Latest News

Saturday, February 3, 2018

ငယ်ကျွန် ရုပ်ရှင်ဇာတ်ကားက ဇာတ်ကောင်စရိုက်အတွက် အကယ်ဒမီ မမှန်းပါဘူးဟု ရွှေမှုံရတီ ပြော

ငယ်ကျွန် ရုပ်ရှင်ဇာတ်ကားက ဇာတ်ကောင်စရိုက်အတွက် အကယ်ဒမီ မမှန်းပါဘူးဟု ရွှေမှုံရတီ ပြော

ငယ်ကျွန်ရုပ်ရှင် ဇာတ်ကားထဲက ဇာတ်ကောင်စရိုက်အတွက် အကယ်ဒမီ မမှန်းထားကြောင်း သရုပ်ဆောင် ရွှေမှုံရတီက ပြောသည်။
''အကယ်ဒမီ ဆိုတာက နတ်ကြီးပါတယ်။ အကယ်ဒမီရဖို့ မမျှော်လင့် ထားပါဘူး။ ညီမတို့ အနုပညာ သက်တမ်း အရရော ညီမလုပ်နေတဲ့ အလုပ်တွေ အတွက်ပါ တွေးရမှာ ကြောက်ပါတယ်။

အကယ်ဒမီဆိုတာ လူကြီးမှတ်ချက် ပေးရတာဖြစ်လို့ ဘယ်လိုပဲ ဖြစ်ပါစေ လူကြီးတွေက ကောင်းတယ်လို့ ချီးကျူးတာလေး အပြောခံရရ ကျေနပ်ပါပြီ''ဟု ရွှေမှုံရတီက ပြောသည်။ ငယ်ကျွန် ရုပ်ရှင်ဇာတ်ကားတွင် ကြိုးစား သရုပ်ဆောင် ထားသည့် အတွက်လည်း သူမ၏ သရုပ်ဆောင်ချက် များကို လေးစားမိကြောင်း ဝါရင့် အနုပညာရှင် အကယ စိုးမြတ်သူဇာက ချီးကျူး စကားဆိုခဲ့သည်။

 ''အဲဒီ စကားတစ်ခွန်း တည်းနဲ့တင် ဝမ်းသာ လှပါတယ်။ ဒီလို ချီးကျူး စကားတွေကပဲ ညီမကို အလုပ်တွေပိုပြီး လုပ်ဖြစ် စေပါတယ်။ အလုပ်တွေ ပိုပြီး လုပ်နိုင်အောင် ကြိုးစားချင် စိတ်ကို ဖြစ်ပေါ်စေတယ်။ ညီမအတွက် ကတော့ အကယ်ဒမီ ဆိုတာကို မတွေးရဲပါဘူး။ ဒါပေမဲ့ အကယ်ဒမီ ရသင့်ရထိုက်တဲ့ သူတွေကိုတော့ ရစေချင်ပါတယ်'' ဟု ရွှေမှုံရတီက ပြောသည်။(MWD)

No comments:

Post a Comment