Latest News

Saturday, February 3, 2018

KIA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက တပ္ဌာနခ်ဳပ္မ်ားႏွင့္ နယ္ေျမလုံၿခဳံေရး စခန္းမ်ားအား လာေရာက္ ေႏွာင့္ယွက္ပစ္ခတ္တုိက္ခိုက္

KIA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက တပ္ဌာနခ်ဳပ္မ်ားႏွင့္ နယ္ေျမလုံၿခဳံေရး စခန္းမ်ားအား လာေရာက္ ေႏွာင့္ယွက္ပစ္ခတ္တုိက္ခိုက္



ေနျပည္ေတာ္၊ ေဖေဖာ္၀ါရီ - ၃

ျပည္သူလူထုတစ္ရပ္လုံးက လုိလားေတာင့္တလ်က္ရွိသည့္ ထာ၀ရၿငိမ္းခ်မ္းေရးရရွိ ေအာင္ ႏုိင္ငံေတာ္အစုိးရ ႏွင့္အတူ တပ္မေတာ္က ၿငိမ္းခ်မ္းေရးတည္ေဆာက္လ်က္ရွိေသာ္လည္း KIA အၾကမ္းဖက္ေသာင္းက်န္း သူမ်ားသည္ ၿငိမ္းခ်မ္းေရးကို လစ္လ်ဴ႐ႈလ်က္ ဇန္န၀ါရီ ၃၁ ရက္ႏွင့္ ယေန႔တုိ႔တြင္ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားႏွင့္ မုိးေကာင္းၿမိဳ႕နယ္ အတြင္းရွိ တပ္ဌာနခ်ဳပ္မ်ားႏွင့္ နယ္ေျမလုံၿခံဳေရး ေဆာင္ရြက္ေနသည့္ တပ္မေတာ္စခန္းမ်ားအား လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ လာေရာက္ေႏွာင့္ယွက္ပစ္ခတ္ တုိက္ခိုက္ခဲ့ ေၾကာင္း သိရွိရသည္။

ဇန္န၀ါရီ ၃၁ ရက္ ည ၁၁ နာရီခြဲခန္႔တြင္ မုိးေကာင္းၿမိဳ႕ရွိ တပ္ဌာနခ်ဳပ္အား  KIA အၾကမ္းဖက္ေသာင္းက်န္း သူမ်ားက တပ္ဌာနခ်ဳပ္၏ အေနာက္ဘက္ မီတာ ၂၃၀၀ ခန္႔ အကြာ မွ လက္နက္ႀကီးျဖင့္ လာေရာက္ေႏွာင့္ယွက္ ပစ္ခတ္ခဲ့သည္။ ျဖစ္စဥ္တြင္ လူႏွင့္ အေဆာက္အဦမ်ား ထိခိုက္ပ်က္စီးမႈမရွိဘဲ တပ္ဌာနခ်ဳပ္၏ အေနာက္ ဘက္မီတာ ၂၀၀၀ ခန္႔အကြာရွိ လယ္ကြင္းအတြင္း၌ ေပါက္ကြဲမႈမရွိေသးသည့္ ၁၀၇ မမ ဒုံးသီးတစ္လုံးအား ေတြ႕ရွိသိမ္းဆည္း ရမိခဲ့သည္။ အလားတူ ယေန႔နံနက္ ၃ နာရီခြဲခန္႔တြင္လည္း မုိးေကာင္းၿမိဳ႕ရွိ တပ္ရင္း ဌာနခ်ဳပ္အား KIA အၾကမ္းဖက္ေသာင္းက်န္းသူအင္အား ၁၅ ဦးခန္႔က  တပ္ရင္း ဌာနခ်ဳပ္၏ အေရွ႕ေျမာက္ ဘက္ မီတာ ၅၀၀၀  ခန္႔ အကြာမွ လက္နက္ႀကီးမ်ားျဖင့္ လာေရာက္ ပစ္ခတ္ခဲ့ရာ တပ္ရင္းဌာနခ်ဳပ္၏ ေတာင္ဘက္ မီတာ ၁၀၀၀ ခန္႔အကြာေနရာ၌ က်ည္က်ေရာက္ေပါက္ကြဲခဲ့သည္။

ထုိ႔ျပင္ ယေန႔နံနက္ ၃ နာရီခြဲတြင္လည္း မုိးေကာင္းၿမိဳ႕နယ္၊ လြယ္လိယန္ေက်းရြာ အုပ္စု၊ မရန္ကေထာင္ ေက်းရြာရွွိ နယ္ေျမလုံၿခဳံေရးေဆာင္ရြက္ေနသည့္ တပ္စခန္းအား   KIA  အၾကမ္းဖက္ေသာင္းက်န္းသူအင္အား ၆၀ ဦးခန္႔က စခန္း၏ အေရွ႕ဘက္မီတာ ၁၀၀ ခန္႔အကြာမွ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္လည္းေကာင္း၊ ယေန႔နံနက္ ၄ နာရီ ၅၀ မိနစ္တြင္ ျမစ္ႀကီးနားၿမိဳ႕နယ္၊ နန္းေကြ႔ေက်းရြာအုပ္စု၊ နန္က်င္ေက်းရြာရွိ နယ္ေျမ လုံၿခဳံေရးေဆာင္ရြက္ေနသည့္ တပ္စခန္းအားလည္း KIA အၾကမ္းဖက္ေသာင္းက်န္းသူ အင္အား ၅၀ ဦးခန္႔က စခန္း၏ အေနာက္ဘက္၊ အေနာက္ေျမာက္ဘက္ႏွင့္ အေရွ႕ေျမာက္ ဘက္တို႔မွ လက္နက္ႀကီး၊ လက္နက္ ငယ္မ်ားျဖင့္ လာေရာက္ပစ္ခတ္တိုုက္ခိုက္ခဲ့သည္။ ျဖစ္စဥ္မ်ားတြင္ ရန္သူအခ်ိဳ႕ေသဆုံးခဲ့ၿပီး မိမိဘက္မွ စစ္သည္အခ်ဳိ႕ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း သိရွိရသည္။

