Latest News

Friday, March 9, 2018

ရခိုင်သင်္ကြန်ကို ငွေကျပ်သိန်းသုံးရာကုန်ကျခံဆောင်ရွက်မည်

ရခိုင်သင်္ကြန်ကို ငွေကျပ်သိန်းသုံးရာကုန်ကျခံဆောင်ရွက်မည်

ဒုတိယအကြိမ်မြောက်ကျင်းပမည့် ရခိုင်ရိုးရာသင်္ကြန်ကို ငွေကျပ် သိန်းသုံးရာခန့်  အကုန်ကျခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်စောက တိုင်းဧရာကိုပြောသည်.။

“ကိုယ့်လူမျိုး ရဲ့ ရိုးရာ ဓလေ့ ကိုထိမ်းသိမ်းတတ်စေဖို့ ရည်ရွယ်ဆောင်ရွက်တာ ပါ “ဟု ၄င်းကပြောသည်။ယခုနှစ် ရခိုင်ရီုးရာသင်္ကြန်ပွဲတွင် ထူးခြားသည့် အစီအစဉ်တစ်ရပ်အနေဖြင့် ရခိုင်ရိုးရာ ရထားဆွဲပွဲကိုပါ ထည့် သွင်းကျင်းပသွားမည်ဖြစ်ကြောင်းလည်း ၄င်းကဆက်ပြောသည်။

ရခိုင်သင်္ကြန်၏ သဘောသဘာဝသည် မဏ္ဍပ် အလယ်တွင် ရေအပြည့်တင်ထားသော လောင်းလှေကိုထားကာ ခရာမှုတ်အချက်ပေးလိုက်သည်နှင့် ယောက်င်္ကျားလေးနှင့် မိန်းကလေးတို့ သည် မျက်နှာချင်းဆိုင်၍ ရေခွက်များဖြင့် ရေပက်ကြခြင်းဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ရခိုင်တိုင်းရင်းသား တစ်သိန်းကျော်ခန့် နေထိုင်လျှက်ရှိသည်.။

ဇွဲထက်ဥာဏ်

No comments:

Post a Comment