Latest News

Wednesday, March 28, 2018

ဦးဝင်းမြင့် ဆန္ဒမဲပေးခွင့်ရှိ၊ မရှိ ခုံရုံးက ဆုံးဖြတ်ရမည်

ဦးဝင်းမြင့် ဆန္ဒမဲပေးခွင့်ရှိ၊ မရှိ ခုံရုံးက ဆုံးဖြတ်ရမည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ
(၂၀ဝ၈ ခုနှစ်)၊ ပုဒ်မ ၆၃ တွင် နိုင်ငံတော်သမ္မတ သို့မဟုတ်
ဒုတိယ သမ္မတများသည် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လျှင်
လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှလည်းကောင်း၊ နိုင်ငံ့ဝန်
ထမ်းဖြစ်လျှင် နိုင်ငံ့ဝန်ထမ်းအဖြစ်မှလည်းကောင်း နိုင်ငံတော်
သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်
တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ နုတ်ထွက်ပြီး သို့မဟုတ်
အငြိမ်းစားယူပြီးဖြစ်သည်ဟုမှတ်ယူရမည်ဟု ပြဋ္ဌာန်းထား
ပါသည်။

သို့ဖြစ်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း နှင့် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဒုတိယသမ္မတဦးဝင်းမြင့်သည် ၂၀၁၈
ခုနှစ် မတ်လ(၂၈) ရက်နေ့ ကျင်းပခဲ့သော ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်၊ ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်၊
နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိမည်
မဟုတ်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်အရ  နိုင်ငံတော်
သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်း
ခံရသည့်နေ့မှစ၍ဟုဆိုလိုရင်းမှာ သိသာရှင်းလင်းပြီးဖြစ်ပါသည်။

အကယ်စင်စစ် မဲပေးခွင့်ရှိ၊ မရှိနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံ
ဥပဒေဆိုင်ရာခုံရုံးက အဆုံးအဖြတ်ပေးရမည်ဖြစ်ပါသည်။ ၂၀၁၆
ခုနှစ် သမ္မတရွေးကောက်ပွဲကျင်းပခဲ့စဉ်ကလည်း ထိုသို့ မဲပေးခဲ့သည်
ဆိုလျှင် အဆိုပါအချက်ကို ခုံရုံးက ပြန်လည်ကြားနာပြီး၊ အဆုံးအ
ဖြတ်ပေးရမည်ဖြစ်ပါသည်။ တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေပါပြ
ဋ္ဌာန်းချက်နှင့်မဆီမလျော်ဖြစ်နေသည်မှာ ငြင်းမရသောအချက်ပင်
ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်ကို ဖွဲ့စည်းပုံအခြေ
ခံဥပဒေဆိုင်ရာခုံရုံးကသာ ကြားနာ၊ အဆုံးအဖြတ်ပြုနိုင်မည်ဖြစ်
ပါသည်။ လွှတ်တော်ဥက္ကဋ္ဌသည်ပင် အဆုံးအဖြတ်မပြုနိုင်ဟုနား
လည်မိပါသည်။ သမိုင်းတွင် အလွဲအချော်၊ အလွဲအမှားမဖြစ်စေလို
သောသဘောဖြင့် ဝေဖန်ထောက်ပြခြင်းဖြစ်ပါသည်။

လေးစားလျက်-

ဒေါက်တာရန်မျိုးသိမ်း
ရန်ကုန်၊ မြန်မာ။

No comments:

Post a Comment