Latest News

Tuesday, March 20, 2018

မတ္တရာမြို့နယ် ကုန်းတန်းကြီးကျေးရွာရှေ့ ဧရာဝတီမြစ်ကမ်း၌ လင်းပိုင်အသေတစ်ကောင်တွေ့

မတ္တရာမြို့နယ်  ကုန်းတန်းကြီးကျေးရွာရှေ့  ဧရာဝတီမြစ်ကမ်း၌  လင်းပိုင်အသေတစ်ကောင်တွေ့

နေပြည်တော်    မတ်   ၂ဝ

မန္တလေးတိုင်းဒေသကြီး   ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်   ကုန်းတန်းကြီးကျေးရွာရှေ့ ဧရာဝတီမြစ်ကမ်းတွင်  မတ် ၂ဝ ရက်က သက်ကြီးအရွယ်  ဧရာဝတီလင်းပိုင် အသေ တစ်ကောင်တွေ့ရှိကြောင်း  သားငှက်ထိန်းသိမ်းရေးအဖွဲ့  (မြန်မာနိုင်ငံအစီအစဉ်) - WCS မှ   သိရသည်။

ယခု     သေဆုံးလျက်တွေ့ရှိသည့် လင်းပိုင် (အမ)သည်  ခန္ဓာကိုယ်အလျား ခုနစ်ပေ၊ သုံးလက်မရှိပြီး အချို့သွားများမှာ တိုတုံး၍   အချို့သွားများမှာ   မရှိသော ကြောင့် အသက် (၃ဝမှ ၄ဝ) နှစ် ဝန်းကျင်  ရှိသော     သက်ကြီးကောင်အရွယ်ဟူ၍WCSက သုံးသပ်ထားသည်။  ဧရာဝတီ လင်းပိုင်အများစုသည်    နှစ် ၃ဝ မှ ၅ဝ အထိ သက်တမ်းရှိကြောင်းလည်း သိရ သည်။

အဆိုပါ     ဧရာဝတီလင်းပိုင်၏ အရွယ်အစားနှင့် သွားများကို လေ့လာ ခြင်းအားဖြင့်   သက်ကြီးကောင်  အဆင့် ရောက်ရှိနေပြီဖြစ်သောကြောင့် သဘာဝ အတိုင်း သက်တမ်းကုန်ဆုံး၍ သေဆုံးနိုင် သည် ဖြစ်နိုင်သကဲ့သို့ အစာအိမ်အတွင်း   ငါးအစာအပြည့်    တွေ့ရသောကြောင့် လူ့ပယောဂကြောင့် သေဆုံးခြင်းလည်း  ဖြစ်နိုင်ကြောင်း     ¤င်းအဖွဲ့က      သုံးသပ် သည်။ အဆိုပါ လင်းပိုင်၏  ခန္ဓာကိုယ် ပေါ်တွင်  သိသာထင်ရှားသော  ဒဏ်ရာ များ မတွေ့ရှိရကြောင်း  သိရသည်။

ဧရာဝတီလင်းပိုင်     ထိန်းသိမ်းရေး နှင့်    အသိပညာပေးလုပ်ငန်းများကို ငါးလုပ်ငန်းဦးစီးဌာန၊     ရေကြောင်း ရဲတပ်ဖွဲ့နှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)တို့ ပူးပေါင်း၍ ကင်းလှည့်   ပညာပေးလုပ်ငန်းများ၊ ဘက်ထရီရှော့တိုက်လုပ်ငန်းများကို ထိ ရောက်စွာ အရေးယူမှုများကြောင့် တရား မဝင်ရှော့တိုက်ငါးဖမ်းဆီးမှုများ လျော့ကျ လာသည်ကို   တွေ့ရှိနေရပြီဖြစ်သည်။ ယ
 သို့သော်လည်း        ဒေသခံများက ဧရာဝတီလင်းပိုင်သေတွေ့ရှိရာ   အနီး တစ်ဝိုက်တွင် ညအချိန်၌ ဘက်ထရီရှော့ တိုက်လှေများ  လာရောက်ဆောင်ရွက်မှု ရှိ၍     ဘက်ထရီရှော့တိုက်မှုကြောင့် သေဆုံးခြင်းလည်း    ဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။

မည်ကဲ့သို့     သေဆုံးသွားသည်ကို သိရှိသုံးသပ်နိုင်ရန်အတွက်    အဆိုပါ လင်းပိုင်သေ၏   ကိုယ်တွင်းအင်္ဂါအချို့ကို ဓာတ်ခွဲခန်းသို့    ပို့ဆောင်စစ်ဆေးလျက် ရှိကြောင်းWCSမှ   သိရသည်။
ပြီးခဲ့သည့်  ဖေဖော်ဝါရီလအတွင်းက ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့(မြန်မာနိုင်ငံအစီအစဉ်) တို့ ပူးပေါင်း၍   မ္တလေးမှ   ဗန်းမော်အထိ ဧရာဝတီလင်းပိုင် ကောင်ရေ သုတေသန စစ်တမ်းပြုလုပ်ရာ၌  ယခုနှစ်တွင်  ၇၆ ကောင် တွေ့ရှိထားသည်။ ယခုတစ်ကောင် သေဆုံးသွားသည့်အတွက်  ဧရာဝတီမြစ် တစ်လျှောက်တွင် “ဧရာဝတီလင်းပိုင်  ၇၅  ကောင်ခန့်   ကျင်လည်ကျက်စားနေ   ကြောင်းWCS၏  စစ်တမ်းများအရ သိရသည်။            

ဇင်ဦး(မြန်မာ့အလင်း)

No comments:

Post a Comment