Latest News

Saturday, February 3, 2018

တုိင္းျပည္ကုိကာကြယ္ႏုိင္ရန္အတြက္ တပ္မေတာ္သည္ ကာကြယ္ေရးစြမ္းပကား ေတာင့္တင္းခုိင္မာေအာင္ အၿမဲမျပတ္ေဆာင္ရြက္ရန္လုိ

တုိင္းျပည္ကုိကာကြယ္ႏုိင္ရန္အတြက္ တပ္မေတာ္သည္ ကာကြယ္ေရးစြမ္းပကား   ေတာင့္တင္းခုိင္မာေအာင္ အၿမဲမျပတ္ေဆာင္ရြက္ရန္လုိ



ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ - ၃

တုိင္းျပည္ကုိကာကြယ္ႏုိင္ရန္အတြက္ တပ္မေတာ္သည္ ကာကြယ္ေရးစြမ္းပကား   ေတာင့္တင္းခုိင္မာေအာင္ အၿမဲမျပတ္ေဆာင္ရြက္ရန္လုိအပ္ေၾကာင္း၊ တပ္မေတာ္သည္ စြမ္းရည္၊ စြမ္းအားရွိသည့္ တပ္မေတာ္ျဖစ္ရန္ လုိေၾကာင္း၊ အရည္အခ်င္းရွိသည့္တပ္မေတာ္ ျဖစ္ေအာင္ ေလ့က်င့္ေရးျဖင့္ တည္ေဆာက္ရမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္က ယေန႔နံနက္ပုိင္းတြင္ ပုသိမ္တပ္နယ္၌ က်င္းပျပဳလုပ္သည့္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)ပူးေပါင္းစစ္ဆင္ေရး ေလ့က်င့္ခန္း (ဆင္ျဖဴရွင္)တြင္ ပါ၀င္ေဆာင္ရြက္ခဲ့ၾကသည့္ အရာရွိ၊ စစ္သည္မ်ားအား အမွာစကားေျပာၾကားရာတြင္ထည့္သြင္း ေျပာၾကား သည္။

ႏုိင္ငံေတာ္လုံၿခဳံေရးႏွင့္ကာကြယ္ေရးအတြက္ရည္မွန္း၍ သမား႐ုိးက်စစ္ပြဲမ်ား ဆင္ႏႊဲႏုိင္သည့္ စြမ္းရည္ျမင့္မား လာေစရန္အတြက္ အေနာက္ေတာင္တုိင္းစစ္ဌာနခ်ဳပ္ ပုသိမ္တပ္နယ္တြင္ ေလ့က်င့္ေဆာင္ရြက္လ်က္ရွိသည့္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) ပူးေပါင္းစစ္ဆင္ေရးေလ့က်င့္ခန္း(ဆင္ျဖဴရွင္) ဒုတိယပုိင္းေလ့က်င့္ေဆာင္ရြက္ ေနမႈမ်ားကုိ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္တက္ေရာက္ၾကည့္႐ႈ စစ္ေဆးသည္။ အဆုိပါေလ့က်င့္ခန္းသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွတပ္မေတာ္အရာရွိႀကီးမ်ား၊ အေနာက္ေတာင္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ တပ္မေတာ္ (ၾကည္း၊ေရ၊ေလ)လက္႐ုံး တပ္ဖြဲ႕မ်ားမွ တပ္မေတာ္သားမ်ား၊ ျပည္တြင္းသတင္းမီဒီယာမ်ားမွ သတင္းေထာက္ မ်ား တက္ေရာက္ၾကသည္။

ဦးစြာတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္(ၾကည္း၊ေရ၊ေလ)ကမ္းတက္စစ္ဆင္ေရးျပဳလုပ္မည့္ ႐ႈရပ္သုိ႔ေရာက္ရွိၾကၿပီး ေလ့က်င့္ခန္းအားအစီအစဥ္ အတုိင္းျပဳလုပ္ၾကရာ ျမစ္ကူးစစ္ဆင္ေရးအဖြဲ႕၊ ေရတပ္ အထူး စစ္ဆင္ေရးတပ္ဖြဲ႕မ်ား၊ ေျခလ်င္တပ္ဖြဲ႕ႏွင့္ သံခ်ပ္ကာတပ္ဖြဲ႕မ်ား ျမစ္ကူးစစ္ဆင္ေရးေလ့က်င့္မႈမ်ား ေဆာင္ရြက္ၾကသည္။ တစ္ခ်ိန္တည္းတြင္ တပ္မေတာ္(ေလ)မွတုိက္ပြဲ နယ္ေျမအတြင္းရွာေဖြ ကယ္ဆယ္ေရး ေဆာင္ရြက္ျခင္းမ်ားေဆာင္ရြက္ၾကသည္။

ထုိသုိ႔ေဆာင္ရြက္ေနစဥ္အတြင္း ရဟတ္ယာဥ္ခ်ီအထူးတပ္ဖြဲ႔မ်ားက ရန္သူ႕စခန္းမ်ား အားအလစ္အငုိက္ ၀င္ေရာက္စီးနင္းတုိက္ခိုက္ျခင္း၊ ေလေၾကာင္းခ်ီတပ္ဖြဲ႕မ်ားက  ေလထီးျဖင့္ ေျမျပင္သုိ႔ဆင္းသက္ကာ ရန္သူ႕ အုပ္ခ်ဳပ္ေထာက္ပံ့ေရးစခန္းမ်ားအား စီးနင္းတုိက္ခုိက္ျခင္းမ်ား ေဆာင္ရြက္ၾကသည္။

တစ္ခ်ိန္တည္းတြင္တပ္မေတာ္(ေလ)မွ တုိက္ေလယာဥ္မ်ား၊ ရဟတ္ယာဥ္မ်ားက ရန္သူ႕ပစ္မွတ္အသီးသီး အားတုိက္ခိုက္ျခင္း၊ အေျမာက္ႀကီးမ်ားက ပစ္ခတ္၍ေခ်မႈန္းျခင္း၊ ေျခလ်င္ႏွင့္သံခ်ပ္ကာကမ္းတက္ တပ္ဖြဲ႔မ်ား ကမ္းတက္ျခင္း၊ ထပ္မံစစ္ကူေရာက္ရွိလာသည့္ ရန္သူ႕စစ္ေရယာဥ္မ်ားအား တပ္မေတာ္(ေရ)မွစစ္ေရယာဥ္ မ်ားကပင္လယ္ေရျပင္တြင္ပင္တုိက္ခုိက္ေခ်မႈန္းျခင္း၊ ကမ္းတက္တပ္ဖြဲ႕မ်ားက   ရန္သူ႕စခန္းအားစီးနင္း တုိက္ခုိက္ျခင္းမ်ားေဆာင္ရြက္ၾကၿပီး ရည္မွန္းခ်က္အသီးသီးသုိ႔ တုိက္ပြဲလုပ္ငန္းအဆင့္ အလိုက္အတိုင္း ထုိးေဖာက္၀င္ေရာက္၍ ရန္သူကုိေခ်မႈန္း တုိက္ခိုက္ၿပီး ရည္မွန္းခ်က္အသီးသီးကုိသိမ္းပုိက္ၾကသည္။

ယင္းေနာက္မိမိတပ္မ်ားအတြက္ေလေၾကာင္းမွ ခဲယမ္းႏွင့္ရိကၡာမ်ားခ်ေပးျခင္း၊ တုိက္ပြဲတြင္ထိခိုက္ဒဏ္ရာ ရရွိသူမ်ားကုိအေရးေပၚလူနာတင္ယာဥ္မ်ားျဖင့္ သယ္ေဆာင္ျခင္း၊ အေရးႀကီးလူနာမ်ားကုိ ရဟတ္ယာဥ္ျဖင့္ သယ္ေဆာင္ျခင္းမ်ားအား ေလ့က်င့္ေဆာင္ရြက္ ၾကၿပီး ေလ့က်င့္ခန္းၿပီးဆုံးရပ္နားခဲ့သည္။

