Latest News

Monday, March 5, 2018

ရုံးပိတ်ရက်ရှည်အတွင်း မြတ်မော်တင်ဘုရားဖူးဧည့်သည်များစည်ကားလျက်ရှိ



မော်တင် မတ် ၃ရက်

မတ်လအတွင်း မြတ်မော်တင်ဘုရားဖူးပွဲတော် ပြီးဆုံးခဲ့ပေမဲ့ရုံးလေးရက်ပိတ်သောကြောင့် မြတ်မော်တင်ဘုရားနှင့်ငွေတောင်ကမ်းခြေတို့တွင် လာရောက် ဖူးမြော်အပန်းဖြေကြသူများ စည်ကားလျက် ရှိနေကြောင်း တွေ့ရသည်

ဖော်ဖေါ်ဝါရီလကုန်က မြတ်မော်တင်ဘုရားဖူးပွဲတော် ပြီးဆုံးခဲ့ပေမဲ့ မတ်လ၄ရက်နေ့အထိစည်ကားလျက်ရှိနေတာပါ

"မနှစ်ကလည်းဒီလိုပဲ ရုံးပိတ်ရက်နဲ့ ဘုရားပွဲတော်ပိတ်ရက်နဲ့ တိုက်နေရင် ခုလိုပဲစည်ကားလေ့ရှိတယ် ခုလည်းရုံးပိတ်ရက်နဲ့တိုက်ဆိုင်တော့ ဈေးဆိုင်ကိုမသိမ်းပဲဧည့်သည်တွေရှိနေသေးလို့ ဈေးရောင်းပေးနေတာ"ဟု ငွေတောင်ကမ်းခြေတွင် အုန်းသီးရောင်းနေသည့်ဈေးသည်တစ်ဦးကတိုင်းဧရာကိုပြောသည်

ဂေါ်ရန်ဂျီကျွန်းကိုလာရောက်အပန်းဖြေသူထက် ဇီးကျိုင်ကျေးရွာ ငွေတောင်ကမ်းခြေမှာလာရောက်အပန်းဖြေသူက ပိုများပြားကြောင်း၎င်းက ဆက်လက်ပြောသည်

ယခုနှစ်ဘုရားပွဲတော်သည် ယခင်ဘုရားပွဲတော်နှစ်တွေထက်စည်ကားကြောင်း ရန်ကုန် ပုသိမ် မှလာရောက် ဖူးမြော်ကြသည် ဧည့်သည်များ များပြားကြောင်း မှော်တင် ဒေသခံတစ်ဦးထံမှသိရသည်

ရုံးပိတ်ရက်ရှည်အတွင်းဧရာဝတီတိုင်းတွင် မော်တင် ချောင်းသာ ငွေဆောင် ဂေါ်ရန်ဂျီ ကျောက်မောင်နှမ ရှိကမ်းခြေကိုလာရောက်အပန်းဖြေကြသူများသည် ပင်လယ်လေညင်းခံ ကာ အုန်းရည်သောက်ခြင်း မြင်းစီးခြင်း ဓာတ်ပုံရိုက်ခြင်း ရေကူးခြင်းသဘာဝ ပင်လယ်သယံဇာတများအား လေ့လာကြခြင်း တောင်ပေါ်ဘုရားစေတီများအားဖူးမြော်ခြင်း ဖြင့် ရုံးပိတ်ရက်လေးရက် ကို စိတ်အေးချမ်းသာစွာ အနားယူအပန်းဖြေလျက်ရှိကြာင်း တွေ့ရှိရ သည်

သတင်းထောက် ရွှေရည်ဝင်း
ပိုတို ရွှေရည်ဝင်း




















No comments:

Post a Comment