Latest News

Tuesday, March 13, 2018

တပ်မတော်မှနှင်ထုတ်ခံရသည့် ကျောင်းသားသမဂ္ဂတစ်ဦး၏ဖြစ်စဉ်မှာနိုင်ငံသားတစ်ဦး၏အခွင့်အရေးဆုံးရှူံးနေသည်ဟု သမဂ္ဂဝင်များမှဆို

တပ်မတော်မှနှင်ထုတ်ခံရသည့် ကျောင်းသားသမဂ္ဂတစ်ဦး၏ဖြစ်စဉ်မှာနိုင်ငံသားတစ်ဦး၏အခွင့်အရေးဆုံးရှူံးနေသည်ဟု သမဂ္ဂဝင်များမှဆို

ပုသိမ် မတ်လ ၁၃ရက်

မကွေးတိုင်းဒေသကြီး ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ  အထွေထွေ အတွင်းရေးမှူး ကိုသက်မောင်မောင်သည် တပ်မတော်တွင်တာဝန်ထမ်းဆောင်နေသော ဖခင်ဖြစ်သူ ထံပြန်လာရင်းနှင်ထုတ်ခံရသည့်ဖြစ်စဉ်မှာ နိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေးဆုံးရှူံးရခြင်းနှင့်ဒီမိုကရေစီနည်းလမ်းမကျဘူး
ဟု ကျောင်းသားသမဂ္ဂဝင်များထံမှသိရသည်။

ကျောင်းသားသမဂ္ဂဝင်ဖြစ်လို့ ၎င်း၏ဖခင်ဖြစ်သူ ခြေလျင်တပ်ရင်းမှတပ်ကြပ် သက်နိုင်ဦးတာဝန် ထမ်းဆောင်နေတဲ့တပ်မတော် အဝန်းအဝိုင်းထဲ ဝင်ရောက်ခွင့်ကို ပိတ်ပင်လိုက်တာပါ

အမှတ် ၂၅၆ တပ်ရင်းမှ ယာယီတပ်ရင်းမှူး ဗိုလ်မှူး ချမ်းမြေ့ဇော်က ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညနေ၆နာရီခန့်တွင်  ၎င်းအား ကျာင်းသားသမဂ္ဂထဲ နုတ်ထွက်ဖို့ရန် မှာကြားခဲ့ပြီး မလိုက်နာနိုင်ခဲ့ရင် တပ်မတော်မှာနေပိုင်ခွင့်မရှိသလို စစ်မှုထမ်းဆောင်နေတဲ့ သူ၏ဖခင်ကိုလည်း စစ်စည်းကမ်းအရ အရေးယူ သွားမည် ။
မိခင်ဖြစ်သူကိုလည်း  ကျောင်းသားသမဂ္ဂနဲ့မပက်သက်ဖို့ ခံဝန်ကတိထိုးခိုင်းခဲ့ကြောင်း  ကိုသက်မောင်မောင်ထံမှသိရသည်။

"နိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေးတွေအပြည့်အဝမ ရဘူး ဖြစ်နေတယ် သူတို့လုပ်ရပ်က ဒီမိုကရေစီနည်းလမ်းကျမကျသက်သေပဲ
ခုလိုနှင်ထုတ်လိုက်တော့ကျွန်တော် ဖြစ်သလိုနေနေရတယ်  ကျောင်းသားသမဂ္ဂဆိုတာ နိုင်ငံတော်ကနေပြီးတော့လည်းမတရား တဲ့အသင်းအဖွဲ့ကြီးဆိုပြီးထုတ်ပြန်သတ်မှတ်ထားတဲ့အဖွဲ့အစည်းလည်းမဟုတ်ဘူး သမဂ္ဂဆိုတာလည်းကျောင်းသားအကျိုးနိုင်ငံအကျိုးကိုရှေးရှူပြီးလုပ်ဆောင်နေတာ ဟာ ၁၉၃၁ခုနှစ်ထဲက ယနေ့အချိန်ထိသက်သေသာဓကတစ်ခုလည်းဖြစ်ပါတယ် တိုင်းပြည်တစ်ခုမှာမွေးဖွားနေတဲ့နိုင်ငံသားတစ်ယောက်ဟာ နိုင်ငံသားအခွင့်အရေးကိုအပြည့်အဝရသင့်တယ်"ဟု ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ကိုသက်မောင်မောင်က တိုင်းဧရာကိုပြောသည်။

