Latest News

Friday, February 23, 2018

စည်းကမ်းမဲ့ရပ်နားသည့်ကားများ လိုက်လံဖမ်းဆီးရာ ၁၃ ရက်အတွင်း၉၁ စီးဖမ်းမိ

စည်းကမ်းမဲ့ရပ်နားသည့်ကားများ လိုက်လံဖမ်းဆီးရာ  ၁၃ ရက်အတွင်း၉၁ စီးဖမ်းမိ


မြစ်ကြီးနား ဖေဖော်ဝါရီ  ၂၂

ကချင်ပြည်နယ်  မြစ်ကြီးနားမြို့ပေါ်တွင် ယာဉ်မတော်တဆမှုများ  ကင်းရှင်းစေ ရန်အတွက်   စည်းကမ်းမဲ့ရပ်နားသည့် မော်တော်ယာဉ်များကို  မြစ်ကြီးနားမြို့ အမှတ်(၉၈)       ယာဉ်ထိန်းတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရာ ဖေဖော်ဝါရီ ၇ ရက် မှ ၁၉ ရက်အထိ ၁၃ ရက်အတွင်း ယာဉ် စီးရေ ၉၁ စီးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စည်းကမ်းမဲ့မော်တော်ယာဉ်များကို ဖမ်းဆီးရာတွင် ယာဉ်နှစ်ထပ်ရပ်ခြင်း၊ ပလက်ဖောင်းနှင့်   တစ်ပေထက်ပိုခွာ၍ ရပ်ခြင်း၊ ယာဉ်ကြောပြောင်းပြန်ရပ်ခြင်း၊ ဖြူနီကြား၌   ရပ်ခြင်း၊  လမ်းထောင့်၌ ရပ်ထားခြင်း စသည့် စည်းကမ်းမဲ့စွာ ရပ် နားထားသည့် ယာဉ်များကို ဖမ်းဆီးခဲ့ ခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့ အမှတ် (၉၈) ယာဉ်ထိန်းတပ်ဖွဲ့ရုံးမှ သိရသည်။

''စည်းကမ်းမဲ့ရပ်ထားတဲ့ ကားတွေကို ဖမ်းတာပါ၊ ပိုင်ရှင်မရှိတဲ့ ကားတွေကျ တော့ ကားဘီးကို သော့ခတ်တဲ့စနစ်နဲ့ ဖမ်းပါတယ်၊ ပညာပေးကာလမှာ ယာဉ် စည်းကမ်းလိုက်နာဖို့ လူတွေ၊ ယာဉ်တွေ ကို ရပ်ခိုင်းပြီး ယာဉ်စည်းကမ်းပညာပေး လက်ကမ်းစာစောင်တွေဝေတယ်၊ နှုတ် နဲ့လည်းပြောပါတယ်''ဟု အဆိုပါတပ်ဖွဲ့ မှ ဒုရဲမှူးကျော်စိုးဦးက ပြောသည်။

မြစ်ကြီးနားမြို့တွင်   စည်းကမ်းမဲ့ မော်တော်ယာဉ်များ ရပ်နားမှုအများဆုံး နေရာများမှာ ဈေးကြီးပတ်လည်၊  ဘူတာ ရှေ့၊ ဘဏ်ရှေ့ စသည့် လူစည်ကားသည့် နေရာများတွင်  အများဆုံးဖြစ်ကြောင်း နှင့် ယခုစည်းကမ်းမဲ့ရပ်နားမှုကြောင့် ဖမ်းဆီးထားခဲ့သည့် မော်တော်ယာဉ်များ ကို တရားရုံး၌ ကားတစ်စီးလျှင် ငွေကျပ် နှစ်သောင်း ဒဏ်ငွေပေးဆောင်စေခြင်း၊ ဒဏ်ငွေ    မပေးဆောင်နိုင်သူများကို ယာဉ်မောင်းလိုင်စင်ရှိပါက ယာဉ်မောင်း လိုင်စင် သိမ်းဆည်းခြင်းများနှင့် ပညာ ပေးခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။
မင်းမင်းဦး(EPN)

No comments:

Post a Comment