Latest News

Wednesday, March 28, 2018

အကယ်ဒမီဆုရှင် မမတာရဲ့ မွှေချက်ကလွန်လွန်းတယ် ကြည့်ရှုနိုင်မည်

အကယ်ဒမီဆုရှင် မမတာရဲ့ မွှေချက်ကလွန်လွန်းတယ် ကြည့်ရှုနိုင်မည်

အောင်တိုင်းကျော်      ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်သည့်   ဇာတ်လမ်းဂေါ်စိန်၊ ဇာတ်ညွှန်း ကိုကျော်၊   ဒါရိုက်တာကျော်ဇောလင်း(အတွေး ပုံရိပ်) ရိုက်ကူးသည့် မွှေချက်ကတော့ လွန်လွန်း တယ် ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းပွဲကို သမ္မတ ရုပ်ရှင်ရုံတွင် မတ် ၂၆ ရက် နံနက်က ပြသခဲ့သည်။ ကြည့်ရှုသူမိဘပြည်သူများ    ဘဝအမောများ ပြေပျောက်စေရန်   ရည်ရွယ်ရိုက်ကူးထားသည့် ပျော်ရွှင်ဖွယ်ဇာတ်ကားတစ်ကားလည်း ဖြစ်သည်။

အဆိုပါ ဇာတ်ကားတွင် နေတိုး၊ သက်မွန်မြင့်၊ ယွန်းရွှေရည်၊ အောင်ခိုင်၊ ဝါဝါအောင်၊ ဟိန်းမင်း၊ ဇင်မျိုး၊ ကင်းကောင်၊ ငှက်ပျောကြော်၊ ညောင် ညောင်၊ ဦးအောင်လွင်စသည့် အနုပညာရှင်များစွာ ပါဝင်ပြီး ဖိုက်စတားအဖွဲ့လည်း ပါဝင်ရိုက်ကူးထား ကာ မတ် ၃ဝ ရက်တွင် တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံ များတွင် ရုံတင်ပြသသွားမည်ဖြစ်သည်။
''ကျွန်တော်က   ပရိသတ်ကို   အမြဲတမ်း ပျော်စေချင်တဲ့ ဆန္ဒကြောင့် အမြဲလိုလို ဟာသ ကားလေးတွေပဲ ရိုက်ပါတယ်၊ အခုကားမှာလည်း ပျော်စရာလေးတွေ ကျွန်တော်ဖန်တီးထားတယ်၊ မရယ်ရရင် ကြိုက်သလို ဝေဖန်နိုင်ပါတယ်၊ ဇာတ် ကားထဲမှာ ရွှေတိုး(နေတိုး)ဆိုတဲ့ လူငယ်လေးက ရွာရဲ့ ကာလသားတစ်ယောက်ပါ၊ အလုပ်ဆိုတာ သူအနေနဲ့ လက်ကြောတင်းအောင်လုပ်ကိုင်တတ် သူမဟုတ်ဘဲ ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေတဲ့ သူ၊    တစ်ရွာထဲနေ   ရွာလူကြီးရဲ့သမီး ဝတ်မှုံ (သက်မွန်မြင့်)ကို ချစ်ခွင့်ပန်၊ နောက်တစ်ရွာတည်း နေတဲ့ စုစု(ယွန်းရွှေရည်)ကလည်း   ရွှေတိုးကို  တိတ်တခိုးကြိုက်နေသူ ၊ ရွာထဲမှာ ပတ်မွှေနေတတ် တဲ့ ရွှေတိုးကို   ဘယ်မိဘကမှ   သဘောမတွေ့၊ တစ်နေ့တော့ ရွာမှာ ဇာတ်ကားရိုက်ဖို့လာတဲ့ ရုပ်ရှင် အဖွဲ့ကို  ရွှေတိုးက မွှေနှောက်လိုက်တာမို့ ရွာ မျက်နှာပျက်ရတယ်ဆိုပြီး ရွာတစ်ရွာလုံးက ပစ်ပယ်  လိုက်ကြတယ်၊ ဒါပေမယ့်  တစ်နေ့  ဒါရိုက်တာ တစ်ယောက် ရထားတိုက်မလိုဖြစ်တာကို ရွှေတိုးက  ကယ်တင်ပေးခဲ့တယ်၊    အဓိကပြောချင်တာက လူငယ်တွေဆိုပေမယ့် ပတ်ဝန်းကျင်အပေါ် ကောင်း ကျိုးပြုတဲ့ စိတ်ဓာတ်လေးတွေ  ရှိနေတတ်တယ် ဆိုတာကို ပြချင်တာပါ''ဟု ဒါရိုက်တာ ကျော်ဇော လင်း(အတွေးပုံရိပ်)က ပြောသည်။      

ကိုလင်း

No comments:

Post a Comment