Latest News

Sunday, March 25, 2018

တံတားဦးမြို့နယ် ဂေါင်းကွဲကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

တံတားဦးမြို့နယ် ဂေါင်းကွဲကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

တံတားဦး  ၊  မတ် - ၂၅

 ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် မြို့မရဲစခန်းအပိုင် ဂေါင်းကွဲကျေးရွာတွင် မတ်လ(၂၄) ရက်နေ့ (၀၀း၀၀)နာရီအချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်းသိရသည်။

 ဖြစ်စဉ်မှာ ဦးစိုင်းမင်းထွန်းနေ နှစ်ထပ် ထန်းရွက်မိုး၊ထရံကာ ၂၀-ပေပတ်လည်အောက်ထပ်ရှိ မီးဘုတ်ခုံမှ ၀ါယာရှော့ဖြစ်ပြီးလောင်ကျွမ်းရာ ၄င်းနေအိမ်ဘေးရှိ ဦးထွန်းထွန်းနေအိမ် ပေ-၂၀ပတ်လည်ရှိ နှစ်ထပ် သွပ်မိုး၊ထရံကာ၊ဦးကျော်ကြီးနေအိမ် ပေ-၂၀ပတ်လည်ရှိနှစ်ထပ် သွပ်မိုး၊ထရံကာနှင့် ဒေါ်တင်ကြည် နေအိမ် ပေ-၂၀ ပတ်လည်ရှိ နှစ်ထပ် ထန်းရွက်မိုး၊ထရံကာ စုစုပေါင်းနေအိမ်(၄)လုံးမီးလောင်ကျွမ်းခဲ့ပြီး ထိုမီးလောင်ကျွမ်းမှုကြောင့် လူနှင့် ကျွဲ၊ နွား တိရိ စ္ဆာန်များ ထိခိုက်မှုနှင့် ပျက်ဆီးဆုံးရှုံးမှု မရှိကြောင်းသိရသည်။

          အဆိုပါ မီးလောင်းကျွမ်းရာသို့ တံတားဦးမြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်ဇော်ဦးနှင့်တပ်ဖွဲ့ဝင်များ၊မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်သူအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မီးသတ်ယာဉ်များ ၊ကျေးရွာသူ/သား များဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် မတ်လ(၂၄)ရက်နေ့ (၀၀း၃၀)နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။ စုစုပေါင်းနေအိမ်(၄)လုံးမီးလောင်ကျွမ်းခဲ့ပြီး လျှပ်စစ် မီးအား ပေါ့ဆစွာ အသုံးပြုသူ စိုင်းမင်းထွန်း(၃၃)နှစ်အား ဥပဒေအရအရေးယူ ဆောင်ရွက်ပေးရန် ရဲအုပ်လှဌေးမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် တံတားဦးမြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရှိရသည်။
                                                                                                                         ရဲတင့်

No comments:

Post a Comment