Latest News

Saturday, March 10, 2018

လိင်ပညာပေးလုပ်ငန်းများကိုကျေးလက်များတွင် ဆောင်ရွက်ဖို့ ဒေါက်တာခိုင်မြတ်ဝင်းတိုက်တွန်း

လိင်ပညာပေးလုပ်ငန်းများကိုကျေးလက်များတွင် ဆောင်ရွက်ဖို့ ဒေါက်တာခိုင်မြတ်ဝင်းတိုက်တွန်း

လိင်နှင့်ပတ်သတ်သော ပညာပေးလုပ်ငန်းများကို ကျေးလက်များတွင် ထိထိရောက်ရောက် အကောင်ထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း ရန်ကုန် ပန်းလှိုင် ဆေးရုံကြီးမှ သားဖွားမီးယပ် အထူးကုဆရာဝန် ဒေါက်တာခိုင်မြတ်ဝင်းကတိုက်တွန်းပြောဆိုသည်.။
မတ်လ (၁၀)ရက်နေ့ ကပုသိမ်မြို့ တော်ခန်းမတွင်  ပြုလုပ်သော လူထု အခြေပြု ကျန်းမာရေးအသိပညာပေး ဟောပြောပွဲတွင် ပြောကြားခဲ့ ခြင်းဖြစ်သည်။

“သည်ခေတ် ဆယ်ကျော်သက်အရွယ်မိန်းကလေးတွေ အတွက် ဒီလို ပညာပေးလုပ်ငန်းတွေ အထူးလိုအပ်ပါတယ် “ဟု ၄င်းကပြောသည်။
အသိမပေးခြင်းဖြင့် မည်သို့  ကာကွယ်ဆောင်ရွက်ရမည်ဟူသော အချက်များကို မြန်မာအမျိုးသမီတွေ သိရှိခြင်းမရှိကြောင်း ဒေါက်တာခိုင်မြတ်ဝင်းကပြောသည်။

“အဲ့ တော့ ဗိုက်တွေ ဖြစ်လာတယ် ဖျက်ချကြတယ် အခက်မသင့် လူပါသေကုန်ကြတယ် “နောက်ဆက်တွဲတွေကအများကြီးပါပဲ ဟု ၄င်းကထောက်ပြသည်.။

မြန်မာနိုင်ငံတွင် လိင်ပညာပေး မှုသင်ခန်းစာများကို သင်ရိုးညွန်းတမ်းတွင် ထည့် သွင်းသင်ကြားခြင်းမရှိသော အခြားနိုင်ငံများတွင် သင်ကြားကြသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း ကျောင်းသင်သင်ခန်းစာများတွင် ထည့် သွင်းသင်ကြားရန်လူမှု အဖွဲ့ အစည်းများကလည်းပြောဆိုလာသည်။သို့ သော်လည်းမအောင်မြင်သေးပေ။

“ကျွန်တော်မြင်တာကတော့ မသိတာထက်စာရင် သိတာကပိုကောင်းတာပေါ့ ဖြစ်မှ လုပ်တာထက် မဖြစ်ခင် ဘယ်လိုကာကွယ်ကြမလဲဆိုတာ က အသင့်တော်ဆုံးပေါ့ ဒါတွေက ကျယ်ကျယ့်ပြန့် ပြန်လုပ်ရမှာဖြစ်သလို ကျောင်းသင် သင်ရိုးညွန်းတမ်းတွေမှာပါ ထည့် သွင်းသင်သင့်ပါတယ်”ဟုကျောင်းဆရာတစ်ဦးကပြောသည်။

ဇွဲထက် ဥာဏ်

No comments:

Post a Comment