Latest News

Thursday, March 1, 2018

ငပလီကမ်းခြေနှင့် စစ်တွေကမ်းခြေတို့၌ ရခိုင်ရိုးရာသျှစ်သောင်းမြှောက်ပွဲ အထူးစည်ကား

ငပလီကမ်းခြေနှင့် စစ်တွေကမ်းခြေတို့၌ ရခိုင်ရိုးရာသျှစ်သောင်းမြှောက်ပွဲ အထူးစည်ကား


သံတွဲ  မတ်  ၁

တပေါင်းလပြည့်နေ့တွင် ကျင်းပသော ရခိုင်ရိုးရာ   သျှစ်သောင်းမြှောက်ပွဲကို       ငပလီကမ်းခြေနှင့်စစ်တွေကမ်းခြေတို့      ၌  ကျင်းပရာ ယခင်နှစ်များကထက် အထူးစည်ကားကြောင်း သိရသည်။
သံတွဲမြို့     ငပလီကမ်းခြေ၌  ကျင်းပ သည့်  ဒုတိယအကြိမ်မြောက် ရခိုင်ရိုးရာ သျှစ်သောင်းမြှောက်ပွဲကို   ဒွါရာဝတီ လူငယ်များအဖွဲ့က   ဦးဆောင်ကျင်းပ သည်။  ဦးစွာ  ရခိုင်မင်္ဂလာစည်တော် ကြီးတီး၍    အခမ်းအနားကို   ဖွင့်လှစ်ပြီး ရခိုင်စာပေနှင့်  ယဉ်ကျေးမှု  သုတေသီ အသျှင်ကုသလ(ငွေသဇင်-သံတွဲ)က ရခိုင်ရိုးရာ      သျှစ်သောင်းမြှောက်ပွဲ အကြောင်းကို ဟောပြောသည်။

ယင်းနောက်  ငပလီကမ်းခြေတွင် ရောက်ရှိလာသူများက   မိမိတို့ပူဇော် လိုသည့်   စေတီ၊ ဘုရားဆင်းတုတော် ပုံများကို   သဲများ    စုပုံပြီးတည်ကာ ရခိုင် ရိုးရာ  သျှစ်သောင်းမြှောက်ပွဲကို ကျင်းပ ကြသည်။   ယခုအပတ်တွင်   ရုံးပိတ်ရက် လေးရက်ဆက်တိုက်ဖြစ်နေသဖြင့် ငပလီ ကမ်းခြေသို့  လာရောက်သူ များပြားပြီး သျှစ်သောင်းမြှောက်ပွဲလည်း    အထူး စည်ကားကြောင်း သိရသည်။
''သျှစ်သောင်းမြှောက်ပွဲက  ဒီနှစ် တော့   ငပလီကို   လာလည်တဲ့သူတွေနဲ့ ပိုပြီးစည်ပါတယ်၊  လူပေါင်း သုံးထောင် ကျော်လေးထောင်နီးပါး    ရှိပါတယ်၊ ကျွန်တော်တို့   ဒွါရာဝတီလူငယ်တွေ ဦးဆောင်ပြီး ပြုလုပ်တာပါ၊  ကျွန်တော် တို့အဖွဲ့က  သဲစေတီတည်တဲ့  လူတွေ အတွက် တံခွန်၊   ကုက္ကား၊ မုလေးပွား၊  ပန်းနဲ့  ဆီမီးတွေကို   အခမဲ့ပေးပါတယ်၊ အချိုရည်တွေလည်း  လှူပါတယ်၊  သူတို့ တွေကလည်း   စေတနာနဲ့ ငွေလှူကြ ပါတယ်၊ ယဉ်ကျေးမှုဟာ လူမျိုးတစ်မျိုး ရဲ့  အသက်သွေးကြောပါ၊   ဒါကြောင့် ကျွန်တော်တို့အနေနဲ့     ယဉ်ကျေးမှု မပျောက်ဖို့  ခုလိုဖော်ထုတ်ပြီး လုပ်ကြ တာပါ'' ဟု  သံတွဲမြို့မှ ပွဲစီစဉ်သူ ကိုစန်း ကိုက ပြောသည်။
စစ်တွေမြို့       စစ်တွေဟိုတယ်   ကမ်းခြေ$၌    ပြုလုပ်သော     ရခိုင်ရိုးရာ သျှစ်သောင်းမြှောက်ပွဲကို    ဒီရေကျချိန် ယနေ့ ညနေပိုင်းတွင် ပြုလုပ်ရာ မြို့ရော တောပါ လာရောက်သူများဖြင့် စည်ကား ကြောင်း တွေ့ရသည်။
ယင်းပွဲနှင့်ဆက်စပ်၍ စာရေးဆရာ ဗဂျီးကျော်(စစ်တွေ)က   ပြောပြရာ       တွင် စစ်တွေ၌  သျှစ်သောင်းမြှောက်ပွဲ    ကို သာကီမဏ္ဍိုင် ရခိုင်ရိုးရာယဉ်ကျေး မှုအဖွဲ့က   ဖော်ထုတ်၍    ပြုလုပ်ခဲ့      ကြောင်း၊ ယခုဆိုလျှင် နှစ်စဉ် နှစ်တိုင်း ပြုလုပ်လာကြကြောင်း၊   လူကြီး လူငယ် မရွေး ရိုးရာယဉ်ကျေးမှုကို အလေးထား ပေးရန်  လိုအပ်ကြောင်း၊     ယခုကဲ့သို့ စည်စည်ကားကားတွေ့ရ၍    ဝမ်းသာ ကြောင်းဖြင့် ပြောကြားသည်။
သတင်း-ကိုကြီးစော
ဓာတ်ပုံ-ငွေသဇင်(သံတွဲ)

No comments:

Post a Comment