တပ်မတော်ဝင်မိသားစုထဲမှာ သမဂ္ဂဝင်တစ်ယောက်ဖြစ်တာနဲ့ အပြစ်တစ်ခုလိုသဘောထားပြီးခုလိုနှင်ထုတ်လိုက်တာသည် တပ်မတော်ရဲ့မူဝါဒလား တပ်ရင်းမှ ယာယီတပ်ရင်းမှူး ဗိုလ်မှူး ချမ်းမြေ့ဇော်ရဲ့မူဝါဒလားဆိုတာ တပ်မတော်ကတာဝန်ရှိသူတွေကိုရှင်းပေးစေချင်ကြောင်း ၎င်းမှ ဆက်လက်ပြောကြားသည်။

ကိုသက်မောင်မောင်ဟာ  အမှတ် ၂၅၆ တပ်ရင်းမှာ မိဘတွေနဲ့ အတူနေထိုင်ပြီး ပခုက္ကူတက္ကသိုလ်မှာ ရူပဗေဒ ဒုတိယနှစ် တက်နေတဲ့ ကျောင်းသားတစ်ဦးဖြစ်ပါတယ်။

"တပ်မတော်အတွင်းမှာထုတ်ထားတဲ့စစ်စည်းကမ်းတွေကိုလည်းမလိုက်နာတာမရှိခဲ့ဘူး သူတို့စည်းကမ်းတွေကိုလည်းချိုးဖောက်တာမျိုးမရှိဘူး သမဂ္ဂတစ်ယောက်ဟာ တပ်မတော်ရဲ့ မိသားစုဝင် တစ်ယောက်ဖြစ်နေခြင်းက အပြစ်တစ်ခုဖြစ်နေတာလား ဆိုတာကို တပ်မတော်ရဲ့ အကြီးအကဲတွေ သိစေချင်တယ် ကျွန်တော့်လိုပဲ တပ်မိသားစုဝင်တွေရဲ့အောက်ခြေမှာ ခုလို ဖိနှိပ်တာမျိုးတွေမလုပ်စေချင်ဘူး” လို့ ကိုသက်မောင်မောင်က ပြောပါ ထပ်မံပြောကြားသည်။

ရမည်းသင်း နည်းပညာ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချူပ်မှ ဒုဥက္ကဋ္ဌကိုသီဟဇော်က "ခုလုပ်ရပ်က နိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေး ဆုံးရုံးနေသလိုပါပဲ စစ်စည်းကမ်းဆိုတာက ပြည်သူလူထုကိုချပြထားတဲ့ပွင့်လင်းမြင်သာမူ့ရှိတဲ့စည်းကမ်းတွေ လားဆိုတာစဉ်းစားစရာပါ ကျွန်တော်တို့သမဂ္ဂတွေဟာ စစ်တပ်ကိုတော်လှန်နေတဲ့သူပုန်တွေ မဟုတ်ဘူး
ခုလိုလုပ်ရပ်တွေအတွက်လည်း ကျွန်တော်တို့ကျောင်းသားသမဂ္ဂတွေတစ်သားတည်း ရပ်တည်သွားဖို့ဆန္ဒရှိတယ်"လို့ပြောပါတယ်။

ယခုဖြစ်စဉ်သည် တက္ကသိုလ်ကျောင်းသားတယောက်ရဲ့ အခွင့်အရေးကို ချိုးဖောက်တဲ့အပြင် မြန်မာနိုင်ငံအတွင်းက ကျောင်းသားသမဂ္ဂတွေရဲ့ ရပ်တည်ချက်အား ထိပါးလာတဲ့အတွက် အပြင်းအထန် ရှုတ်ချကန့်ကွက်တယ်လို့ ရန်ကုန်စီးပွားရေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂနဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက မတ်လ ၁၁ရက်နေ့ကထုတ်ပြန်ထားပါတယ်။

လက်ရှိတွင် အဆိုပါဖြစ်စဉ်နှင့်ပက်သက်ပြီး မတ်လ၁၄ရက်နေ့တွင်သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမည်ဖြစ်ကြောင်းသတင်းရ ရှိသည်။

သတင်းထောက်  ရွှေရည်ဝင်း

No comments:

Post a Comment