Latest News

Wednesday, March 21, 2018

ကာဂျစ္စတန်နှင့် မြန်မာအသင်းတို့၏ အာရှဖလားခြေစစ်ပွဲ ယနေ့ ကျင်းပမည်

ကာဂျစ္စတန်နှင့် မြန်မာအသင်းတို့၏ အာရှဖလားခြေစစ်ပွဲ ယနေ့ ကျင်းပမည်


ရန်ကုန် မတ် ၂၁

၂ဝ၁၉ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲ အုပ်စု (က) ပြန်ကန်ပွဲဖြစ် သည့် ကာဂျစ္စတန်အသင်းနှင့် မြန်မာအသင်း တို့သည် မတ် ၂၂ ရက် (ယနေ့) မြန်မာ စံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲတွင် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ယင်းပွဲကို ဝင်ကြေးအခမဲ့ သတ်မှတ်ထားပြီး တောင်ကိုရီးယားနိုင်ငံရောက် မြန်မာ ပရိသတ်များ လာရောက်ကြည့်ရှု အားပေး နိုင်သလို ပြည်တွင်းမှ ပရိသတ်များ အတွက် လည်း ရုပ်သံများမှ တိုက်ရိုက် ပြသမည်ဖြစ်သည်။

ယင်းပွဲမှာ မြန်မာနှင့် ကာဂျစ္စတန် နှစ်သင်းစလုံးအတွက် အရေးပါသည့် ပွဲဖြစ်နေပြီး မြန်မာအသင်း အနိုင်ရပါက ခြေစစ်ပွဲအောင်မြင်ရန် အခွင့်အရေး များသွားမည်ဖြစ်သည်။ ကာဂျစ္စတန် အသင်းသည် အနိုင်ရပါက ပွဲမကုန်မီ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ပြီး သရေ ကျလျှင်လည်း ခြေစစ်ပွဲအောင်ရန် အခွင့် အရေးများသွားမည်ဖြစ်သည်။ အာရှ ဖလားခြေစစ်ပွဲ တတိယ အဆင့်တွင် အုပ်စုခြောက်ခုခွဲထားပြီး လက်ကျန် ၁၂ နေရာအတွက် ယှဉ်ပြိုင်နေခြင်းဖြစ် ကာ ရှစ်နေရာ ထွက်ပေါ်ပြီးဖြစ်သည်။ ထို့ကြောင့် လေးနေရာသာ ထွက်ပေါ် ရန် ကျန်ရှိတော့ပြီး အုပ်စု(က)တွင် ကာဂျစ္စတန်နှင့် မြန်မာ၊ အုပ်စု(ခ)တွင် မြောက်ကိုရီးယားနှင့် ဟောင်ကောင်၊ အုပ်စု(စ)တွင် ဖိလစ်ပိုင်၊ ယီမင်နှင့် တာဂျစ်ကစ္စတန်အသင်းတို့ အပြိုင်လု ရမည်ဖြစ်သည်။ ကာဂျစ္စတန်အသင်း သည် လေးပွဲကစား ခုနစ်မှတ်၊ မြန်မာ အသင်းက လေးပွဲကစား ငါးမှတ်ရထား သောကြောင့် ယင်းနှစ်သင်း ထိပ်တိုက် တွေ့ဆုံသည့် ပြန်ကန်ပွဲမှာ ခြေစစ်ပွဲအောင် မြင်ရန် အရေးပါ လာခြင်းဖြစ်သည်။ မြန်မာအသင်းနှင့် ကာဂျစ္စတန်အသင်း သည် ရန်ကုန်မြို့ရှိ သုဝ္ဏကွင်း၌ ကစား ခဲ့သည့် အာရှဖလားခြေစစ်ပွဲ ဒုတိယ အကျော့ပွဲ တွင် နှစ်ဂိုးစီသရေကျခဲ့သည်။

ယနေ့ကစားမည့်ပွဲတွင် မြန်မာ အသင်း၌ လူစုံပါဝင်နိုင်မည်ဖြစ်ပြီး နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်အနေဖြင့် စီနီယာကစားသမားများကိုသာ ဦးစား ပေးပွဲထုတ်ဖွယ်ရှိနေသည်။ မြန်မာ အသင်းသည် ယခုပွဲမတိုင်မီ ကစား သမားအစုံအလင် လေ့ကျင့်နိုင်သည့်ရက် နည်းပါးခဲ့သလို ခြေစမ်းပွဲ ကစားခွင့်မရ ခဲ့သောကြောင့် ကာဂျစ္စတန်နှင့်ပွဲအတွက် ပြင်ဆင်ရာတွင် အနည်းငယ်အခက် တွေ့ဖွယ်ရှိနေသည်။ ၂ဝ၁၇ ခုနှစ် စက် တင်ဘာ ၅ ရက်တွင် ယှဉ်ပြိုင်ကစားရ မည့် ပထမအကျော့ပွဲအား ယခုမှပြန်လည် ကစားခြင်းဖြစ်ပြီး မြန်မာအသင်းအတွက် လွန်စွာအရေးပါနေသည့်ပွဲလည်း ဖြစ် နေသည်။ ၁၉၆၈ အာရှဖလားပြိုင်ပွဲတွင် ဒုတိယရခဲ့သည့် မြန်မာ အသင်း သည် နောက်ဆုံးအဆင့်အား တစ်ကျော့ပြန် ယှဉ်ပြိုင်ခွင့်ရရန် ကာဂျစ္စတန်အသင်း အား အနိုင်ကစားနိုင်ခြင်းရှိ၊ မရှိ စောင့် ကြည့်ရ မည်ဖြစ်သည်။ ညီမြတ်သော်တာ

No comments:

Post a Comment