Latest News

Monday, March 19, 2018

ဘာကွာနေသလဲ။ ဘာလွဲနေသလဲ


ဒီပုံထဲက သရုပ်ဆောင်တွေ မြန်မာပြည်မှာသာဆိုရင် သုံးစားလို့ရမှာမဟုတ်ဘူး။ အသားမည်းလို့ အသက်ကြီးနေလို့ ရုပ်ဆိုးလို့ kaလား နဲ့တူလို့ - စသည်ဖြင့် - ကြောင့်ဖြတ်လျှောက်နေရာတောင် ကံကောင်းမှရမှာ။
ဒါပေမယ့် ကမ္ဘာမှာတော့ ဒေါ်လာသန်းချီရတဲ့ အလေးစားခံရဆုံးထဲမှာပါတဲ့ role အကြီးကြီးတွေရနေတဲ့ မင်းသား မင်းသမီးကြီးတွေဖြစ်တယ်။ သူတို့ပါတဲ့ ရုပ်ရှင်တွေဆိုရင် ကောင်းဘို့ ၉၉% ကျိမ်းသေတယ်။

- ဘာကွာနေသလဲ။ ဘာလွဲနေသလဲ။

အနုပညာကို စားသုံးပုံမတူဘူးဖြစ်နေတယ်..
မြင်သာတာကိုကြည့်ပြီးပြောရမယ်ဆိုရင် ကျနော်တို့ဆီမှာ တစ်ခုရှိတယ်။ အသက် ၃၀ ကျော်ရင်လူကြီးစာရင်းထဲဝင်ပြီး ၄၀ နားကပ်ရင် ဇာတ်လမ်းအရကို သူ့အတွက်နေရာသိပ်မရှိတော့ဘူး။ ဇာတ်လမ်းတွေကိုက အဓိကဇာတ်ဆောင်ကို ငယ်ရွယ်သူတွေကိုပဲ တည်တာများတယ် ဆိုတဲ့သဘောပေါ့။ ရုပ်ရှင်ကြည့်ပရိတ်သတ်က ငယ်တဲ့သူများတယ်လို့ producer တွေမှတ်ထားပုံရတယ်။ လူငယ်ကြိုက်တွေကိုပဲ မရမက ဖန်တီးနေကြတယ်။ တစ်ချို့မင်းသားတွေဆိုရင် အသက်အရွယ်အရ သဘာဝမကျလဲ ဈေးကွက်ရှိတော့ မငယ် ငယ်အောင် အတင်းလုပ်ယူကြရတယ်။ ဆိုတော့ ဘယ်လိုမှကြည့်မကောင်းဘူး။ သူတို့ဆီမှာ အသက် ၃၅ ၄၀ လောက်မှ super တန်းဝင် မင်းသား မင်းသမီး စဖြစ်တာ။
နောက်တစ်ခုက လူငယ်ဇာတ်နည်းတယ် လို့ပြောလို့ရတယ်။ ဒါပေမယ့် ကျနော်တို့ဆီမှာတော့
ချောမှ နုမှ ဆိုတဲ့အစွဲရှိတော့ မျက်နှာမှာအရေးကြောင်းနည်းနည်းများလာရင် အသစ်ကိုရှာကြတယ်။ တလောကပဲ hot နေတဲ့သူက
auto ပြုတ်ကျသွားရော။
ဒါ ကွာနေတဲ့အကြောင်းအရင်းတွေထဲကတစ်ခု။

- ဘာလွဲနေလဲဆိုတာတွေးကြည့်မယ်။

လွဲတာကတော့ အခြေခံကျကျ ကို လွဲ နေတယ်။ အခုဒီ ဓါတ်ပုံတွေကိုကြည့်ပြီး မှတ်ချက် တစ်ခုချက်ခြင်းချလို့ဘာရလဲဆိုတော့ သူတို့တွေဟာ ချောမောလှပခြင်း ငယ်ရွယ်နုပျို ခြင်းကြောင့် အောင်မြင်နေတာမဟုတ်ပဲ ပညာကြောင့် အောင်မြင်နေတာဆိုတာပဲ။ ဒါပေမယ့် producer တွေကအရူးတွေမဟုတ်ဘူး။ ပိုက်ဆံကို market value မရှိပဲ million တွေချီ ပြီးမရင်းဘူး။ ဆိုတော့ သူတို့ talent တွေကို
ချ ပြလို့ရတဲ့ market ကြီးရှိတယ်ဆိုတဲ့သဘောပဲ။ လူတွေ (ပရိတ်သတ်တွေ) လက်ခံတယ်ဆိုတဲ့သဘောပေါ့။
Story-driven, Character-driven ဇာတ်တွေကိုလူတွေအဓိကထားပြီးကြည့်ကြတယ်။ ဒီ မင်းသား ဒီမင်းသ္မီး ဖြစ်ရင်ပြီးရော သူတို့ ဘာလုပ်ပြပြချစ်မှာဘဲ ဆိုတာမျိုး မရှိဘူး။ အစွဲ အဲလောက် မကြီးဘူး။ တစ်ကားလောက် အူကြောင်ကြောင်လုပ်ကြည့် နောက်ကားထိပြီဘဲ။ ကျနော်တို့ဆီမှာ ပရိတ်သတ်က တော်တော်သည်းခံ သဘောကောင်းပြီး အစွဲကြီး အချစ်ကြီးတယ်။ ဒါပေမယ့် ကြည့်လို့မရတော့ဘူးဆိုရင်တော့ အဲ့ဒီ့ မင်းသား/မင်းသ္မီး
'ပလုံ' ပဲ။ ပညာနဲ့ဆောက်တည်ထားတဲ့ အသက်မွေးဝမ်းကြောင်းမဟုတ်နေဘူးဆိုတော့ မခိုင်ဘူး။ ပြီးတော့ ပရိတ်သတ်ကိုမကြိုက် ကြိုက်အောင် စကားတွေပြောရ ချွဲရ တာလဲအမောပဲ။ အခုဆိုရင်ပိုဆိုးလာတာက FB follower များတယ် social network တွေမှာ popular ဖြစ်နေရင် ခေါ်သုံးပစ်လိုက်ရော။ Media တွေကလဲ ဝန်းရံလိုက်တော့ နေ့ချင်း ညချင်း နာမည်တွေထကြီး အလုပ်တွေထဖြစ်ကုန်ကြတော့ နောက်ပိုင်းလူငယ်တွေက အဲ့ဒီ့ လမ်းကြောင်းကိုလိုက်တာများလာတယ်။ အနုပညာကို တလေးတစား သင်ယူချင်စိတ် တတ်မြောက်လိုစိတ်တွေ မရှိကြတော့ဘူး။

အကျဉ်းချုပ်ရရင်..
- တော်တော် မတော်တော် နုမှ လှမှ demand များမှု
- Follower များရင် popular ဖြစ်ရင် တကယ်လက်တွေ့မြန်မြန်ဆန်ဆန် အောင်မြင်မှု
- Producer တွေရဲ့ ရာနှူန်းပြည့် စီးပွားရေးဆန်မှု
- Media တွေရဲ့ စာရွက်ရောင်းရရေး viewership တိုးရေးအတွက် အရည်အချင်းမရှိလဲ popular ဖြစ်တဲ့သူတွေကို ဝန်းရံမြောက်စားမှု..
တွေကြောင့် မြန်မာ့ အနုပညာ လောကဟာ ရေတိမ်မှာနစ်နေတယ် လို့ မြင်မိပါတယ်။

- Zenn Kyi

No comments:

Post a Comment