Latest News

Tuesday, March 20, 2018

ဝန်​ကြီးဦးဘဟိန်း

ဝန်​ကြီးဦးဘဟိန်းလက်​ထက်​က ​မြေစစ်​နဲ့ပတ်​သက်​ပြီး
မြို့နယ်​​တွေ ခရိုင်​​တွေက စိစစ်​မှု​တွေ​နှောင့်​​နှေးကြန့်​ကြာ
လို့ တိုင်း​မြေစစ်​အ​နေနဲ့ညွှန်​ကြားချက်​ထွက်​ခဲ့ပါတယ်​။
လုပ်​ငန်းစီမံချက်​​ရေးပါ။၁ လကို ၁၀ မှုပြီး​အောင်​စစ်​ပါလို့
ညွှန်​ကြားပါတယ်​။၂၀၁၇ နှစ်​လယ်​​လောက်​ကဖြစ်​ပါတယ်​။ဒီလိုနဲ့ မြို့နယ်​​တွေ ခရိုင်​​တွေက အမှု​တွေစစ်​၊အစီရင်​ခံစာ​တွေတင်​လုပ်​ခဲ့ကြပါတယ်​။ဝန်​ကြီးချုပ်​က ​တော့ အဲ့ဒီ့အချိန်​က ဒီလို​တွေညွှန်​ကြားချက်​​တွေထွက်​ဖို့ကို ၀န်​ကြီးကအကြိမ်​ကြိိမ်​​ပြော၊ကျ​နော်​တို့ကိုစည်​သူ တို့ဝိုင်း​ပြောမှ သ​ဘောတူဖြစ်​ပါတယ်​။
ဝန်​ကြီးဦးဘဟိန်းရဲ့စီမံမှု​ကြောင့်​ အမှု​တွေအများကြီး တိုင်းမှာဖြတ်​ဖို့ဖြစ်​လာပါတယ်​။သို့​ပေမယ့်​ ၀ကခက​မြေ စစ်​တစ်​ခါထိုင်​ရင်​ တစ်​မနက်​ကများပါတယ်​။
ခု ၀ကခက တိုင်းမှာဖြတ်​ဖို့အမှု​တွေများ​နေပါ​တော့တယ်​။ဒီလိုနဲ့ ၂၀၁၈ ၃ လပိုင်းမှာ ၂ ကြိမ်​ထိုင်​လိုက်​​တော့ အမှု ဟာ ၁၂၁ မှုပြီးပါ​တော့တယ်​။တကယ်​​တော့ မြို့နယ်​​တွေ ခရိုင်​​တွေ ​မြေစစ်​အမှု​တွေများများစစ်​လာ၊တင်​လာတာ ဟာ ၀န်​ကြီးဦးဘဟိန်းရဲ့ကြိုးစားမှု​တွေဖြစ်​ပါတယ်​။
ပြီး​တော့ ၀န်​ကြီးဦးဘဟိန်းဟာ ​မြေသိမ်းမှု​တွေကိုတရား မျှတမှုရှိ​အောင်​ ကြိုးစား​လေ့ရှိပါတယ်​။ဗဟို​မြေစစ်​ကို မူဝါဒ​ရေးရာသ​ဘောထားခံယူမှု​တွေကို ကိုယ်​တိုင်​လက်​မှတ်​​ရေးထိုးပြီးတင်​ပါတယ်​။ဗဟိုက ခု ပြန်​ကျပါတယ်​။
ကျပုံက တိုင်းကညှိပါတဲ့။ပြတ်​ပြတ်​သားသားမူ​တွေမချ နိုင်​ပါဘူး။ဥပမာ ၁၉၈၈ ခုနှစ်​ဒီမှာဘက်​ရှိ တာဝန်​မ​ကျေလို့ဆိုပြီး ရ၀တ ရယက ​တွေ​မြေသိမ်းတာ၂၀၀၄ ထိ ရှိ​ကြောင်း၊၁၉၇၇ ပုဂ္ဂလိကလုပ်​ငန်းလုပ်​ကိုင်​ခွင့်​ဥပ​ဒေ၊ကို ၁၉၈၈ ခုနှစ်​မှာပြည်​သူ့လွှတ်​​တော်​အမှတ်​ ၅ နဲ့ပယ်​ပြီး
