Latest News

Saturday, March 17, 2018

မြန်မာ့မီးရထားနဲ့ထော်လာဂျီပွတ်တိုက်မှုဖြစ်ပွား

မြန်မာ့မီးရထားနဲ့ထော်လာဂျီပွတ်တိုက်မှုဖြစ်ပွား

ဟိုပင်၊ မတ် ၁၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့အနီး သဲဂုဏ်ကျေးရွာထိပ်တွင် မတ်လ(၁၇)ရက်၊ နေ့လည် ဆယ့်နှစ်နာရီခွဲအချိန်ခန့်က အမှတ်(၅၆) အစုန်မြစ်ကြီးနား-မန္တလေး အထူးအမြန်ရထားနှင့် ထော်လာဂျီယာဉ်ငယ် တို့ ပွတ်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြစ်ကြီးနားမှမန္တလေးသို့ စက်ဗိုလ် ဦးဖုန်းနိုင်မောင်းနှင်လာသော စက်ခေါင်းအမှတ်DF 1372(၅၆)အစုန် အထူးအမြန်ရထားသည် ဟိုပင်ဘူတာတွင် ခေတ္တရပ်နားပြီး မိုးညှင်းသို့ဆက်လက်ထွက်ခွာလာစဉ် ဟိုပင်မြို့ တကွင်းကျေးရွာအုပ်စု တကွင်း-သဲဂုဏ်သံလမ်းကူး မိုင်တိုင်အမှတ်(၆၄၉/၁၁-၁၂)အရောက်တွင် ရထားသံလမ်း အနောက်ဘက်၌ မိုးညှင်းမြို့ဘက်သို့ ခေါင်းလှည့်၍ သံလမ်းနှင့်ဘေးချင်း ယှဉ်ကပ်လျက် ရပ်တန့် ထားသည့် စိန်ငါးပွင့်ကုမ္ပဏီ လမ်းခင်းလုပ်သား ဇင်းမင်း(ခ)ဇင်းမင်းထက် မောင်းနှင်ရပ်တန့်ထားသည့် HANGDONG အင်ဂျင်တပ် သဲကျောက်တင်အပြာရောင်ထော်လာဂျီယာဉ်နှင့် ဘေးချင်းပွတ်တိုက်မိပြီး မီးရထားစက်ခေါင်းညာဘက် စက်ဗိုလ်အတက်/အဆင်း လှေခါးသဲပိုက်နှင့် ရိုးရိုးတန်းတွဲ(၁)တွဲအမှတ် BDTEZ 12590 ၏ရှပ်တန်းတို့ပျက်စီးခဲ့ပြီး ထော်လာဂျီယာဉ်အင်ဂျင်နှင့် ဆီတိုင်ကီတို့ ပိန်ချိုင့်ပျက်စီးခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ထော်လာဂျီယာဉ်အား ရထားသံလမ်းနှင့် မလွတ်ကင်းသောနေရာတွင် ဘေးချင်းကပ်လျက် မဆင်မခြင်ရပ်တန့် ထားသော ဇင်းမင်း(ခ)ဇင်းမင်းထက် အသက်(၂၃)နှစ်လမ်းခင်းသဲကျောက် သယ်ယူပို့ဆောင်ရေး အလုပ်သမား သရက်ပင်ကံရိုးကျေးရွာ နတ်တလင်းမြို့နယ် ပဲခူးတိုင်းဒေသကြီးနေသူအား ဟိုပင်နယ်မြေရဲစခန်းမှ အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

မင်းမင်းဦး

No comments:

Post a Comment