ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသည့်အနေဖြင့် ပုသိမ်မြို့နယ်အတွင်းမှ ပန်းတစ်ပွင့်ကျွန်းအား The Lady Island အဖြစ်သတ်မှတ်ရန်စီစဉ်နေ
ပုသိမ် ဖေဖေါ်ဝါရီ၃ရက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသည့်အနေဖြင်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့ အနီး ဘောမိကျေးရွာအုပ်စုအတွင်းတည်ရှိသည့် ပန်းတစ်ပွင့်ကျွန်းအားThe Lady Island အဖြစ်သတ်မှတ်ရန် ဒေသခံများနှင့် ကျေးရွာအုပ်ချုပ်ရေးပိုင်းမှ စီစဉ်လျက်ရှိကြောင်းသတင်းရရှိသည်
၎င်းကျွန်းသည် အကျယ်ဧရိယာ ၄၆.၅၄ ဧကရှိပြီး ကမ်းစပ်ရေကြည်လင်ခြင်း ငါးမျိုးစိတ်များစွာကို ကမ်းစပ်ရေပြင်အတွင်း တွေ့ရှိနိုင်ခြင်း သဘာဝကျောက်တန်းများစွာရှိခြင်း ကမ်းပေါ်ရှိတောအုပ်ထဲတွင်လည်း သမင် ဂျီ ဆတ် ဖွတ် မျောက် စသည့် တောကောင်များရှိနေခြင်းများကြောင့် ဒေသခံများမှ သာယာလှပသည့်ကျွန်းအဖြစ်သတ်မှတ်ပြီး သစ်ခုတ်ခြင်းမပြုရန် သားငါးများဖမ်းယူခြင်းမပြုရန်နှင့် သဲကျောက်များထုတ်ယူခြင်း မပြုရန်စောင့်ရှောက်ထားသည့်ကျွန်းတစ်ကျွန်းဖြစ်သည်ဟုဘောမိကျေးရွာတွင်နေထိုင်သူကိုစိုးမိုးထံမှသိရသည်
ပုသိမ်GPIရုံးမှ ကိုတင်ကိုလင်း အကြံညဏ်ပေးမူ့ဖြင့် ဒေသခံများမှ တိုင်ပင်ကာ သဘောတူကြပြီးနောက်ဝမ်းမြောက်ဝမ်းသာဖြင့် ယခုလိုဂုဏ်ပြုအမည်သတ်မှတ်ရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။
"အမေဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ သတ်မှတ်တဲ့ ကျွန်းတစ်ကျွန်းမှ မရှိသေးလို့ ကျွန်တော်တို့တွေ နှစ်ပေါင်းများစွာ စောင့်ရှောက်လာတဲ့ ဒီလိုသာယာလှပတဲ့ ကျွန်းလေးကို ဒေသခံတွေအားလုံး သဘောတူညီမှုနဲ့ ဝမ်းမြောက်ဝမ်းသာသတ်မှတ်တာပါ"ဟု ဘောမိကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦးရန်နိုင်ကပြောသည်။
The Lady Island အဖြစ်သတ်မှတ်ခြင်းအထိမ်းအမှတ်အဖြစ် ကျွန်းအမည်ဖြင့်လိုက်ဖက်ရန် စကျင်ကျောက်ဖြင့်ထွင်းထုထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ပန်းတစ်ပွင့်ထဲပန်ဆင်ထားသည့် ရုပ်ထုကြီးအား ကျွန်းရှိအကြီးဆုံး ကျောက်တောင်ပေါ်တွင်ထားရှိသွားမည်ဖြစ်ကြောင်း သိရှိရသည်။
"မြန်မာနိုင်ငံအပေါ်အရမ်းတာဝန်ကျေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အခုအနောက်နိုင်ငံတွေက ပေးသမျှဆုတွေ ရုပ်သိမ်းနေတဲ့အချိန် ဒီဒေသကသူတွေက သူတို့နိုင်ငံမှာပေးတဲ့ဆုမို့သူတို့ ပြန်ရုပ်သိမ်းလို့ရတာလို့ မြင်မိကြတယ် ဒါကြောင့် ကိုယ်ဒေသမှာတန်ဖိုးထားတဲ့ကျွန်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီလို လုပ်ပေးရင်ဘယ်သူမှ ပြန်ရုပ်သိမ်းလို့ မရတော့ဘူး တိုင်ပင်မိလို့ ဒီလိုလုပ်တာပါ´ဟု ရွှေသောင်ယံမြို့ခံ ဦးထွန်းထွန်းနိုင်က ပြောသည်
"အကြံညဏ်ပေးတဲ့ ကိုတင်ကိုလင်းကိုလည်း ကျေးဇူးတင်မိတယ် ခုလို့မြန်မာနိုင်ငံ မှာအမေစုအတွက် ပထမဆုံး ဂုဏ်ပြုတဲ့အနေနဲ့သတ်တ်မှတ်ခွင့်ရတဲ့အတွက်လည်း ဒီဒေသခံအနေနဲ့ ဂုဏ်ယူမိတယ် ဒီဒေသခံအားလုံးကလည်းအမေစုကိုလေးစားတယ် အရင်ကဒီကျွန်းက စီးပွားရေးလုပ်ငန်းရှင်တွင်မျက်စိကျနေတဲ့နေရာပေါ့ ခုလိုသတ်မှတ်လိုက်တဲ့အတွက် အစစအရာရာကို သက်ဆိုင်ရာကလည်းထိမ်းသိမ်း စောက့်ရှောက်သွားမယ် အဲဒါဆိုသဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရာလည်းကျတယ်"ဟု ဘောမိကျေးရွာ ဒေသခံကိုစိုမိုးကပြောသည်
ပန်းတစ်ပွင့်ကျွန်းသည် ရှေးအခါက မောင်နှစ်မ ၂ ဦးနေထိုင်ဖူးပြီး မောင်ဖြစ်သူ ပင်လယ်ထဲ ငါးဖမ်းထွက်လျှင် အစ်မဖြစ်သူက အမြဲတမ်းပန်းတစ်ပွင့် ပန်ဆင်ပြီးမောင်ငယ်ဖြစ်သူ ပြန်အလာကို ကျောက်တောင်ပေါ်မှ မျှော်ခဲ့သဖြင့် ပန်းတစ်ပွင့်ကျွန်းဟုခေါ်ထွင်ခဲ့ကြပြီး ဒေသတွင်း လေပြင်းတိုက်ခတ်ခြင်းမုန်တိုင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်လျှင်လည်း ငါးဖမ်းသင်္ဘောများ လှေများ ဆိုက်ကပ်နားခိုလေ့ရှိသည့် ကျွန်းတစ်ကျွန်း ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
ရွှေရည်ဝင်း
Saturday, February 3, 2018
ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသည့်အနေဖြင့် ပုသိမ်မြို့နယ်အတွင်းမှ ပန်းတစ်ပွင့်ကျွန်းအား The Lady Island အဖြစ်သတ်မှတ်ရန်စီစဉ်နေ
ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသည့်အနေဖြင့် ပုသိမ်မြို့နယ်အတွင်းမှ ပန်းတစ်ပွင့်ကျွန်းအား The Lady Island အဖြစ်သတ်မှတ်ရန်စီစဉ်နေ
Reviewed by Ar Ti
on
8:06 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment