မိတ္ထီလာမတ် ၂၅
မိတ္ထီလာတွင် တရားမ၀င်လုပ်သေနတ်ကိုင်ဆောင်သူ မတ်လ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၅၅ မိနစ်အချိန်ကအမှတ် (၂)
နယ်မြေရဲစခန်းကအမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။
ဖြစ်စဉ်မှာမိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် မိုးထက်နိုင် (ဦးစီး-၁ ဌာနစိတ် )သည် ခရိုင်ရဲတပ်ဖွဲ့တွင် တာဝန်မှူးတာဝန်ထမ်း
ဆောင်နေစဉ် တရားမ၀င် လုပ်သေနတ်ကိုင်ဆောင်နေကြောင်းသတင်းရရှိသဖြင့် ဦးစီး-၁ ဌာနစိတ်မှ တပ်ဖွဲ့ဝင်များ၊ အမှတ် (၂)
နယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်ကြပ်ရဲအောင်၊ အသိသက်သေများ နှင့် အတူသွားရောက်ကြည့်ရှု့ စစ်ဆေးခဲ့သည်။ ထိုသို့ ကြည့်
ရှု့ စစ်ဆေးရာ ၀န်ဇင်းရပ်ကွက် နယ်မြေ ( ၃) ဒေါ်မူ ၆၈ နှစ် ၏ နေအိမ်ဈေးဆိုင်တွင် ကျော်မင်းထွန်း ၂၇ နှစ်
(ဘ) ဦးညွှန့်မောင် ရန်မျိုးအောင်ရပ်ကွက် နယ်မြေ (၉ ) ထံမှ သစ်သားကိုယ်ထည်နှင့် ဒင်အရှည် ၂ ပေ ၊ ၃ လက္မ ၊ လေအိုးအနီ
ရောင် ၊ လေပိုက်အစိမ်းရောင်အရှည် ၁ ပေ ၅ လက္မ ၊ သံလုံးပြောင်းအရှည် ၁ ပေ ၁၁ လက္မ ၊ လုံးပတ် လက်သန်းလုံးခန့် ၊ ခဲဘော
သီးထည့်ပစ် ရသည့် လုပ်သေနတ် တစ်လက်ကိုစစ်ဆေးတွေ့ရှိရသည်။ ၄င်းကို စစ်ဆေးမေးမြန်းရာထိုလုပ်သေနတ်မှာကိုင်ဆောင်
ခွင့် လိုင်စင်တစ်စုံတစ်ရာမရှိဘဲ လက်ဝယ်ကိုင်ဆောင်ထားသည်ကို တွေ့ရသဖြင့် တရားမ၀င် လုပ်သေနတ်ကိုင်ဆောင်သူကျော်
မင်းထွန်းအားဥပဒေအရအရေးယူပေးရန် ဒုရဲအုပ် မိုးထက်နိုင် က တရားလိုပြုလုပ် တိုင်တန်းသဖြင့် နယ်မြေရဲစခန်းကအမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။
ချမ်းသာ(မိတ္ထီလာ)
No comments:
Post a Comment