Latest News

Saturday, February 3, 2018

Wantedအဖွဲ့ရဲ့ ဒုတိယအကြိမ်မြောက် One Band Show မျှော်စင်ကျွန်းတွင် ပြုလုပ်မည်

Wantedအဖွဲ့ရဲ့ ဒုတိယအကြိမ်မြောက်
One Band Show  မျှော်စင်ကျွန်းတွင် ပြုလုပ်မည်

ရောခ့်ဂီတသမားများဖြင့်   ဖွဲ့စည်းထားသည့်Wanted အဖွဲ့၏   ဒုတိယအကြိမ်မြောက်  One Band Show  ဖျော်ဖြေပွဲကို   ဖေဖော်ဝါရီ ၁၈ ရက်တွင်  ရန်ကုန်မြို့ ကန်တော်ကြီးမျှော်စင်ကျွန်း၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့မှ တေးသံရှင် ဖော်ကာက ပြောသည်။

''မနှစ်ကလည်း  ဖေဖော်ဝါရီ ၁၈ ရက်မှာ ကျွန်တော်တို့ လုပ်ဖြစ်တယ်၊ ဒီနှစ်လည်း  ဖေဖော်ဝါရီ ၁၈ ရက်   ကန်တော်ကြီးမျှော်စင်ကျွန်းမှာပဲ လုပ်မယ်၊ ဒီပွဲက ကျွန်တော့်ပရိသတ်တွေ အားပါးတရ ကြည့်ရမယ့်ပွဲပါ၊ ကျွန်တော်လည်း အားပါးတရ ဖျော်ဖြေမယ်၊ ရှိုးတွေမှာ ကျွန်တော်အားပါးတရ မဆိုရတဲ့ပွဲမျိုး၊  ကျွန်တော့်ပရိသတ်တွေလည်း အားရပါးရ အားမပေးရတဲ့ပွဲမျိုး၊ နှစ်ပုဒ်၊  သုံးပုဒ်လောက်နဲ့ ပြီးလိုက်ရတာမျိုးတွေဆိုရင် ကျွန်တော်ကိုယ်တိုင်လည်း မဆိုချင်ဘူး၊ အားလည်းမရဘူး၊ ကိုယ့်ပရိသတ်ဆိုရင်လည်း မကြိုက်ဘူး၊ ကျွန်တော့်တုန်းကလည်း ကိုယ်အားပေးတဲ့ အဆိုတော်ကို အနည်းဆုံး ငါးပုဒ်လောက်တော့ ဆိုစေချင်တယ်၊ အဲဒါကြောင့် တချို့ရှိုးပွဲတွေဆိုရင် ကျွန်တော်ငြင်းပစ်လိုက်တာမျိုးတွေ ရှိတယ်၊ ဒီပွဲမှာတော့ ကျွန်တော်နဲ့ ကျွန်တော့်ပရိသတ်တွေ အပီအပြင်ဟဲကြမယ်၊ အဲဒီအတွက်လည်း ကျွန်တော့်ဘက်က အစစ အရာရာ  သေချာပြင်ဆင်ထားပါတယ်''ဟု ဖော်ကာက ဆိုသည်။ အဆိုပါဖျော်ဖြေပွဲအတွက်  လက်မှတ်ဈေးနှုန်းကိုလည်ျးွှညေအနိ အဖွဲ့၏ အမာခံပရိသတ်အားလုံး အားပေးနိုင်ရန်  ငွေကျပ် ကိုးထောင်နှုန်းသာ သတ်မှတ်ထားသည်။
ဌေးမမ(​ကြေးမှုံ)

No comments:

Post a Comment