Latest News

Wednesday, March 28, 2018

တောမီးလောင်ကျွမ်းရာမှတဆင့် ရထားလမ်းဇလီဖားတုံးများအား မီးကူးဆက်လောင်ကျွမ်းမှုဖြစ်၊ရထားလမ်းပိတ်ဆို့မှုဖြစ်ပွား

တောမီးလောင်ကျွမ်းရာမှတဆင့် ရထားလမ်းဇလီဖားတုံးများအား မီးကူးဆက်လောင်ကျွမ်းမှုဖြစ်၊ရထားလမ်းပိတ်ဆို့မှုဖြစ်ပွား


မကွေး မတ် ၂၈

          မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လေးအိမ်ကျေးရွာအုပ်စု၊လေးအိမ်ကျေးရွာ၏ အရှေ့ဘက် ကပ်လျှက်တွင် ၂၀၁၈ခုနှစ် မတ်လ ၂၇ရက်နေ့ ညနေ ၅နာရီ ၃၀မိနစ်အချိန်က တောမီးလောင်ကျွမ်းရာမှတဆင့် ရထားလမ်းဇလီဖားတုံးများအား မီးကူးဆက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

   မီးလောင်မှုဖြစ်ပွားရာသို့ နတ်မောက်မြို့နယ်မီးသတ်ဦးစီးဌာန မှ မီးသတ်ဦးစီးမှူးဦးစောမောင်နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ကျေးရွာသူ/ရွာသားတို့မှ သည် မီးငြိမ်းသတ်ယာဉ်(၁)စီးဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ညနေ ၆နာရီ ၄၀မိနစ်အချိန်တွင် မီးငြိမ်းခဲ့ပြီး တောမီးလောင်ကျွမ်းမှုကြောင့် လေးအိမ်ကျေးရွာ၏အရှေ့ဘက်ရထားလမ်း မိုင်တိုင်အမှတ် ၃၂၄/၁၂/၁၃ကြား၊ တံတားအမှတ် ၁၈၅ပေါ်ရှိ အလျား(၇)ပေ၊ အနံ(၈)လက်မ၊ ထု(၄)လက်မခန့်ရှိ ဇလီဖားတုံး(၁၅)တုံး၊ မီးလောင်ကျွမ်းပျက်စီးခဲ့ရကြောင်း သိရသည်။

     အဆိုပါမီးလောင်ကျွမ်းမှုကြောင့် တံတားပျက်စီးခဲ့သဖြင့် ကျောက်ပန်းတောင်းမှ ပျဉ်းမနားသို့ ထွက်ခွာလာသော စက်ခေါင်းအမှတ်(၁၀၆)အစုန်၊ လော်ကယ်ရထားသည်ညနေ ၄နာရီ၂၀မိနစ်အချိန် လေးအိမ်ဘူတာသို့ရောက်ရှိ ခေတ္တရပ်နားခဲ့ရပြီး ည ၈ နာရီ ၃၅မိနစ်အချိန် ရထားလမ်း ပြင်ဆင်ပြီးဆုံးသဖြင့် အဆိုပါရထားမှာ ည ၉နာရီ ၂၀မိနစ်အချိတွင် ပျဉ်းမနားဘက်သို့ ဆက်လက်ထွက်ခွာ သွားနိုင်ခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး(မကွေး)

No comments:

Post a Comment