Latest News

Saturday, February 3, 2018

ဝတ်မှုန်ရွှေရည်၏ Romance ဇာတ်ကားဖြစ်သော အနမ်းဝိုင်

ဝတ်မှုန်ရွှေရည်၏ Romance ဇာတ်ကားဖြစ်သော အနမ်းဝိုင်

ခိုက်ခိုက်တုန်အောင် ချမ်းအေးလှသည့် နိုဝင်ဘာလတွင် တောင်ကြီးမြို့ အနှံ့သွား ရောက်ကာ ရိုက်ကူးခဲ့သော အနမ်းဝိုင် ရုပ်ရှင်ဇာတ်ကားသည် ဝတ်မှုန်ရွှေရည်အတွက် Romance ဆန်ဆန် ရိုက်ကူးခဲ့ရခြင်း ဖြစ်ပြီး
အနမ်းဝိုင်သည် ဒုတိယအကြိမ်မြောက် Romance ဆန်ဆန် ရိုက်ကူးထားခြင်း ဖြစ်ပြီး ယနေ့တွင် ရုံတင်ပြသနေပြီ ဖြစ်ကြောင်း သိရသည်။

 ''ကစ်ရဲ့အနုပညာ သက်တမ်းတစ်လျှောက်မှာ အခုလို Romance ဆန်ဆန် အချစ်ဘက် ကိုချည်း သီးသန့်ရိုက်ကူးတာ မရှိသလောက် ရှားပါတယ်။ အခုလို Romance စစ်စစ် ဇာတ်ကား ဆိုတာမျိုး လုံးဝ မရှိသေးပါဘူး။ ၂ဝ၁၈ ခုနှစ်ထဲမှာ ကားတွေ အများကြီး ရိုက်ထားပါတယ်။ ထွက်ဖို့ ရှိပါတယ်။ အားပေး ကြပါဦး'' ဟု ဝတ်မှုန်ရွှေရည်က ပြောသည်။

အနမ်းဝိုင် ဇာတ်ကားအတွက် အဝတ်အစား ဒီဇိုင်းပိုင်း ကအစ အထူးကြိုးစား ပြင်ဆင် ထားသည့်အတွက် ပရိသတ် အားပေးမှုကို ရင်ခုန်နေကြောင်းနှင့် ပတ်သက်၍လည်း ''အခုဇာတ်ကားအတွက်တော့ ရင်ခုန်တယ်။ ဘာလို့လဲဆိုရင် ပရိသတ်က အခုလို အချစ် ချည်းပဲ သီးသန့်ကားမျိုး မတွေ့ခဲ့ရတော့လေ။ ဒီကားကို ကြည့်နေရတဲ့ အချိန်မှာ ကြည့်လို့ကောင်းပြီး အဆင်ပြေ ခဲ့ပေမယ့် တကယ်တမ်း ရိုက်ကွင်းနောက်ကွယ်မှာ အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အရမ်းလည်း ပင်ပန်းခဲ့ရပါတယ်။

တစ်နေရာနဲ့ တစ်နေရာ သွားရတာ လေးငါးနာရီ လောက်ကြာတယ်။ လုံးဝမနားရဘူး။ နံနက်အစောကြီး ထရတယ်။ ပအို့ဝ်ရွာမှာ ရိုက်တုန်းကဆိုရင် ညအိပ်ပြီးတောင် ရိုက်ခဲ့ရတယ်။ ပျော်လည်း ပျော်ဖို့ ကောင်းပါတယ်။ အတွေ့အကြုံတွေလည်း အများကြီး ရခဲ့ပါတယ်။ ကစ်တို့ ရောက်သွားတဲ့ အချိန်က အရမ်းအေးပြီး ခိုက်ခိုက်တုန် နေတာလေ။

ဖျားတောင် ဖျားပါတယ်'' ဟု ဝတ်မှုန်ရွှေရည်က ပြောသည်။ ဇာတ်ကားရိုက်ကူးစဉ်က အဝတ်အစား အပါအဝင် ရိုက်ကွင်းနေရာ ရှုခင်း အလှအပများကို သတိမထားမိ ခဲ့သော်လည်း ဇာတ်ကားတစ်ကားလုံး ပြန်ကြည့်ချိန်တွင် စိတ်ချမ်းသာပြီး ပြီးပြည့်စုံမှု ခံစားရကြောင်း ဝတ်မှုန်ရွှေရည်က ပြောသည်။(MWD)

No comments:

Post a Comment