Latest News

Friday, February 23, 2018

အဆိုတော် Billy လမင်းအေး၏ အရှုံးမပေးတဲံ ဝိညာဉ် တေးစီးရီး မိတ်ဆက်ပွဲကျင်းပ

အဆိုတော် Billy လမင်းအေး၏ အရှုံးမပေးတဲံ ဝိညာဉ် တေးစီးရီး မိတ်ဆက်ပွဲကျင်းပ

အဆိုတော် Billy လမင်းအေး၏ အရှုံးမပေးတဲ့ ဝိညာဉ်အမည်ရှိ ပထမဆုံး တေးစီးရီးကို ရန်ကုန်မြို့ရှိ Junction City Promotion Area ၌ မတ် ၃ ရက်တွင် စတင်ဖြန့်ချိမည် ဖြစ်ကြောင်း ရန်ကုန်မြို့ Orchid Hotel ၌ ယနေ့တွင် ကျင်းပသည့် စာနယ်ဇင်း မိတ်ဆက်ပွဲမှ သိရသည်။

 ''ဒီသီချင်းခွေမှာ သီချင်းပေါင်း ၁၄ ပုဒ်ကို ထည့်သွင်းထားတယ်။ သီချင်းခွေထဲက သီချင်း တော်တော်များများကို MTV ရိုက်ကူးထားတယ်။ နောက်ပိုင်းမှာ MTV ထုတ်မှာ ဖြစ်ပေမယ့် အခုချိန်မှာတော့ မထုတ်သေးပါဘူး။ သီချင်းတိုင်းက ခွန်အားတစ်ခု ဖြစ်စေအောင် သီဆို ထားတာကြောင့် တေးစီးရီးအမည်ကို အရှုံးမပေးတဲ့ဝိညာဉ် ဆိုတဲ့နာမည် ပေးထားတာပါ'' ဟု Billy လမင်းအေးကပြောသည်။

အဆိုပါ တေးစီးရီးတွင် တေးရေးဆရာများ ဖြစ်သော ကိုလေးလွင်၊ သုခမိန်လှိုင်၊ ဆောင်းဦးလှိုင်၊ စည်သူလွင်၊ဟဲလေး၊ ရဲလေး၊ ဝေကြီးနှင့် MHL စောခဲခဲတို့ ရေးသားပေးထားကြောင်း သိရသည်။မြ၀တီ

No comments:

Post a Comment