ထုိ႔ေနာက္ ေလ့က်င့္ခန္းတြင္ပါ၀င္ခဲ့ၾကသည့္ အရာရွိ၊ စစ္သည္မ်ားအား တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က အမွာစကားေျပာၾကားရာတြင္  ယခုက်င္းပျပဳလုပ္သည့္ေလ့က်င့္ခန္းအား တပ္မေတာ္(ၾကည္း၊ေရ၊ေလ)တပ္ဖြဲ႕၀င္မ်ားအားလုံးပူးေပါင္း၍ေအာင္ျမင္စြာေဆာင္ရြက္ႏုိင္ခဲ့သျဖင့္ခ်ီးက်ဴးပါေၾကာင္း၊ ယခုေလ့က်င့္ ခန္းမွေတြ႕ႀကဳံရသည့္ အေတြ႕အႀကဳံမ်ားကုိျပန္လည္သုံးသပ္၍ အားနည္းခ်က္မ်ားကုိ သင္ခန္းစာေဖၚထုတ္ ျပဳျပင္ေဆာင္ရြက္ရန္လုိေၾကာင္း၊ ယခုကဲ့သုိ႔တပ္မေတာ္ (ၾကည္း၊ေရ၊ေလ) ပူးေပါင္းစစ္ ဆင္ေရးေလ့က်င့္ခန္းမ်ားကုိ လြန္ခဲ့သည့္ ႏွစ္ ၂၀ ကႏွစ္ႀကိမ္ ျပဳလုပ္ေလ့က်င့္ခဲ့ေၾကာင္း၊ ယခုကဲ့သုိ႔ေလ့က်င့္ ေဆာင္ရြက္ႏုိင္ရန္အတြက္ ႀကိဳတင္ျပင္ဆင္     ေလ့က်င့္ျခင္းမ်ားေဆာင္ရြက္ခဲ့ၿပီး ေလ့က်င့္ခန္းမ်ားမွ ရရွိလာ သည့္ အေတြ႕အႀကဳံမ်ားျဖင့္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)တပ္ဖြဲ႕မ်ား အားေပါင္းစပ္ေလ့က်င့္ႏုိင္ခဲ့ျခင္းျဖစ္ ေၾကာင္း၊  တုိင္းျပည္ကာကြယ္ေရးဆုိသည္မွာ ခ်က္ခ်င္းေဆာင္ရြက္၍မရဘဲ စနစ္တက်ျပင္ဆင္ ဖြဲ႕စည္း ေလ့က်င့္ျခင္းမ်ားျပဳလုပ္ျခင္းျဖင့္သာေဆာင္ရြက္ႏုိင္ေၾကာင္း၊ မိမိတုိ႔တစ္ဦးခ်င္းအလုိက္၊ တပ္ဖြဲ႕အလုိက္၊ တပ္ရင္းအလုိက္ေလ့က်င့္ေဆာင္ရြက္၍ ေနာက္ဆုံး(ၾကည္း၊ေရ၊ေလ) တပ္မ်ားအားလုံးအဆင့္ဆင့္ ျပန္လည္ ေပါင္းစပ္ေလ့က်င့္ရျခင္းျဖစ္ေၾကာင္းရွင္းလင္း ေျပာၾကားသည္။

