Latest News

Sunday, March 18, 2018

သန်လျင်ကမ်းနား(ဆိပ်ဟောင်း)မှ အုပ်သဲကျောက်လုပ်ငန်းရှင်များအား ဒေသခံပြည်သူများက ဆန္ဒထုတ်ဖော်

သန်လျင်ကမ်းနား(ဆိပ်ဟောင်း)မှ အုပ်သဲကျောက်လုပ်ငန်းရှင်များအား ဒေသခံပြည်သူများက ဆန္ဒထုတ်ဖော်

သန်လျင်   မတ်    ၁၈

    သန်လျင်မြို့ မြို့ဟောင်းအလယ်ရပ်ကွက် (ဆိပ်ဟောင်း) ရှိ အုပ်သဲကျောက်လုပ်ငန်းရှင်များအား အဆိုပါ ဗိုလ်ချုပ်နေဝင်းလမ်းရှိ ဒေသခံပြည်သူများက ဆန္ဒဖော်ထုတ်ပွဲကို မတ် ၁၈ ရက် နံနက် ၈ နာရီ မှစ၍ ဗိုလ်ချုပ်နေဝင်းလမ်းမကြီးအတိုင်း သန်လျင်မြို့မဈေးအားပတ်၍ မြို့မဘောလုံးကွင်း၌ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

    အဆိုပါ ဒေသခံပြည်သူများအနေဖြင့် အုပ်၊သဲ၊ကျောက်ယာဉ်များ ဖြတ်သန်းမောင်းနှင်မှုကြောင့် ဖုံ၊သဲအမှုန်နှင့် ဆူညံမှုများရှိကြောင်း ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်သူတစ်ဦးကပြောသည်။ ဆန္ဒဖော်ထုတ်ပွဲကို အင်အား ၆၀ ဦး ခန့်ဖြင့် နံနက် ၈ နာရီမှ ၉ နာရီခွဲအထိ သက်ဆိုင်ရာ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သက်ခိုင် (သန်လျင်)

No comments:

Post a Comment