Latest News

Thursday, March 1, 2018

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လစ်သီယံဘက်ထရီများ တင်ဆောင်လာသော လေယာဉ်တစ်စင်း အရေးပေါ်ဆင်းသက်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လစ်သီယံဘက်ထရီများ တင်ဆောင်လာသော လေယာဉ်တစ်စင်း အရေးပေါ်ဆင်းသက်


နေပြည်တော်   မတ်  ၁

တရုတ်နိုင်ငံ ဟောင်ကောင်လေဆိပ်မှUAE နိုင်ငံ ဒူဘိုင်းလေဆိပ်သို့ ပျံသန်းလာသော အမေရိကန်နိုင်ငံ အခြေစိုက် UPS-United Parcel Service Co.,Ltdပိုင် လေယာဉ်တစ်စင်း ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်က ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

အမေရိကန်နိုင်ငံသား လေယာဉ်မှူး Capt. Dykeandrew Lincoln Jack-sony ပါ လေယာဉ်အမှုထမ်း သုံးဦးလိုက်ပါသည့် MC Donnell Douglas MD-11F(Cargo)    လေယာဉ်သည်   လစ်သီယံဘက်ထရီ  ၁၇၅  ဒသမ  ၇  တန် တင်ဆောင်၍ ပျံသန်းလာစဉ် ကုန်ပစ္စည်းများပါရှိသည့် ကွန်တိန်နာပုံးမှ မီးလှန့်သတိပေး မြည်လာသဖြင့် အရေးပေါ်ဆင်းသက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလေယာဉ်ဆင်းသက်မှုကြောင့်   လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်   မီးသတ် တပ်ဖွဲ့ဝင်များ၊  လေကြောင်းပို့ဆောင်ရေးòန်ကြားမှုဦးစီးဌာနမှ  တာဝန်ရှိသူများနှင့် လေဆိပ်   မီးသတ်တာဝန်ခံ   ဦးအောင်မြင့်တို့က   လေယာဉ်ပေါ်သို့ တက်ရောက်၍ လေယာဉ်မှူးနှင့် တွေ့ဆုံမေးမြန်းရာ မီးလောင်မှုမရှိဘဲ လစ်သီယံဘက်ထရီအနံ့သာရရှိခဲ့ကြောင်း၊ လေကြောင်းပို့ဆောင်ရေးòန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်နှင့် တာဝန်ရှိသူများ ရောက်ရှိလာပြီး အရေးပေါ်လိုအပ်သော အကူအညီများ ဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း၊ လေယာဉ်မှူးများက ¤င်းတို့ကုမ္ပဏီသို့ ဆက်သွယ်ထားကြောင်း၊ အဆိုပါလေယာဉ်မှာ ရန်ကုန်လေဆိပ်တွင် ညအိပ်ရပ်နား၍ လေယာဉ်စစ်ဆေးမည့် အင်ဂျင်နီယာအဖွဲ့ ရောက်ရှိစစ်ဆေးပြီးပါက မူလခရီးစဉ်အတိုင်း ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။                  
ဇင်ဦး(မြန်မာ့အလင်း)

No comments:

Post a Comment