ယင္းေနာက္ စစ္၏သေဘာတရားမွာအၿမဲေျပာင္းလဲလ်က္ရွိၿပီး မိမိတု႔ိအေနျဖင့္ အၿမဲေလ့လာေနရန္လိုေၾကာင္း၊ စစ္လက္နက္ပစၥည္းမ်ားသည္လည္းေခတ္အလုိက္မ်ိဳးစုံ ေျပာင္းလဲတုိးတက္လာျခင္းေၾကာင့္ စစ္နည္းဗ်ဴဟာ က်င့္သုံးမႈမ်ားလည္းေျပာင္းလဲလာေၾကာင္း၊  ထုိ႔ေၾကာင့္မိမိတုိ႔သည္ တုိးတက္ေျပာင္းလဲလ်က္ရွိသည့္ နည္းပညာရပ္မ်ား ကုိေခတ္ႏွင့္အညီ ေျပာင္းလဲအသုံးျပဳႏုိင္ရန္ေလ့လာေနရမည္ျဖစ္ေၾကာင္း၊ ထုိ႔ေၾကာင့္ မိမိတုိ႔၏ေလ့က်င့္ေရးမူ၀ါဒႏွင့္အညီအၿမဲေလ့လာ၊ အၿမဲေလ့က်င့္၊ အၿမဲလုိက္နာေနရန္ လုိအပ္ေၾကာင္း၊ ယခုကဲ့သုိ႔ေလ့က်င့္ေရးလုပ္ငန္းမ်ားအား မိမိတို႔ႏုိင္ငံတြင္သာမက ကမၻာ့ႏုိင္ငံအသီးသီးတြင္လည္း ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ထုိသုိ႔ေလ့က်င့္ေဆာင္ရြက္ျခင္းမွာ မိမိတုိ႔ႏုိင္ငံအားကာကြယ္ႏုိင္ရန္ျဖစ္ၿပီး ထုိသုိ႔ ကာကြယ္ႏုိင္ရန္ ႀကိဳတင္ျပင္ဆင္မႈ ျပဳလုပ္ျခင္းသည္ တပ္မေတာ္တုိင္း၏တာ၀န္ျဖစ္ေၾကာင္း၊ မိမိတုိ႔ႏုိင္ငံကဲ့သုိ႔ လြတ္လပ္ေရးဆုံး႐ႈံးခဲ့ရဘူးသည့္ ႏုိင္ငံတစ္ႏုိင္ငံအတြက္ ကာကြယ္ေရးစြမ္းရည္၊ စြမ္းအားမ်ား ပုိမုိလုိအပ္ၿပီး လြတ္လပ္ေရးဆုံး႐ႈံးခဲ့ရျခင္းမွာေခတ္မီသည့္ တပ္မေတာ္တစ္ရပ္မရွိခဲ့ျခင္း၊ စည္းလုံးညီၫြတ္မႈ အားနည္းျခင္း တုိ႔ေၾကာင့္ျဖစ္ေၾကာင္း၊ ႏုိင္ငံႀကီးမ်ားႏွင့္ရင္ဆုိင္ေနရသည့္ ႏုိင္ငံမ်ား၊ ၿခိမ္းေျခာက္ခံေနရသည့္ ႏုိင္ငံငယ္မ်ားသည္ ကာကြယ္ေရးအတြက္ျပင္ဆင္မႈမ်ား ႏုိင္ငံတုိင္းေဆာင္ရြက္လ်က္ရွိသည္ကုိေတြ႕ရွိရေၾကာင္း၊ ကာကြယ္ေရးစြမ္းပကား အားနည္းပါက ထိပါးေစာ္ကားျခင္း၊ ၿခိမ္းေျခာက္ျခင္းမ်ားခံရမည္ျဖစ္ေၾကာင္း ရွင္းလင္း ေျပာၾကားသည္။

