Latest News

Saturday, February 3, 2018

အာဆီယံ ဒေသတွင်း အသန့်ရှင်းဆုံး ခရီးသွားမြို့များအဖြစ် မြန်မာနိုင်ငံမှ မြို့သုံးမြို့  ရွေးချယ်ခံရ

အာဆီယံ ဒေသတွင်း အသန့်ရှင်းဆုံး ခရီးသွားမြို့များအဖြစ်
မြန်မာနိုင်ငံမှ မြို့သုံးမြို့  ရွေးချယ်ခံရ
 
၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၂၆ ရက်က ကျင်းပသည့် အာဆီယံခရီးသွားဖိုရမ် (ATF) ပိတ်ပွဲ အခမ်းအနားတွင် အာဆီ ယံဒေသတွင်း အသန့်ရှင်းဆုံး ခရီးသွားမြို့ များအဖြစ် မြန်မာနိုင်ငံမှ ပြင်ဦးလွင်၊ ကလောနှင့် ပုဂံမြို့တို့အား ဆုများ ပေးအပ်ခဲ့ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်မီမီခိုင်ထံမှ သိရသည်။

''အာဆီယံဒေသတွင်း အသန့်ရှင်းဆုံး ခရီးသွားမြို့တော်ဆု အနေနဲ့ သူတို့ရဲ့ သတ်မှတ်ချက် တွေနဲ့ ကိုက်ညီတဲ့ မြို့သုံးမြို့ကို ရွေးချယ်ပြီး ဆုပေးခဲ့တာ ဖြစ်ပါတယ်။ ဆုရသွားပြီး အဲဒီစံနှုန်းတွေကို ဆက်လက် လိုက်နာမယ် ဆိုရင် မြို့ရဲ့ အရည်အသွေးလည်း တိုးတက် လာသလို နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ ကြားမှာလည်း ပိုပြီး လူသိများလာနိုင်ပါတယ်'' ဟု ဒေါ်မီမီခိုင်က ပြောသည်။

အာဆီယံ ဒေသတွင်း အသန့်ရှင်းဆုံး ခရီးသွား မြို့များအဖြစ် ရွေးချယ် ခံရသည့် မြန်မာနိုင်ငံမှ မြို့များအ နေဖြင့် လက်ရှိစံနှုန်းများကို ဆက်လက် ထိန်းသိမ်းနိုင်ပါက နိုင်ငံတကာ ခရီးသွား များကြား ပိုမို လူသိများလာနိုင်ကြောင်း သိရသည်။ ပြင်ဦးလွင်၊ ကလောနှင့် ပုဂံမြို့တို့သည် အမှိုက်ကင်းစင်ခြင်း၊ ပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ခြင်းနှင့် အများပြည်သူ အပန်းဖြေနေရာများ စီစဉ်ပေးထားခြင်း အစရှိသည့် အချက်များ အပါအဝင် အာဆီယံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်မှ သတ်မှတ်ထားသည့် စံနှုန်းများနှင့် ကိုက်ညီမှု ရှိသဖြင့် ဆုများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(MWD)

No comments:

Post a Comment