Latest News

Monday, March 19, 2018

မြောင်းမြတွင် လူငယ်ရေးရာမူဝါဒ ဆက်လက်ဖြန့်ချီ မိတ်ဆက်ရေးလူငယ်စကားဝိုင်းနှင့် ခရိုင်တာဝန်ခံ ကိုယ်စားလှယ် အသစ်ရွေးချယ်ပွဲကျင်းပ


ပုသိမ် မတ်၁၉ရက်

ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဝင် မြောင်းမြခရိုင်ကိုယ်စားလှယ်ကိုရဲပိုင် ဦးဆောင်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ လူငယ်ရေးရာမူဝါဒ ဆက်လက်ဖြန့်ချီ မိတ်ဆက်ရေးလူငယ်စကားဝိုင်းနှင့် ခရိုင်တာဝန်ခံ ကိုယ်စားလှယ် အသစ်ရွေးချယ်ပွဲအခမ်းအနားကို မတ်လ ၁၇ရက်နေ့ နံနက်၉နာရီမှနေ့လည်၁နာရီခွဲအထိကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရ ရှိသည်

လူငယ်ရေးရာစကားဝိုင်းတွင် လူငယ်များသည် နိုင်ငံအတွက် တန်ဖိုး မဖြတ်နိုင်သော မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပြန်လည်ထူထောင်ရေးစသော လူငယ်ထုနှင့်နိုင်ငံရေးအကျိုးအတွက် လုပ်ငန်းစဉ်များကို လူငယ်တွေအနေနဲ့ပူးပေါင်းပါဝင်ကြရန်ရည်ရွယ်ကြောင်း  လူငယ်ရေးရာကော်မတီဝင် မြောင်းမြခရိုင်ကိုယ်စားလှယ်ကိုရဲပိုင်ထံမှသိရသည်

"ခုပွဲလေးက လူငယ်စကားဝိုင်းလေးပါ ဒီပွဲလေးမှ လူငယ်အချင်းချင်း ဆွေးနွေးဖလှယ်သွားကြတာပေါ့ ပြီးတော့ ကျွန်တော်တော်တို့မြောင်းမြ ခရိုင်မှာလူငယ်ကိုယ်စားလှယ်နှစ်ဦးရှိတယ်တစ်ဦးက ထွက်သွားတော့ အဲလူနေရာမှ နောက်တစ်ဦးပြန်လည်ရွေးချယ်ခဲ့တာပါ "ဟု ကိုရဲပိုင်မှ တိုင်းဧရာကိုပြောသည်

အရင်မြောင်းမြခရိုင် လူငယ်ကိုယ်စားလှယ် နေရာတွင် လူငယ်အများစုရဲ့ထောက်ခံမူ့ရရှိခဲ့သည့် မြောင်းမြမြို့နေ ကိုတင်ထွဋ်အောင်ကိုခန့်အပ်ခဲ့ကြောင်း  ၎င်းကဆက်လက်ပြောကြားသည်

အဆိုပါ လူငယ်စကားဝိုင်းနှင့် ကိုယ်စားလှယ်အသစ်ရွေးချယ်ပွဲ အခမ်းအနားတွင် လူငဟ်မိတ်သဟာယ အဖွဲ့ခေါင်းဆောင် ဦးအောင်မြင့်ဦး လူငယ်ရေးရာမူဝါဒ (ပုသိမ်ခရိုင်တာဝန်ခံ)ကိုနော်လီစိုင်းအောင် နှင့် လူငယ်ရေးရာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်

လူငယ်များ၏ ကျန်းမားရေး ကြံ့ ခိုင်ရေး ပညာရေး လှူမူရေး စွမ်းရည် လူ့ကျင့်ဝတ်နှင့် လူ့တန်ဖိုး ဦးဆောင်မူ့ အရည်အသွေး စသည့် ဘက်စုံဖွံ့ ဖြိုး တိုးတက်သောလူငယ် များအဖြစ် ထူထောင်ကာ တိုးတက်ကောင်းမွန်သောနိုင်ငံသားများပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီး
လူငယ်ရေးရာကော်မတီများ ဖွဲ့စည်းခဲ့ကြောင်းသတင်းရ ရှိသည်

ယင်းအခမ်းအနားတွင်လူငယ်အင်အား၂၀ကျော်ပါဝင်ခဲ့ကြပြီးမြောင်းမြလူငယ်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ကိုရဲထွဍ်မှရန်ကုန်သို့အကြောင်းအမျိုးမျိုးကြောင့်ပြောင်းရွှေခဲ့ခြင်းကြောင့် ယခုလိုအသစ်ရွေးချယ်ခဲ့ရခြင်းဖြစ်ကြောင်းသိရသည်

သတင်းထောက် ရွှေရည်ဝင်း





No comments:

Post a Comment