ဆက္လက္ၿပီး မိမိတုိ႔ႏုိင္ငံလြတ္လပ္ေရးရရွိရန္အတြက္ ဗုိလ္ခ်ဳပ္ေအာင္ဆန္း ဦးေဆာင္သည့္ ရဲေဘာ္သုံး က်ိပ္သည္ ဂ်ပန္ႏုိင္ငံသုိ႔သြားေရာက္ၿပီးစစ္ပညာသင္ယူ၍ ေခတ္မီတပ္မေတာ္ဖြဲ႔ၿပီး ျပည္သူနဲ႔အတူတုိက္ပြဲ၀င္ ခဲ့ျခင္းေၾကာင့္ လြတ္လပ္ေရးရရွိခဲ့ျခင္း ျဖစ္သလုိ လြတ္လပ္ေရးရရွိခ်ိန္မွစ၍ယခုအခ်ိန္အထိတပ္မေတာ္သည္ ႏုိင္ငံ၏ အေျခအေနအရပ္ရပ္ကုိမယိမ္းယုိင္ေအာင္ ထိမ္းသိမ္းေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ထုိ႔ေၾကာင့္စြမ္းရည္ ထက္ျမက္သည့္ တပ္မေတာ္ျဖစ္ေအာင္အၿမဲမျပတ္ေလ့က်င့္ ေဆာင္ရြက္ေနရမည္ျဖစ္ေၾကာင္း၊ ေလ့က်င့္ေရးႏွင့္ ပတ္သက္၍ က်န္းမာႀကံ့ခုိင္ရန္၊ ကြၽမ္းက်င္ရန္၊ ရဲစြမ္းသတၱိရိွရန္ ေလ့က်င့္ရမည္ျဖစ္ေၾကာင္း၊ ယခုကဲ့သုိ႔(ၾကည္း၊ေရ၊ေလ)   ပူးေပါင္းေလ့က်င့္မႈမ်ားတြင္ ကြၽမ္းက်င္မႈႏွင့္ဟန္ခ်က္ညီစြာ ပူးေပါင္းေဆာင္ရြက္မႈ သည္ အေရးႀကီးေၾကာင္း ျဖင့္မွာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ထံ တပ္မေတာ္ေလ့က်င့္ေရး အရာရွိခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအးက တပ္မေတာ္(ၾကည္း၊ေရ၊ေလ) ပူးေပါင္းစစ္ဆင္ေရးေလ့က်င့္ခန္း (ဆင္ျဖဴရွင္) အထိမ္း အမွတ္တံဆိပ္အား လက္ေဆာင္ေပးအပ္သည္။ ထုိ႔ေနာက္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ သတင္း မီဒီယာအဖြဲ႕မ်ား အားရင္းရင္းႏွီးႏွီးႏႈတ္ဆက္ၿပီး သိရွိလုိသည္မ်ားေမးျမန္းမႈအေပၚျပန္လည္ေျဖၾကားခဲ့သည္။

ယေန႔တြင္ ေလ့က်င့္ခန္းဒုတိယပုိင္းအျဖစ္ (ၾကည္း၊ေရ၊ေလ)ပူးေပါင္း၍ ကမ္းတက္စစ္ဆင္ေရးေလ့က်င့္မႈမ်ားကုိ လက္ေတြ႕ေလ့က်င့္ေဆာင္ရြက္ၾကျခင္းျဖစ္ေၾကာင္းသတင္းရရွိသည္။(MWD)

(Unicode Version)

တိုင်းပြည်ကိုကာကွယ်နိုင်ရန်အတွက် တပ်မတော်သည် ကာကွယ်ရေးစွမ်းပကား   တောင့်တင်းခိုင်မာအောင် အမြဲမပြတ်ဆောင်ရွက်ရန်လို

နေပြည်တော်၊ ဖေဖော်ဝါရီ - ၃

တိုင်းပြည်ကိုကာကွယ်နိုင်ရန်အတွက် တပ်မတော်သည် ကာကွယ်ရေးစွမ်းပကား   တောင့်တင်းခိုင်မာအောင် အမြဲမပြတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တပ်မတော်သည် စွမ်းရည်၊ စွမ်းအားရှိသည့် တပ်မတော်ဖြစ်ရန် လိုကြောင်း၊ အရည်အချင်းရှိသည့်တပ်မတော် ဖြစ်အောင် လေ့ကျင့်ရေးဖြင့် တည်ဆောက်ရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် ပုသိမ်တပ်နယ်၌ ကျင်းပပြုလုပ်သည့် တပ်မတော်(ကြည်း၊ရေ၊လေ)ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်း (ဆင်ဖြူရှင်)တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် အရာရှိ၊ စစ်သည်များအား အမှာစကားပြောကြားရာတွင်ထည့်သွင်း ပြောကြား သည်။

နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးအတွက်ရည်မှန်း၍ သမားရိုးကျစစ်ပွဲများ ဆင်နွှဲနိုင်သည့် စွမ်းရည်မြင့်မား လာစေရန်အတွက် အနောက်တောင်တိုင်းစစ်ဌာနချုပ် ပုသိမ်တပ်နယ်တွင် လေ့ကျင့်ဆောင်ရွက်လျက်ရှိသည့် တပ်မတော်(ကြည်း၊ရေ၊လေ) ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်း(ဆင်ဖြူရှင်) ဒုတိယပိုင်းလေ့ကျင့်ဆောင်ရွက် နေမှုများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ကြည့်ရှု စစ်ဆေးသည်။ အဆိုပါလေ့ကျင့်ခန်းသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော် (ကြည်း၊ရေ၊လေ)လက်ရုံး တပ်ဖွဲ့များမှ တပ်မတော်သားများ၊ ပြည်တွင်းသတင်းမီဒီယာများမှ သတင်းထောက် များ တက်ရောက်ကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည်(ကြည်း၊ရေ၊လေ)ကမ်းတက်စစ်ဆင်ရေးပြုလုပ်မည့် ရှုရပ်သို့ရောက်ရှိကြပြီး လေ့ကျင့်ခန်းအားအစီအစဉ် အတိုင်းပြုလုပ်ကြရာ မြစ်ကူးစစ်ဆင်ရေးအဖွဲ့၊ ရေတပ် အထူး စစ်ဆင်ရေးတပ်ဖွဲ့များ၊ ခြေလျင်တပ်ဖွဲ့နှင့် သံချပ်ကာတပ်ဖွဲ့များ မြစ်ကူးစစ်ဆင်ရေးလေ့ကျင့်မှုများ ဆောင်ရွက်ကြသည်။ တစ်ချိန်တည်းတွင် တပ်မတော်(လေ)မှတိုက်ပွဲ နယ်မြေအတွင်းရှာဖွေ ကယ်ဆယ်ရေး ဆောင်ရွက်ခြင်းများဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်နေစဉ်အတွင်း ရဟတ်ယာဉ်ချီအထူးတပ်ဖွဲ့များက ရန်သူ့စခန်းများ အားအလစ်အငိုက် ဝင်ရောက်စီးနင်းတိုက်ခိုက်ခြင်း၊ လေကြောင်းချီတပ်ဖွဲ့များက  လေထီးဖြင့် မြေပြင်သို့ဆင်းသက်ကာ ရန်သူ့ အုပ်ချုပ်ထောက်ပံ့ရေးစခန်းများအား စီးနင်းတိုက်ခိုက်ခြင်းများ ဆောင်ရွက်ကြသည်။

တစ်ချိန်တည်းတွင်တပ်မတော်(လေ)မှ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များက ရန်သူ့ပစ်မှတ်အသီးသီး အားတိုက်ခိုက်ခြင်း၊ အမြောက်ကြီးများက ပစ်ခတ်၍ချေမှုန်းခြင်း၊ ခြေလျင်နှင့်သံချပ်ကာကမ်းတက် တပ်ဖွဲ့များ ကမ်းတက်ခြင်း၊ ထပ်မံစစ်ကူရောက်ရှိလာသည့် ရန်သူ့စစ်ရေယာဉ်များအား တပ်မတော်(ရေ)မှစစ်ရေယာဉ် များကပင်လယ်ရေပြင်တွင်ပင်တိုက်ခိုက်ချေမှုန်းခြင်း၊ ကမ်းတက်တပ်ဖွဲ့များက   ရန်သူ့စခန်းအားစီးနင်း တိုက်ခိုက်ခြင်းများဆောင်ရွက်ကြပြီး ရည်မှန်းချက်အသီးသီးသို့ တိုက်ပွဲလုပ်ငန်းအဆင့် အလိုက်အတိုင်း ထိုးဖောက်ဝင်ရောက်၍ ရန်သူကိုချေမှုန်း တိုက်ခိုက်ပြီး ရည်မှန်းချက်အသီးသီးကိုသိမ်းပိုက်ကြသည်။

ယင်းနောက်မိမိတပ်များအတွက်လေကြောင်းမှ ခဲယမ်းနှင့်ရိက္ခာများချပေးခြင်း၊ တိုက်ပွဲတွင်ထိခိုက်ဒဏ်ရာ ရရှိသူများကိုအရေးပေါ်လူနာတင်ယာဉ်များဖြင့် သယ်ဆောင်ခြင်း၊ အရေးကြီးလူနာများကို ရဟတ်ယာဉ်ဖြင့် သယ်ဆောင်ခြင်းများအား လေ့ကျင့်ဆောင်ရွက် ကြပြီး လေ့ကျင့်ခန်းပြီးဆုံးရပ်နားခဲ့သည်။

