တစ်ဦးချင်းမော်တော်ယာဉ်တင်သွင်းခွင့် Free Permit ကို ရပ်ဆိုင်းခဲ့သည့်အတွက် ပြည်သူများနစ်နာနေကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ပြောကြား
ရန်ကုန် ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ လူပုဂ္ဂိုလ်တစ်ဦးချင်း အလိုက် မော်တော်ယာဉ်တင်သွင်းခွင့် Free Permitကို ရပ်ဆိုင်းခဲ့သည့်အတွက် ရန်ကုန်မြို့နေပြည်သူများ အနေဖြင့် အလွန်ပင်နစ်နာကြောင်း လသာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်က ပြောကြားသည်။
ယခင်က ရန်ကုန်နေပြည်သူအများစုအနေဖြင့် မော်တော်ယာဉ်ကို စလစ်ဖြင့်တင်သွင်းခြင်းနှင့် လူ ပုဂ္ဂိုလ်တစ်ဦးချင်းအလိုက် မော်တော်ယာဉ်တင်သွင်း ခြင်းဟူ၍ အစီအစဉ်နှစ်ရပ်ရှိခဲ့ပြီး လူပုဂ္ဂိုလ်တစ်ဦးချင်း အနေဖြင့် တင်သွင်းသောအခါတွင် ပြည်သူလူထုအနေ ဖြင့် သက်သက်သာသာ တင်သွင်းခွင့်ရရှိခဲ့သည့်အတွက် အဆင်ပြေခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လွန်ခဲ့သော နှစ်နှစ် ခန့်မှစ၍ Free Permit ဖြင့် တင်သွင်းခြင်းကို ရပ်ဆိုင်း ခဲ့ခြင်းဖြစ်ပြီး ထိုသို့ရပ်ဆိုင်းခဲ့သော်လည်း အခြား တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် မော်တော်ယာဉ်တင် သွင်းခွင့် ဆက်လက်ရရှိခဲ့ရာ အကျိုးဆက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ မော်ဒယ်တူ၊ အက္ခရာ တူ၊ ကားချင်းတူသော်လည်း သိန်း ၇ဝ မှ သိန်း ၁ဝဝ ကြား ဈေးပိုများနေခြင်းကို တွေ့ရသောကြောင့် ရန်ကုန် နေပြည်သူလူထုအတွက် အလွန်ပင် နစ်နာကြောင်း ဖေဖော်ဝါရီ ၂ဝ ရက်က ကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်အစည်းအဝေးတွင် တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောကြားသည်။
ထို့ပြင် မော်တော်ယာဉ်ဥပဒေပုဒ်မ ၄၅ အရ အများ ပြည်သူပိုင်ဆိုင်ရာ လမ်းများပေါ်တွင် မှတ်ပုံတင်ထား သော မည်သည့်မော်တော်ယာဉ်မဆို မောင်းနှင်ခွင့်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် အခြားတိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ ကားများကို အမြောက်အမြား တွေ့ရှိနေရကြောင်း၊ ယင်းသို့ဖြစ်နေခြင်းကိုလည်း ဥပဒေအရ တားဆီး၍ရနိုင်မည်မဟုတ်ဘဲ အခြားတိုင်း ဒေသကြီးများတွင် မှတ်ပုံတင်ထားသော မော်တော် ယာဉ်များ ဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး အနေဖြင့် အဆိုပါမော်တော်ယာဉ်များ၏ မှတ်ပုံတင် ကြေး၊ ဘီးခွန်အစရှိသော အခွန်အခများ နစ်နာဆုံးရှုံး လျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ပြည်သူများ အနေဖြင့် အဆိုပါကားများကို တင်သွင်းခွင့်မရခြင်းက အစိုးရရော ပြည်သူပါ နှစ်ဖက်စလုံး နစ်နာနေသည်ကို တွေ့ရှိရပါကြောင်း လွှတ်တော်ကိုယ်စားလှယ်က ဆက်လက်ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးမြင့်သောင်းက ယခု ၂ဝ၁၈ ခုနှစ်အတွင်း၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်တင် သွင်းခွင့်မူဝါဒကို တိုင်းဒေသကြီးအစိုးရမှ ပြန်လည်စိစစ် သုံးသပ်လျက်ရှိကြောင်းနှင့် အသစ်ကျင့်သုံးမည့် မော် တော်ယာဉ်တင်သွင်းခွင့် ဆောင်ရွက်မည့် အစီအစဉ် သစ်ကို တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်သူတို့ထံ အချိန်မီ ကြိုတင်အသိပေးပြီးမှ ဆောင်ရွက်မည်ဖြစ် ကြောင်း ပြောကြားသည်။
လက်ရှိအချိန်တွင် မြန်မာတစ်နိုင်ငံလုံး၌ မော်တော် ယာဉ်အစီးရေပေါင်းမှာ ၈ ဒသမ ၈ သိန်းကျော် ရှိ ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မှတ်ပုံတင် ထားသော ကားအစီးရေမှာ ငါးသိန်းခန့်ရှိကြောင်း သိရ သည်။
သတင်း- ထင်ပေါ်ဝင်း(ကမာရွတ်)
ဓာတ်ပုံ - တင်စိုး(မြန်မာ့အလင်း)
Friday, February 23, 2018
တစ်ဦးချင်းမော်တော်ယာဉ်တင်သွင်းခွင့် Free Permit ကို ရပ်ဆိုင်းခဲ့သည့်အတွက် ပြည်သူများနစ်နာနေကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ပြောကြား
တစ်ဦးချင်းမော်တော်ယာဉ်တင်သွင်းခွင့် Free Permit ကို ရပ်ဆိုင်းခဲ့သည့်အတွက် ပြည်သူများနစ်နာနေကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ပြောကြား
Reviewed by Ar Ti
on
12:58 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment