မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့်Forever Group တို့ ဦးစီး ကျင်းပပြုလုပ်သည့် ၂ဝ၁၇ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအခက်အခဲများ၊ အတွေ့အကြုံများ နှင့်အတူ အနုပညာရှင်များ ပါဝင်ဖွဲ့စည်းထားသည့် အွန်လိုင်းလူမှုကွန်ရက်Group Chatအတွင်း ပြောဆိုသည့် အကြောင်းအရာများအပေါ် ပြန်လည်ရှင်းလင်းပြောကြားခြင်းကို မတ် ၂၆ ရက် နံနက်က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး တွင် ကျင်းပသည်။
အနုပညာရှင်များ ဖိတ်ကြားသည့် ပုံစံအား အစည်းအရုံးအဖွဲ့ဝင်များက ရှင်းလင်းရာတွင် လက်မှတ် ၃ဝဝဝ ခန့်ကို နိုင်ငံတော်အဆင့်အပါအဝင် အလွှာအသီးသီးမှ အနုပညာရှင်များ၊ အတတ်ပညာရှင်များအား စနစ်တကျ ဖိတ်ကြားခဲ့ကြောင်း ဖြေရှင်းခဲ့သည်။
''လူမှုကွန်ရက်က ကိစ္စကို ပြောရရင်တော့ အကောင့်တစ်ခုကိုများံခေု တာလားတော့ မသိဘူး။ ဒါမှမဟုတ်လည်း ဂရုဖ်ထဲက သူတစ်ဦးဦး လုပ်သလားပေါ့၊ အခုလိုပြဿနာဖြစ်အောင် သွေးဆူစေတဲ့အကြောင်း ပြောလာတဲ့ သူနှစ်ဦးရှိတယ်၊ သူတို့တွေ အခုအစည်းအဝေးမှာမပါဘူး၊ ဂရုဖ်ထဲက လူတွေက တရားစွဲပေးပါဆိုပြီး ပြောတယ်၊ ကျွန်တော် ကတော့ မလုပ်သင့်ဘူးလို့ ထင်ပါတယ်၊ အဲဒီလိုလုပ်မယ်ဆိုရင် ရှက်ရမ်းရမ်းတယ်လို့ ပြောလာကြမယ်၊ တရားစွဲခံရသူလည်း သူရဲကောင်းဖြစ်သွားမယ်၊ အကျိုးအမြတ်မရှိဘူး၊ ဘယ်သူ လုပ်တယ်ဆိုတာလည်း သိနေတာပဲ၊ သူတို့ အပေါ် ကောင်းတဲ့ ဆက်ဆံမှုမျိုးနဲ့ ဆက်ဆံပါလို့ ပြောလိုက်ပါတယ်၊ အမှန် တကယ်ပြောကြတဲ့သူတွေက သူတို့ ဟုတ်မှန်ကြောင်း တာဝန်မခံတာ သူတို့ကိစ္စပါ''ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းကပြောသည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေနှင့် ယခုဖြစ်ပေါ်နေသော ကိစ္စ များနှင့် ပတ်သက်ပြီး အနုပညာအလွှာအသီးသီးကို ဧပြီလပိုင်းတွင် ခေါ်ယူတွေ့ဆုံမည်ဖြစ်ကြောင်း၊ အစည်းအရုံးအနေဖြင့် NGO အဖွဲ့အစည်း တစ်ခု ဖြစ်တာမို့ သြဇာအာဏာသက်ရောက်မှုအနေနှင့် အားနည်းမှုရှိ ကြောင်း၊ အသိပေး၊ အကြောင်းကြားရုံလောက်သာ ပြောဆိုမှုသာရကြောင်း သိရသည်။
ကိုလင်း
No comments:
Post a Comment