Latest News

Saturday, March 10, 2018

မကွေးကဆင်းလာပြီး ငပုတောမှာ ဆင်လာပစ်တဲ့ ဆင်မုဆိုးအဖွဲ့ကိုဖမ်းမိ



9.3.2018 ရက်နေ့ညဦးပိုင်း ငပုတောမြို့နယ်မှ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့်
ဆင်ပစ်မုဆိုးများအား သစ်တောရဲ/ ငရုတ်ကောင်းနယ်မြေခံရဲ/ ရပ်ကျေးအဖွဲ့/မြန်မာ့သစ်လုပ်ငန်းမှ EERU အဖွဲ့ဝင်များ/ ကျွန်တော်တို့ (Friends Of Wildlife) အဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဆင်ပစ်မုဆိုးများကို ဆင်များအသတ်မခံရမှီ ဖမ်းဆီးနိုင်ခဲ့သည်။ တနည်းအားဖြင့် ဆင်ပစ်မုဆိုးများအား အဖွဲ့အစည်းပေါင်းစုံ၏ ချိတ်ဆက်မှုအားကောင်းစွာဖြင့် လက်ဦးမှုရယူနိုင်ခဲ့ခြင်းပင်ဖြစ်လေသည်။ အဖမ်းခံရသည့် တရားခံတို့၏ မိသားစုများအတွက် စိတ်မကောင်းဖြစ်မိသော်လည်း မျိုးသုန်းလုနီးပါး အန္တရာယ် ရင်ဆိုင်နေရသော ဧရာဝတီတိုင်း ဒေသကြီးမှ မြန်မာ့တောဆင်ရိုင်းများအား ဆင်သတ်မုဆိုးများရန်မှ ကာကွယ်နိုင်ခဲ့သောကြောင့် ပူးပေါင်းပါဝင်သောအဖွဲ့များအတွက် များစွာ ဂုဏ်ယူမိနေပါတော့သည်။ ကျက်စားရာ နယ်မြေများကျဉ်းမြောင်းလာမှု/ အစာရေစာ ရှားပါးလာမှု/ အစွယ်နှင့် အရေပြားများအတွက် မျိုးသုန်းလုနီးပါး အမဲလိုက်သတ်ဖြတ်ခံနေရမှု စသည့် စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်နေရသော မြန်မာ့တောဆင်ရိုင်းများအတွက် ဧရာဝတီဆင်ချစ်သူများအဖွဲ့သည် တစ်ထောင့်တစ်နေရာမှ အကူအညီပေးနိုင်ခဲ့လေပြီ-----

"တစ်ယောက်အားဖြင့်ယူသော်မရ တစ်သိန်းအားဖြင့်ယူသော်ရ၏" ဟူသောမြန်မာ့ဆိုရိုးစကားနှင့်အညီ ဋ္ဌာနဆိုင်ရာအဖွဲ့အစည်း/အရပ်ဖက်လူမှုအဖွဲ့အစည်း/ဒေသခံပြည်သူ ပူးပေါင်းအားဖြင့် ထိန်းသိမ်းရေး ဆက်လက်လုပ်ဆောင်ခဲ့ကြရဦးမည်ဖြစ်လေသည်။

တရားစီရင်မှု အပိုင်းသည်ကား စိတ်ဝင်တစားစောင့်ကြည့်ရဦးမည် ဖြစ်သည်။
ဧရာဝတီ ဆင်ချစ်သူများအဖွဲ့
မှတ်ချက်။ ။ဧရာဝတီဆင်ချစ်သူများအဖွဲ့သည် ပူးပေါင်းပါဝင်သည့် ဋ္ဌာနဆိုင်ရာ အားလုံးနှင့် ဒေသခံပြည်သူများ အားလုံးကို ရည်ညွှန်းခြင်းဖြစ်ပါသည်။




No comments:

Post a Comment