Latest News

Sunday, March 25, 2018

တောင်ပေါ်မှ ပေ ၁၅ဝ ခန့်ရှိ တောင်အောက်သို့ မြေသယ်ယာဉ်တစ်စီး တိမ်းမှောက်ကာ ယာဉ်မောင်းသေဆုံး

တောင်ပေါ်မှ ပေ ၁၅ဝ ခန့်ရှိ တောင်အောက်သို့ မြေသယ်ယာဉ်တစ်စီး တိမ်းမှောက်ကာ ယာဉ်မောင်းသေဆုံး

မိုင်းပါလျှိုး မတ် ၂၅

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းလပ်မြို့နယ်၊ နမ့်ခင်းကျေးရွာအုပ်စု၊ ပန်ပဲကျေးရွာအနောက်တောင်ဘက်ဟိန်းမေတ္တာသတ္တုတူးဖော်ရေးကုမ္ပဏီလုပ်ကွက်၌မြေသယ်ယာဉ်တစ်စီး တောင်ပေါ်မှ ပေ ၁၅ဝ ခန့်ရှိ တောင်အောက်သို့ တိမ်းမှောက်၍ ယာဉ်မောင်း တစ်ဦး သေဆုံးခဲ့သည် ဖြစ်စဉ် မတ် ၂၄ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။

 မတ် ၂၄ ရက်နေ့ နံနက် ၁ဝ နာရီအချိန်ခန့်တွင် မိုင်းပါလျှိုးနယ်မြေရဲစခန်းအပိုင်၊ နမ့်ခင်းကျေးရွာအုပ်စု၊ ပန်ပဲကျေးရွာအနောက်တောင်ဘက် သုံးမိုင်ခွဲခန့်အကွာ၊ ဟိန်းမေတ္တာသတ္တုတူးဖော်ရေးကုမ္ပဏီလုပ်ကွက်၌ ၁ဝ ဘီးမြေသယ်ယာဉ် တစ်စီး တောင်ပေါ်မှ ပေ ၁၅ဝ ခန့်ရှိ တောင်အောက်သို့ တိမ်းမှောက်၍ ယာဉ်မောင်း တစ်ဦးသေဆုံးနေကြောင်း သတင်းအရ မိုင်းပါလျှိုးနယ်မြေရဲစခန်းမှ စခန်းမှူး ဒုရဲအုပ် အောင်မြင့်မြတ်နှင့် အဖွဲ့မှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဦးထွန်းအောင်(ခ)နှုတ်ခမ်းမွှေး (၃၅ နှစ်)၊ အမှတ်(၃)လမ်း၊ အောင်သပြေရပ်ကွက်၊ တောင်ကြီးမြို့နေသူဖြစ်ပြီး အလောင်းအား ကျိုင်းလပ်ပြည်သူ့ဆေးရုံကြီးသို့ ဆေးစာဖြင့် ပို့ဆောင်ခဲ့သည်။

 အမှုမှ ဦးထွန်းအောင်(ခ)နှုတ်ခမ်းမွှေး (၃၅ နှစ်) မော်တော်ယာဉ်တိမ်းမှောက်သေဆုံးခြင်းနှင့် ပတ်သက်၍ မိုင်းပါလျှုးနယ်မြေရဲစခန်းက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်မိုရ်(တာချီလိတ်)

No comments:

Post a Comment