ရန်ကုန် ဖေဖော်ဝါရီ ၁၉
အမေရိကန်အခြေစိုက် ကမ္ဘာလှည့်ခရီး သည်တင်အပျော်စီးသင်္ဘော MS WORLD ODYSSEY သည် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းဆိပ်ကမ်းမှ တစ်ဆင့် Destimation Asia Co.,Ltd. ၏ အစီအစဉ်ဖြင့် ရန်ကုန်တိုင်း ဒေသကြီး ကျောက်တန်းမြို့နယ်ရှိ MYANMAR INTEGRATED PORT LIMITED (MIPL) ဆိပ်ကမ်းသို့ ယနေ့ နံနက်ပိုင်းတွင် ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအပျော်စီးသင်္ဘော MS WORLD ODYSSEY တွင် ကပ္ပတိန် ဂရိနိုင်ငံသား Mr. Komstamtimos Siamantas က ဦးဆောင်သော သင်္ဘောဝန်ထမ်း ၁၈ဝဦး၊ ခရီးသည် ၆၃၅ ဦး စုစုပေါင်း ၈၁၅ ဦး လိုက်ပါ လာကြသည်။ အပျော်စီးသင်္ဘောပါ ခရီးသည်များအနက်မှ ခရီးသည် ၃၇ဝ ဦးသည် နံနက် ၈နာရီ ၄၅မိနစ်တွင် မော်တော် ယာဉ်များဖြင့် ရန်ကုန်မြို့တွင်းသို့ လည်းကောင်း၊ ခရီးသည် ၄၇ ဦးတို့သည် နံနက် ၉နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပုဂံ၊ မန္တလေးသို့ လေကြောင်းလိုင်းဖြင့် လည်းကောင်း သွားရောက် လေ့လာ ကြသည်။
၎င်းသင်္ဘောသည် ဖေဖော်ဝါရီ ၂၄ရက်တွင် မြန်မာနိုင်ငံမှ တစ်ဆင့် အိန္ဒိယ နိုင်ငံ ကိုချင်း ဆိပ်ကမ်းသို့ ဆက်လက် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။မြ၀တီ
No comments:
Post a Comment