comment