ထို့နောက် လေ့ကျင့်ခန်းတွင်ပါဝင်ခဲ့ကြသည့် အရာရှိ၊ စစ်သည်များအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင်  ယခုကျင်းပပြုလုပ်သည့်လေ့ကျင့်ခန်းအား တပ်မတော်(ကြည်း၊ရေ၊လေ)တပ်ဖွဲ့ဝင်များအားလုံးပူးပေါင်း၍အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သဖြင့်ချီးကျူးပါကြောင်း၊ ယခုလေ့ကျင့် ခန်းမှတွေ့ကြုံရသည့် အတွေ့အကြုံများကိုပြန်လည်သုံးသပ်၍ အားနည်းချက်များကို သင်ခန်းစာဖေါ်ထုတ် ပြုပြင်ဆောင်ရွက်ရန်လိုကြောင်း၊ ယခုကဲ့သို့တပ်မတော် (ကြည်း၊ရေ၊လေ) ပူးပေါင်းစစ် ဆင်ရေးလေ့ကျင့်ခန်းများကို လွန်ခဲ့သည့် နှစ် ၂၀ ကနှစ်ကြိမ် ပြုလုပ်လေ့ကျင့်ခဲ့ကြောင်း၊ ယခုကဲ့သို့လေ့ကျင့် ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်     လေ့ကျင့်ခြင်းများဆောင်ရွက်ခဲ့ပြီး လေ့ကျင့်ခန်းများမှ ရရှိလာ သည့် အတွေ့အကြုံများဖြင့် တပ်မတော်(ကြည်း၊ရေ၊လေ)တပ်ဖွဲ့များ အားပေါင်းစပ်လေ့ကျင့်နိုင်ခဲ့ခြင်းဖြစ် ကြောင်း၊  တိုင်းပြည်ကာကွယ်ရေးဆိုသည်မှာ ချက်ချင်းဆောင်ရွက်၍မရဘဲ စနစ်တကျပြင်ဆင် ဖွဲ့စည်း လေ့ကျင့်ခြင်းများပြုလုပ်ခြင်းဖြင့်သာဆောင်ရွက်နိုင်ကြောင်း၊ မိမိတို့တစ်ဦးချင်းအလိုက်၊ တပ်ဖွဲ့အလိုက်၊ တပ်ရင်းအလိုက်လေ့ကျင့်ဆောင်ရွက်၍ နောက်ဆုံး(ကြည်း၊ရေ၊လေ) တပ်များအားလုံးအဆင့်ဆင့် ပြန်လည် ပေါင်းစပ်လေ့ကျင့်ရခြင်းဖြစ်ကြောင်းရှင်းလင်း ပြောကြားသည်။

