Latest News

Friday, February 23, 2018

နိုင်ငံခြားသူ ဂျပန်အမျိုးသမီးထံမှ လက်ကိုင်တယ်လီဖုန်း၊ ငွေနှင့်ပစ္စည်းများကို လုယက်ယူသူများအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၃
..
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရေတာရှည်ရပ်ကွက်၊ ရွှေဂုံတိုင်\
လမ်းပေါ်တွင် ဂျပန်နိုင်ငံသူ အမျိုးသမီး တစ်ဦးနှင့် မြန်မာအမျိုးသမီးတို့မှ
ကားငှားရန် စောင့်ဆိုင်းနေစဉ် အငှားယာဉ်တစ်စီးဖြင့် ရောက်ရှိလာသူ
အမျိုးသား (၃) ဦးတို့က ဂျပန်အမျိုးသမီးတစ်ဦးလွယ်ထားသည့်
ကာကီရောင် ကျောပိုးအိတ်အား လုယူ ထွက်ပြေးသွားသဖြင့် ဗဟန်းမြို့မ
ရဲစခန်းသို့ တိုင်တန်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က
ပြစ်မှုကျူးလွန် သူ (၄)ဦးအား ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ
ခဲ့ကြောင်း သိရသည်။
..
ဖြစ်စဉ်မှာ ၂၂.၂.၂၀၁၈ ရက်နေ့နံနက် ၄ နာရီအချိန်တွင် ဗဟန်းမြို့နယ်ရှိ
Outer Room စားသောက်ဆိုင် မန်နေဂျာဖြစ်သူ ဂျပန်နိုင်ငံသူ Ms. Yukiko
Cumida ၊ (၂၆) နှစ် မှ သူငယ်ချင်းဖြစ်သူ မြန်မာအမျိုးသမီးတစ်ဦး နှင့်
အတူ နေအိမ်သို့ပြန်ရန် ဗဟန်းမြို့နယ်၊ ရေတာရှည်ရပ်ကွက်၊ ရွှေဂုံတိုင်
လမ်းဘေး ကမ္ဘောဇဘဏ်ရှေ့တွင် ကားငှားရန်စောင့်ဆိုင်းနေစဉ်
အမည်မသိ အမျိုးသားသုံးဦး ရောက်ရှိလာပြီး တစ်ဦးမှ ဂျပန်အမျိုးသမီးအား
လည်ပင်းအား သိုင်းဖက်ချုပ်ထားပြီး ကျန်နှစ်ဦးမှ ပခုံးတွင်လွယ်ထားသည့်
ကာကီရောင်ကျောပိုးအိတ်အား လုယူခဲ့ပြီး မ လှမ်းမကမ်းတွင်ရှိသည့်
အငှားယာဉ် တစ်စီးပေါ်သို့ တက်ရောက်စီးနင်း ထွက်ပြေးသွားခဲ့ကြောင်း၊
၎င်း၏ အိတ်အတွင်းမှ မြန်မာငွေ ၊ US ဒေါ်လာ၊ လက်ကိုင်ဖုန်း(၁)လုံး၊
ပတ်စပို့စာအုပ်(၁) အုပ် ၊ စုစုပေါင်း ‎၁၁၆၅၀၀၀ ကျပ်ခန့် လုယက်ယူေ
ဆောင်သွားကြောင်း ဗဟန်းမြို့မရဲစခန်းသို့ တိုင်ကြားသဖြင့်
(ပ) ၁၂၇ / ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အရေးယူဆောင်ရွက်ခဲ့
ပါသည်။
..
အမှုမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် အနောက်ပိုင်း
ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင်မှုခင်းနှိမ်နင်း ရေးဌာနစုနှင့် ဗဟန်းမြို့မရဲစခန်း
တို့မှ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင်
အသုံးပြုသည့် ယာဉ်မှာ 1G ......၊ Nissan AD VAN အမျိုးအစား
မော်တော်ယာဉ်ဖြစ်ကြောင်းသိရှိရသဖြင့် ပိတ်ဆို့ရှာဖွေ ဖမ်းဆီးခဲ့ရာ
