Latest News

Saturday, February 3, 2018

သရုပ်ဆောင်ပိုင်းမှာ အများကြီး ကြိုးစားရဦးမယ်လို့ ပြောလာတဲ့ အောင်ရဲလင်း

သရုပ်ဆောင်ပိုင်းမှာ အများကြီး ကြိုးစားရဦးမယ်လို့ ပြောလာတဲ့ အောင်ရဲလင်း

သရုပ်ဆောင် အောင်ရဲလင်းက နောက်ပိုင်း ရိုက်ကူးရသည့် ဇာတ်ကားများကို ကျေနပ် မိသော်လည်း အများကြီး ကြိုးစား ရပါဦးမည်ဟု ပြောသည်။''ကျွန်တော် နောက်ပိုင်း ရိုက်တဲ့ ကားတိုင်းကို ကျေနပ်ပါတယ်။ ဒါပေမဲ့ ကျွန်တော် အများကြီး ကြိုးစား ရဦးမှာပါ။

ဒီနေရာမှာတင် ရပ်နေမှာ မဟုတ်ပါဘူး။ ဒီထက်မက ပိုပြီး အများကြီး ကြိုးစား ရဦးမှာပါပဲ။ အခုနောက်ပိုင်း ကျွန်တော် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေကို ကြည့်ကြတဲ့ ပရိသတ်တွေတော့ သတိထားမိကြမယ်လို့ ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ အဓိကက အရေအတွက် များတာကို ကျွန်တော် ကိုယ်တိုင်က မကြိုက်ဘူး။

အင်္ဂလိပ် စကားပုံ ရှိတယ်ဗျ။ တန်ဖိုးရှိတဲ့ အရာတိုင်းက အကန့်အသတ်နဲ့ သွားတာဆိုတော့ အရည်အသွေးက အဓိကပါပဲ'' ဟု အောင်ရဲလင်းက ပြောသည်။ ငယ်ကျွန် ဇာတ်ကားတွင် ရိုးရိုးအေးအေး မတုန်မလှုပ် ဇာတ်ကောင်နှင့် မိခင်ကို ချစ်ကြောက် ရိုသေပြီး မိခင်ဖြစ်သူကြောင့် ချစ်သူကို ပစ်ခွာလိုက်သည့် အချိန်တွင် ပြောင်းလဲသွားသော အောင်ရဲလင်း၏ ဇာတ်ကောင် စရိုက်သည် သိသာခဲ့ သကဲ့သို့ ကတုံးတုံး၊ တက်တူးများထိုးကာ ဆေးသမား ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင် ထားသည်ကို တွေ့ရသည်။

ထို့ပြင် အနမ်းဝိုင် ဇာတ်ကားသည်လည်း စိတ်ကူးယဉ် အချစ်ဇာတ်လမ်း ဖြစ်သည့်အပြင် အောင်ရဲလင်း၏ သရုပ်ဆောင်ချက် တစ်ခုစီတိုင်းတွင် မျက်နှာအပြောင်းအလဲ အတက် အကျများ ရှိခဲ့ကြောင်း၊ ဆက်လက်ပြီး The One Championship ဇာတ်ကားကို မေလအတွင်း ရိုက်ကူးမည် ဖြစ်ကြောင်း သိရသည်။(MWD)

No comments:

Post a Comment