ယင်းနောက် စစ်၏သဘောတရားမှာအမြဲပြောင်းလဲလျက်ရှိပြီး မိမိတု့ိအနေဖြင့် အမြဲလေ့လာနေရန်လိုကြောင်း၊ စစ်လက်နက်ပစ္စည်းများသည်လည်းခေတ်အလိုက်မျိုးစုံ ပြောင်းလဲတိုးတက်လာခြင်းကြောင့် စစ်နည်းဗျူဟာ ကျင့်သုံးမှုများလည်းပြောင်းလဲလာကြောင်း၊  ထို့ကြောင့်မိမိတို့သည် တိုးတက်ပြောင်းလဲလျက်ရှိသည့် နည်းပညာရပ်များ ကိုခေတ်နှင့်အညီ ပြောင်းလဲအသုံးပြုနိုင်ရန်လေ့လာနေရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့၏လေ့ကျင့်ရေးမူဝါဒနှင့်အညီအမြဲလေ့လာ၊ အမြဲလေ့ကျင့်၊ အမြဲလိုက်နာနေရန် လိုအပ်ကြောင်း၊ ယခုကဲ့သို့လေ့ကျင့်ရေးလုပ်ငန်းများအား မိမိတို့နိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့လေ့ကျင့်ဆောင်ရွက်ခြင်းမှာ မိမိတို့နိုင်ငံအားကာကွယ်နိုင်ရန်ဖြစ်ပြီး ထိုသို့ ကာကွယ်နိုင်ရန် ကြိုတင်ပြင်ဆင်မှု ပြုလုပ်ခြင်းသည် တပ်မတော်တိုင်း၏တာဝန်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံကဲ့သို့ လွတ်လပ်ရေးဆုံးရှုံးခဲ့ရဘူးသည့် နိုင်ငံတစ်နိုင်ငံအတွက် ကာကွယ်ရေးစွမ်းရည်၊ စွမ်းအားများ ပိုမိုလိုအပ်ပြီး လွတ်လပ်ရေးဆုံးရှုံးခဲ့ရခြင်းမှာခေတ်မီသည့် တပ်မတော်တစ်ရပ်မရှိခဲ့ခြင်း၊ စည်းလုံးညီညွတ်မှု အားနည်းခြင်း တို့ကြောင့်ဖြစ်ကြောင်း၊ နိုင်ငံကြီးများနှင့်ရင်ဆိုင်နေရသည့် နိုင်ငံများ၊ ခြိမ်းခြောက်ခံနေရသည့် နိုင်ငံငယ်များသည် ကာကွယ်ရေးအတွက်ပြင်ဆင်မှုများ နိုင်ငံတိုင်းဆောင်ရွက်လျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ ကာကွယ်ရေးစွမ်းပကား အားနည်းပါက ထိပါးစော်ကားခြင်း၊ ခြိမ်းခြောက်ခြင်းများခံရမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး မိမိတို့နိုင်ငံလွတ်လပ်ရေးရရှိရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ရဲဘော်သုံး ကျိပ်သည် ဂျပန်နိုင်ငံသို့သွားရောက်ပြီးစစ်ပညာသင်ယူ၍ ခေတ်မီတပ်မတော်ဖွဲ့ပြီး ပြည်သူနဲ့အတူတိုက်ပွဲဝင် ခဲ့ခြင်းကြောင့် လွတ်လပ်ရေးရရှိခဲ့ခြင်း ဖြစ်သလို လွတ်လပ်ရေးရရှိချိန်မှစ၍ယခုအချိန်အထိတပ်မတော်သည် နိုင်ငံ၏ အခြေအနေအရပ်ရပ်ကိုမယိမ်းယိုင်အောင် ထိမ်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့်စွမ်းရည် ထက်မြက်သည့် တပ်မတော်ဖြစ်အောင်အမြဲမပြတ်လေ့ကျင့် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ လေ့ကျင့်ရေးနှင့် ပတ်သက်၍ ကျန်းမာကြံ့ခိုင်ရန်၊ ကျွမ်းကျင်ရန်၊ ရဲစွမ်းသတ္တိရှိရန် လေ့ကျင့်ရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့(ကြည်း၊ရေ၊လေ)   ပူးပေါင်းလေ့ကျင့်မှုများတွင် ကျွမ်းကျင်မှုနှင့်ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်မှု သည် အရေးကြီးကြောင်း ဖြင့်မှာကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေးက တပ်မတော်(ကြည်း၊ရေ၊လေ) ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်း (ဆင်ဖြူရှင်) အထိမ်း အမှတ်တံဆိပ်အား လက်ဆောင်ပေးအပ်သည်။ ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် သတင်း မီဒီယာအဖွဲ့များ အားရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး သိရှိလိုသည်များမေးမြန်းမှုအပေါ်ပြန်လည်ဖြေကြားခဲ့သည်။

ယနေ့တွင် လေ့ကျင့်ခန်းဒုတိယပိုင်းအဖြစ် (ကြည်း၊ရေ၊လေ)ပူးပေါင်း၍ ကမ်းတက်စစ်ဆင်ရေးလေ့ကျင့်မှုများကို လက်တွေ့လေ့ကျင့်ဆောင်ရွက်ကြခြင်းဖြစ်ကြောင်းသတင်းရရှိသည်။

No comments:

Post a Comment