၂၂.၂.၂၀၁၈ ရက်နေ့ ၁၉၁၀ အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ် ၊
လေးထောင့်ကန် လမ်းမ အသင်းတိုက်ကားမှတ်တိုင်အနီးတွင် အဆိုပါ
မော်တော်ယာဉ်အား လှိုင်သာယာမြို့နယ်နေ ယာဉ်မောင်း စည်သူအောင်
(ခ) စည်သူ ၊ (၂၄ ) နှစ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
..
စည်သူအောင် (ခ) စည်သူ ၏ စစ်ဆေးဖော်ထုတ်ချက်အရ ပြစ်မှုကျူးလွန်ရာ
တွင် ကြည့်မြင်တိုင် မြို့နယ်နေ ကျော်သက်နိုင် (ခ)ကျော်လေး (၁၉) နှစ်၊
သီဟကျော်(ခ) ဖိုးသား (၂၂) နှစ်နှင့် အင်းစိန်မြို့နယ်နေ ဇွဲကိုကို (ခ) ဇွဲ
(၁၇) နှစ်တို့ဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ
၂၃.၂.၂၀၁၈ ရက်နေ့ နံနက် ၀၄၃၀ အချိန်တွင် ကြည့်မြင်တိုင်မြို့နယ် ၊
စက်ဆန်းရပ်ကွက်၊ ဗန္ဓုလလမ်းပေါ်တွင် ဖမ်းဆီးရမိခဲ့ပါသည်။
..
ပြစ်မှုကျူးလွန်သူများ၏ ထွက်ဆိုချက်အရ ၂၁.၂.၂၀၁၈ ရက်နေ့ ၂၃၀၀ အချိန်ခန့်က ယာဉ်မောင်း စည်သူအောင် (ခ) စည်သူ မောင်းနှင်သော ယာဉ်အမှတ် 1G ...... Nissan AD VAN ဖြင့် ကျော်သက်နိုင် (ခ)ကျော်လေး ၊ သီဟကျော်(ခ) ဖိုးသား၊ ဇွဲကိုကို (ခ) ဇွဲ လိုက်ပါလာပြီး ဗဟန်းမြို့နယ်၊ ရေတာရှည်ရပ်ကွက်၊ ရွှေဂုံတိုင်လမ်းဘေး ကမ္ဘောဇဘဏ်ရှေ့တွင် ထိုင်နေသည့် အမျိုးသမီးနှစ်ဦးအားတွေ့သဖြင့်ကျော်သက်နိုင် (ခ)ကျော်လေးတို့ (၃) ဦးမှ ကားပေါ်မှဆင်းပြီး အမျိုးသမီးတစ်ဦး လွယ်ထားသည့် ကာကီရောင်ရှုံ့ကြိုးပါ ကျောပိုးအိတ်အားလုယူခဲ့ပြီးစည်သူအောင် (ခ) စည်သူ မောင်းနှင်သည့် AD VAN ပေါ်သို့ တက်ရောက်ထွက် ပြေးခဲ့ကြောင်း သိရသည်။
..
၎င်းတို့၏ ထွက်ဆိုချက်အရလုယက်ယူဆောင်ခဲ့သည့် လက်ကိုင်ဖုန်း ( ၁ )လုံး၊ မြန်မာငွေ၊ ဂျပန်နိုင်ငံသုံးငွေ၊ Us ဒေါ်လာ ၊ ကာကီရောင်ကျောပိုးအိတ် (၁)အိတ်၊ မှတ်စုစာအုပ် (၁)အုပ်၊ ဧရာဝတီဘဏ်ကတ်(၁)ခု၊ဆေးလိပ်ထည့်သည့် ဗူး(၁) ဗူး၊ Memory Strick (၁)ခု၊ သော့ချိတ်ရီမု(၂ )ခုနှင့်ဘော့ပင်(၁)ချောင်းတို့ကို ပြန်လည်သိမ်းဆည်းရမိခဲ့ပါသည်။
..
ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးလျက်ရှိပြီး ကျန်ရှိသက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်း ရမိရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် အခြားပြစ်မှုများ ကျူးလွန်ထားခြင်း ရှိ/မရှိ စစ်ဆေးလျက်ရှိကြောင်း
သတင်းရရှိ ပါသည်။
Yangon Police

No comments:

Post a Comment