Latest News

Thursday, March 1, 2018

မဒေါက်မြို့တိုက်နယ်ဆေးရုံကြီး မတ်လဒုတိယပတ်အတွင်း ဖွင့်လှစ်နိုင်ရန်စီစဉ်

မဒေါက်မြို့တိုက်နယ်ဆေးရုံကြီး မတ်လဒုတိယပတ်အတွင်း
ဖွင့်လှစ်နိုင်ရန်စီစဉ်

မဒေါက် မတ် ၁

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ နယ် မဒေါက်မြို့၌ ''အာရောဂျဒါန'' ၁၆ ခုတင်ဆံ့  သံဃနာယက ဆရာတော်ကြီး များနှင့်  တပည့်တကာများ   စုပေါင်းပြီး မဒေါက်မြို့ မြို့မ ၁ ရပ်ကွက်ရှိ တိုက်နယ် ဆေးရုံဝင်းအတွင်း၌ ဆောက်လုပ်ပြီးစီး ခဲ့ကြောင်း သိရသည်။

''အာရောဂျဒါန'' ၁၆ ခုတင်ဆံ့ကို တိုက်နယ်ဆေးရုံသစ်ကြီး ဖွင့်လှစ်နိုင်ရေး နဲ့ပတ်သက်ပြီး  မဒေါက်မြို့ဆေးရုံသစ်          ဖြစ်မြောက်ရေးကော်မတီဦးစိုးသိန်းက ''မဒေါက်မှာ  ၁၉၅၉ ခုနှစ်ကစပြီး ကျေး လက်ကျန်းမာရေးဌာနရှိခဲ့တာ၊ ၁၉၈၆ ခုနှစ်လောက်မှာ ၁၆ ခုတင်ဆံ့ တိုက်နယ် ဆေးရုံအဖြစ် အဆင့်မြှင့်တင်ဆောက်လုပ် ဖွင့်လှစ်ခဲ့တယ်၊    စတင်ဆောက်လုပ် ဖွင့်လှစ်ခဲ့တဲ့ အချိန်တုန်းက မြို့ပေါ်နဲ့အနီး ပတ်ဝန်းကျင်ကျေးရွာမှာရှိတဲ့ လူဦးရေက သိပ်မများဘူး၊ အခုလူဦးရေများပြား လာတဲ့   အချိန်မှာတော့    လူနာတွေ ကျယ်ကျယ်ဝန်းဝန်းနဲ့ ဆေးကုသနိုင်ရန် အတွက်  ဒီဆေးရုံကြီးရည်ရွယ်တည် ဆောက်ခဲ့တာဖြစ်တယ်၊ ဆရာတော်ကြီး ရဲ့ဦးဆောင်မတည်   လှူဒါန်းငွေတွေ တပည့်ဒါယကာ၊   ဒါယိကာမတွေရဲ့ စုပေါင်းလှူဒါန်းငွေတွေနဲ့   ဒီဆေးရုံ သစ်ကြီးကို ဆောက်လုပ်လှူဒါန်းတာပါ၊နိုင်ငံတော်ကလည်း ဒီဆေးရုံသစ်ကြီးကို ဖွင့်လှစ်တော့မယ်ဆိုတော့  ဆေးဝါးတွေ၊ ဆေးရုံသုံးပစ္စည်းတွေနဲ့  ပတ်သက်လို့ လိုအပ်တာတွေ  ပံ့ပိုးပေးထားတာ အခု ဆိုရင်   ဆေးရုံမှာ   ရောက်နေပါပြီ''ဟု ပြောပြသည်။

''အာရောဂျဒါန'' ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံသစ်ကြီး ဆောက်လုပ် ရေးအတွက်     ဖြစ်မြောက်အကောင် အထည်ဖော်ရေး၊ သံဃာအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်ကော်မတီများကို ဖွဲ့စည်းပြီး ၂ဝ၁၇ ခုနှစ်  နှစ်ဆန်းပိုင်းကာလပန္နက်တင် မင်္ဂလာကိုပြုလုပ်ခဲ့၍ စတင်ဆောက်လုပ် ခဲ့ရာ   ပြီးစီးခဲ့ပြီ ဖြစ်သည်။   အဆိုပါ တိုက်နယ်ဆေးရုံကြီးကို မတ် ၉ ရက်တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
                   ပိန်းဇလုပ်- သိန်းညွန့်(မြန်​မာ့အလင်း)

No comments:

Post a Comment