Latest News

Wednesday, February 7, 2018

နှစ် ၁ဝဝ ခန့်သက်တမ်းရှိ ညောင်ပင်လဲကျပြီး ပိမိ၍ သုံးဦး သေ၊ လေးဦး ဒဏ်ရာရ

နှစ် ၁ဝဝ ခန့်သက်တမ်းရှိ ညောင်ပင်လဲကျပြီး ပိမိ၍ သုံးဦး သေ၊ လေးဦး ဒဏ်ရာရ

နေပြည်တော်  ဖေဖော်ဝါရီ   ၇

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် ပသုတ်ကျွန်းကျေးရွာ နေ ဦးအင်ပို(၅၈ နှစ်)၏ နေအိမ်ပေါ်သို့   ဖေဖော်ဝါရီ ၆ ရက်  ည ၁၁ နာရီ ၅၅ မိနစ်က  ညောင်ပင်လဲကျပိမိ၍  လူသေဆုံး၊ ဒဏ်ရာရရှိမှုဖြစ်ပွားကြောင်း  သိရသည်။

သတင်းအရ   ကျွန်းစုမြို့မရဲစခန်းမှ    တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ   ရွာလယ်ပိုင်း   ကွန်ကရစ်လမ်းဘေး ဘုန်းကြီးကျောင်းအနီး နှစ် ၁ဝဝ ခန့် သက်တမ်းရှိ လုံးပတ် ပေ ၄ဝ၊ အမြင့် ပေ ၈ဝ ခန့်   ညောင်ပင်မှာ  အပင်အောက်ခြေမှ ဆွေးမြည့်လဲကျစဉ် လမ်းတစ်ဖက်ရှိ ဦးအင်ပို၏ နေအိမ်ပေါ်သို့ ပိမိသဖြင့် နေအိမ်အတွင်း အိပ်ပျော်နေသည့် ဦးအင်ပို၊ ခွင့်ဖြင့် နေအိမ်သို့    ရောက်ရှိနေသော  သမက်ဖြစ်သူ    ရဲတပ်ကြပ် ဇော်မင်းလတ်(၄၂ နှစ်)၊ မြေးဖြစ်သူ မမီမီဇော်(လေးနှစ်)တို့ တွင် ဒဏ်ရာများရရှိကာ သေဆုံးသွားပြီး ဒေါ်လှကြည်(၅၆ နှစ်)အပါအဝင် လေးဦးတို့တွင်  ဒဏ်ရာများ ရရှိခဲ့သောကြောင့်   ကျွန်းစုမြို့မရဲစခန်း၌    သေမှုသေခင်းဖွင့်    စစ်ဆေးလျက်ရှိ ကြောင်း  သိရသည်။ ကိုရဲ(မြန်​မာ့အလင်း)

No comments:

Post a Comment