Latest News

Wednesday, March 21, 2018

သမ္မတကြီး ဦးထင်ကျော်၏ နေ့စွဲမှတ်တမ်း

သမ္မတကြီး ဦးထင်ကျော်၏ နေ့စွဲမှတ်တမ်း  

■မတ်-၁၅-၂၀၁၆

ပြည်ထောင်စု လွှတ်တော်မှာ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒုသမ္မတ အဖြစ် တင်မြှောက်ထားတဲ့ ဦးထင်ကျော်ကို  မဲအရေအတွက် ၃၆၀ မဲနဲ့ မြန်မာနိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်။

■မတ်-၁၈-၂၀၁၆

နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက် ခံထားရသူ ဦးထင်ကျော် ပြည်ထောင်စု လွှတ်တော်သို့ လာရောက်ပြီး ပြည်ထောင်စု အစိုးရ ဝန်ကြီးဌာန အရေအတွက်၊ အမည်နှင့် ပြည်ထောင်စု ဝန်ကြီး ဦးရေ သတ်မှတ်ချက်တင်ပြ။

■၃၀-မတ်-၂၀၁၆

နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာပြည်ရဲ့ ပထမဆုံး ရွေးကောက်ခံ အရပ်သား သမ္မတသစ် ဦးထင်ကျော်ဟာ ပြည်ထောင်စုလွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆို ကတိသစ္စာပြုပြီးနောက် ပထမဆုံးအကြိမ်သမိုင်းဝင် မိန့်ခွန်းပြောကြား။

■ ၁၇-ဧပြီ- ၂၀၁၆

သမ္မတ ဦးထင်ကျော်က မြန်မာနှစ်ဆန်း တရက်နေ့တွင် နှစ်သစ်ကူး နှုတ်ခွန်းဆက် စကား  မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား ကနေ ပြည်သူလူထုကို ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြား။

■ ၂၁-ဧပြီ-၂၀၁၆

နိုင်ငံတော် သမ္မတ ဦးထင်ကျော် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးရှိ နှလုံးသွေးကြော ရောဂါ စမ်းသပ်ခန်းတွင် လာရောက်ပြီး စစ်ဆေးမှုခံယူ။

■၆-မေ-၂၀၁၆

အစိုးရသစ်ရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ် အဖြစ် သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့ လာအိုနိုင်ငံသို့ ချစ်ကြည်ရေး ခရီး သွားရောက်။

■ ၁၈-မေ-၂၀၁၆

နိုင်ငံတော် သမ္မတ ဦးထင်ကျော်ဟာ အာဆီယံ-ရုရှား နှစ် ၂၀ ပြည့် ထိပ်သီး စည်းဝေးပွဲ တက်ဖို့ ရုရှားနိုင်ငံ ဆိုချီမြို့ကို သွားရောက်။

■ ၁၅-ဇူလိုင်-၂၀၁၆

မွန်ဂိုလီးယားနိုင်ငံ မြို့တော်အူလန်ဘာတာတွင် ဇူလိုင် ၁၅ ရက်နေ့က စတင်ကျင်းပတဲ့ ၁၁ ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေးပွဲကို မြန်မာသမ္မတ ဦးထင်ကျော် ပါဝင်တက်ရောက်။

■ ၁၉-သြဂုတ်-၂၀၁၆

ဧရာဝတီတိုင်း ဒေသကြီး ၊ ကျုံပျော်မြို့နယ် ၊ အင်းရဲကျွန်းကျေးရွာရှိ ရေဘေးရှောင် ပြည်သူတွေကို သမ္မတ ဦးထင်ကျော် ကိုယ်တိုင်  လှေနဲ့ သွားရောက် ကြည့်ရှု ထောက်ပံ့ပစ္စည်းများ ပေးအပ်။

■ ၂၅-သြဂုတ်-၂၀၁၆

အင်အားပြင်း ငလျင်လှုပ် ဒဏ်ကြောင့် ထိပျက်စီးသွားတဲ့ ပုဂံရှေးဟောင်း ဘုရား စေတီတွေကို ကြည့်ရှု စစ်ဆေးနိုင်ဖို့ အတွက် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ အစိုးရအဖွဲ့  တာဝန်ရှိသူတွေ ပုဂံဒေသကို သွားရောက်။

■ ၂၇-သြဂုတ်-၂၀၁၆

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ဇနီး ဒေါ်စုစုလွင်တို့ အိန္ဒိယ သမ္မတ ပရာနက်မူခါဂျီရဲ့ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံကို ၄ ရက်ကြာ ချစ်ကြည်ရေး ခရီးသွားရောက်။

■ ၂၅-အောက်တိုဘာ-၂၀၁၆

ဗီယက်နမ်က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပတဲ့ ၈ ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ထိပ်သီး အစည်းအဝေး၊ ၇ ကြိမ်မြောက် အက်မက်စ် ထိပ်သီး အစည်းအဝေးနဲ့ မဲခေါင်ဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ်ကိုပါ ၀င်တက်ရောက်။

■၉-နိုဝင်ဘာ-၂၀၁၆

မြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော်က နတ်ရွာစံ ထိုင်း ဘုရင်မင်းမြတ် ဘူမိဘောကို ဘန်ကောက်မြို့ရှိ   ထိုင်း ဘုရင့်နန်းတော် Dusit Maha Prast Throne Hall မှာ သွားရောက် ဂါရ၀ပြု လွမ်းသူ့ပန်းခွေချ။

■၂၇-ဇန်န၀ါရီ-၂၀၁၇

မန္တ​လေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ MIIT အတွင်းမှာ ကျင်းပတဲ့ ကလေးစာပေပွဲတော်ကို နိုင်ငံတော်သမ္မတဦးထင်ကျော် တက်ရောက်ဖွင့်လှစ်။

■၃-ဖေဖော်ဝါရီ- ၂၀၁၇

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးတို့ ကမ္ဘောဒီးယားနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ် သွားရောက်။

■၆-ဧပြီလ- ၂၀၁၇

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဇနီးဒေါ်စုစုလွင်တို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီး ထွက်ခွာ။

■၃-မေ-၂၀၁၇

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ကျန်းမာရေး မကောင်းလို့ ရာထူးက နုတ်ထွက်စာ တင်ထားတယ်ဆိုတဲ့ လူမှုကွန်ရက်မှာ ပျံ့နေတဲ့သတင်းတွေ  မဟုတ်မှန်တဲ့ အကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွန်ကြားရေးမှူးချပ် ဦးဇော်ဌေးက ဒီဗွီဘီကို ပြောကြား။

■၈-စက်တင်ဘာ-၂၀၁၇

သမ္မတဦးထင်ကျော်ဟာ ဘန်ကောက်မြို့ကို သွားရောက်ပြီး ဆေးစစ်ခံယူရာမှာ အူလမ်းကြောင်းမှာ (Colonic Polyp)တွေ့ရှိခဲ့လို့ အူလမ်းကြောင်းဆိုင်ရာ ခွဲစိတ်ကုသမှုခံယူ။

■၁၅-စက်တင်ဘာ-၂၀၁၇

နှစ်ပေါင်းများစွာ ဒီမိုကရေစီ ဆိတ်သုဉ်းနေခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ တည်ဆောက်ရေးဟာ ကာလရှည်ကြာ အချိန်ယူရမယ့် ခရီးရှည်ကြီးတခု ဖြစ်တယ်လို့ သမ္မတ ဦးထင်ကျော်က အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာပြောကြား။

■၂၆-အောက်တိုဘာ- ၂၀၁၇

သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာကျင်းပတဲ့ ထိုင်းဘုရင်ဘူမိဘော အဒူလျာဒက်ဂ်ျရဲ့ တော်ဝင်ဈာပန အခမ်းအနားသို့ တက်ရောက်။

■၁၃-ဒီဇင်ဘာ-၂၀၁၇

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့  ဇနီးဒေါ်စုစုလွင်တို့ တိုကျိုမြို့မှာ ကျင်းပမယ့် Universal Health Coverage Forum အဆင့်မြင့်အစည်းအဝေးကို တက်ရောက်ဖို့နဲ့ ဂျပန်-မြန်မာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဂျပန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ သွားရောက်။

■၁-ဇန်န၀ါရီ-၂၀၁၈

ရွှေတိဂုံစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာနဲ့  ပင့်သံဃာတော် အပါး ၁၈၀၀၀အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း မင်္ဂလာအခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်တက်ရောက်။

■၄-ဇန်န၀ါရီ-၂၀၁၈

လွတ်လပ်ရေးနေ့မှာကျင်းပတဲ့ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ထူးဆောင် ဘွဲ့များ ပေးအပ်ချီးမြှင့်။

■၉-ဇန်န၀ါရီ-၂၀၁၈

အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော် အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၁၈) အစည်းအဝေးသို့ တက်ရောက်အမှာ စကားပြောကြား။

■၁၂-ဇန်န၀ါရီ-၂၀၁၈

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဇနီး ဒေါ်စုစုလွင်တို့ ကချင်ပြည်နယ် မချမ်းဘောမြို့နယ်ရှိ ကောင်းမှုလုံ စေတီတော်ကို သွားရောက် ဖူးမြော်ကြည်ညို။

■၁၃-ဖေဖော်ဝါရီ-၂၀၁၈

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) တွင် မွန်ပြည်သစ် ပါတီနဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံးတို့ ပါဝင် လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပ

■၁-မတ်-၂၀၁၈

၂၀၁၈ ခုနှစ် သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် ပူဇော်ပွဲနဲ့ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ မဟာ မင်္ဂလာ အခမ်းအနားကို နေပြည်တော် ဥပ္ပါတသန္တိ စေတီတော် ပရိဝုဏ်ရှိ သာသနာ့ မဟာ ဗိမာန်မှာ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပါဝင် တက်ရောက်။

■၆-မတ်-၂၀၁၈

၂၀၁၆ - ၂၀၁၇ စည်းကြပ်နှစ် အတွက် ၀င်ငွေခွန်နှင့် ကုန်သွယ် လုပ်ငန်းခွန်  အများဆုံး ပေးဆောင်ခဲ့သူတွေကို သမ္မတက ဂုဏ်ထူးဆောင်ဆုနဲ့ ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်။

■၂၁-မတ်-၂၀၁၈

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော်ဟာ လက်ရှိ အလုပ် တာဝန်တွေကနေ အနား ယူလိုတာကြောင့် ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့မှ စ၍ နိုင်ငံတော် သမ္မတ ရာထူးမှ နုတ်ထွက်သွားကြောင်း သမ္မတရုံး ကြေညာ။

ဒီဗွီဘီ

No comments:

Post a Comment