ျဖစ္စဥ္ျဖစ္ပြားရာေနရာမ်ားႏွင့္ အနီးပတ္၀န္းက်င္တစ္၀ုိက္တုိ႔၌ တပ္မေတာ္စစ္ေၾကာင္းမ်ားက နယ္ေျမလုံၿခဳံ ေရးလုပ္ငန္းမ်ား တုိးျမႇင့္လုပ္ေဆာင္လ်က္ရွိေၾကာင္း သတင္းရရွိသည္။(MWD)


(Unicode Version)

KIA အကြမ်းဖက်သောင်းကျန်းသူများက တပ်ဌာနချုပ်များနှင့် နယ်မြေလုံခြုံရေး စခန်းများအား လာရောက် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၃

ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တလျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးရရှိ အောင် နိုင်ငံတော်အစိုးရ နှင့်အတူ တပ်မတော်က ငြိမ်းချမ်းရေးတည်ဆောက်လျက်ရှိသော်လည်း KIA အကြမ်းဖက်သောင်းကျန်း သူများသည် ငြိမ်းချမ်းရေးကို လစ်လျူရှုလျက် ဇန်နဝါရီ ၃၁ ရက်နှင့် ယနေ့တို့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့် မိုးကောင်းမြို့နယ် အတွင်းရှိ တပ်ဌာနချုပ်များနှင့် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်စခန်းများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့ ကြောင်း သိရှိရသည်။

ဇန်နဝါရီ ၃၁ ရက် ည ၁၁ နာရီခွဲခန့်တွင် မိုးကောင်းမြို့ရှိ တပ်ဌာနချုပ်အား  KIA အကြမ်းဖက်သောင်းကျန်း သူများက တပ်ဌာနချုပ်၏ အနောက်ဘက် မီတာ ၂၃၀၀ ခန့် အကွာ မှ လက်နက်ကြီးဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ်ခဲ့သည်။ ဖြစ်စဉ်တွင် လူနှင့် အဆောက်အဦများ ထိခိုက်ပျက်စီးမှုမရှိဘဲ တပ်ဌာနချုပ်၏ အနောက် ဘက်မီတာ ၂၀၀၀ ခန့်အကွာရှိ လယ်ကွင်းအတွင်း၌ ပေါက်ကွဲမှုမရှိသေးသည့် ၁၀၇ မမ ဒုံးသီးတစ်လုံးအား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။ အလားတူ ယနေ့နံနက် ၃ နာရီခွဲခန့်တွင်လည်း မိုးကောင်းမြို့ရှိ တပ်ရင်း ဌာနချုပ်အား KIA အကြမ်းဖက်သောင်းကျန်းသူအင်အား ၁၅ ဦးခန့်က  တပ်ရင်း ဌာနချုပ်၏ အရှေ့မြောက် ဘက် မီတာ ၅၀၀၀  ခန့် အကွာမှ လက်နက်ကြီးများဖြင့် လာရောက် ပစ်ခတ်ခဲ့ရာ တပ်ရင်းဌာနချုပ်၏ တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာနေရာ၌ ကျည်ကျရောက်ပေါက်ကွဲခဲ့သည်။

ထို့ပြင် ယနေ့နံနက် ၃ နာရီခွဲတွင်လည်း မိုးကောင်းမြို့နယ်၊ လွယ်လိယန်ကျေးရွာ အုပ်စု၊ မရန်ကထောင် ကျေးရွာရှှိ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်စခန်းအား   KIA  အကြမ်းဖက်သောင်းကျန်းသူအင်အား ၆၀ ဦးခန့်က စခန်း၏ အရှေ့ဘက်မီတာ ၁၀၀ ခန့်အကွာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လည်းကောင်း၊ ယနေ့နံနက် ၄ နာရီ ၅၀ မိနစ်တွင် မြစ်ကြီးနားမြို့နယ်၊ နန်းကွေ့ကျေးရွာအုပ်စု၊ နန်ကျင်ကျေးရွာရှိ နယ်မြေ လုံခြုံရေးဆောင်ရွက်နေသည့် တပ်စခန်းအားလည်း KIA အကြမ်းဖက်သောင်းကျန်းသူ အင်အား ၅၀ ဦးခန့်က စခန်း၏ အနောက်ဘက်၊ အနောက်မြောက်ဘက်နှင့် အရှေ့မြောက် ဘက်တို့မှ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် လာရောက်ပစ်ခတ်တိုုက်ခိုက်ခဲ့သည်။ ဖြစ်စဉ်များတွင် ရန်သူအချို့သေဆုံးခဲ့ပြီး မိမိဘက်မှ စစ်သည်အချို့ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်ဖြစ်ပွားရာနေရာများနှင့် အနီးပတ်ဝန်းကျင်တစ်ဝိုက်တို့၌ တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံ ရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment