Latest News

Monday, February 19, 2018

ပူတာအိုမြို့နယ်ရှိ ဆွမ်ပရာဘွမ်-ပူတာအို သွားကားလမ်းပေါ်ရှိ တံတား ၁ စင်းအား KIA အကြမ်းဖက် သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲ

ပူတာအိုမြို့နယ်ရှိ ဆွမ်ပရာဘွမ်-ပူတာအို သွားကားလမ်းပေါ်ရှိ တံတား ၁ စင်းအား KIA အကြမ်းဖက် သောင်းကျန်းသူများက
မိုင်းထောင်ဖောက်ခွဲ

နေပြည်တော် ၊ ဖေဖော်ဝါရီ - ၂၀

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရှိ ဆွမ်ပရာဘွမ်-ပူတာအို သွားကားလမ်း မိုင်တိုင်အမှတ်၊ ၁၄၇/၆-၇ ၊ တံတားအမှတ်၊ ၆/၁၄၈ ၊ အရှည် ၂၃၅ ပေ သံဘောင် ဘေလီတံတားအား ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၇ နာရီခန့်တွင် KIA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တံတားအောက် ဘက် သံဘောင်များနှင့် တံတားမျက်နှာပြင် ယာဉ်သွားလမ်းများပျက်စီးခဲ့သည်။

အဆိုပါနေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။မြ၀တီ

No comments:

Post a Comment