သည့်​​နောက်​ပိုင်းတွင်​ ၃/၇၈ ၊၄/၇၈ ​တွေပျက်​ပြယ်​သွား ပြီး တာဝန်​မ​ကျေလို့​မြေသိမ်းသည့်​ကိစ္စများဟာ ဥပ​ဒေအရ မလုပ်​သင့်​မလုပ်​အပ်​သည့်​ကိစ္စများဖြစ်​​ကြောင်း၊
ဒီလိုကိစ္စမျိုးကို လွှတ်​​တော်​ကိုယ်​စားလှယ်​​တွေ ၊လယ်​သမားကိုယ်​စားလှယ်​​တွေက တရားမျှတမှုရှိ​အောင်​ဆုံး ဖြတ်​တာကို ဗဟိုရဲ့အစည်း​ဝေးဆုံးဖြတ်​ချက်​အရဥပ​ဒေအရသာ ​ဖြေရှင်းရမည်​ဖြစ်​​ကြောင်းညွှန်​ကြားလို့ လယ်​​မြေဆို ၂၀၁၂ လယ်​ယာ​မြေဥပ​ဒေအရ၊မူလမှုခင်းဖွင့်​၍ စစ်​​ဆေးကြ​ကြောင်း၊ထိုအခါ ​မြေသိမ်းခံ​မြေမဲ့ယာမဲ့သမား ​တွေဟာ ဗဟိုလယ်​စီရဲ့ညွှန်​ကြားချက်​များအရရှုံးပြီးရင်း ရှုံးမှာဖြစ်​​ကြောင်း တင်​ပြ​ပေးခဲ့တာ​တွေရှိပါတယ်​။
ဗဟို​မြေစစ်​က​တော့ ပြတ်​ပြတ်​သားသားဘာမှလမ်းညွှန်​ တာမရှိခဲ့ပါ။ကျ​နော်​တို့ ​မြေစစ်​အစည်း​ဝေးတိုင်း၊​ရေချိုငါး လုပ်​ငန်းဥပ​ဒေထဲမှာ CF အတွက်​​ပြောကြတိုင်း ဆရာ့ကိုသာပိုပို သတိရ​နေကြပါတယ်​။ကျ​နော်​တစ်​​ယောက်​တည်းမဟုတ်​ပါ။ကိုစည်​သူတို့ ကိုမျိုးသန့်​တို့ပါ သတိတရရှိကြပါတယ်​။ခု​တော့ ဆရာဖြစ်​​စေချင်​တဲ့အလုပ်​ပြီး​မြောက်​မှု​တွေရှိလာကြတာ​တွေ့ရပါတယ်​။
တကယ်​​တော့ ဆရာဦးဘဟိန်းဟာ​မြေစစ်​အလုပ်​လယ်​စီအလုပ်​​တွေကိုဥပ​ဒေကန့်​သတ်​မှု​တွေ၊မူကန့်​သတ်​မှု​တွေ ကြားက​နေ ရသ၍တရားမျှတမှုကိုရှာ​ဖွေခဲ့တဲ့သူ ဖြစ်​ပါတယ်​။ဒါကို ကျ​နော်​တို့ကဆက်​လက်​အ​ကောင်​အထည်​​ဖော်​ချင်​​နေမိပါတယ်​။ဒါ့​ကြောင့်​ တိုင်​ပင်​ထားကြတယ်​။ဗဟို​မြေစစ်​ဆီကို တိုက်​ရိုက်​တစ်​သွယ်​၊သွယ်​၀ိုက်​ပြီး လွှတ်​​တော်​ကအဆို​တွေ​မေးခွန်းး​တွေ​မေးပြီးတရားမျှတမှု အမြန်​ရှာဖို့ ဆုံးဖြတ်​ထားကြပါတယ်​။

No comments:

Post a Comment