Latest News

Friday, February 23, 2018

ကံ့ကော်တစ်ထောင် ဗုဒ္ဓပူဇနိယဘုရားပွဲတော်နှင့် ရွှေထီးတော်တင်လှူပွဲ ကျင်းပ

ကံ့ကော်တစ်ထောင် ဗုဒ္ဓပူဇနိယဘုရားပွဲတော်နှင့် ရွှေထီးတော်တင်လှူပွဲ ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေး မြို့နယ် ကံ့ကော်တစ်ထောင် သာသနာ့ အောင်မြေဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ဖွင့်ပွဲ နှင့်ရတနာသိဒ္ဓိရွှေပုံကြီးနှင့် ရတနာသိဒ္ဓိ ငွေပုံကြီးစေတီတော်နှစ်ဆူ ရွှေထီးတော် တင်လှူပူဇော်ပွဲမင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ ၂၂ ရက်က ကျင်းပရာ နိုင်ငံတော် သြဝါဒါစရိယနှင့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင်ဆရာတော် ကြီးများ၊ ကံ့ကော်တစ်ထောင် သာသနာ ပြုဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိ ကဓဇဘဒ္ဒန္ဒ္တကေလာသ အမှူးပြုသော သံဃာတော်အရှင်သူမြတ်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး ဧရာဝတီတိုင်းဒေသ ကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးစံမင်း အောင်နှင့် အလှူရှင်များဖြစ်ကြသော ဦးရဲထွဋ် (ရှင်ရဲထွဋ်ကုမ္ပဏီ)နှင့် ဒေါ်ဥမ္မာ (ခ)ဒေါ်မေပုလဲမိသားစု၊ ဦးလွင်အောင် အေးနှင့် ဒေါ်နီနီသိန်းမိသားစုများ၊ ဒေသခံဧည့်ပရိသတ်များ တက်ရောက် ကြည်ညိုကြသည်။
ရှေးဦးစွာ နိုင်ငံတ်ာသြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တဓမ္မာနန္ဒနှင့် နိုင်ငံတော်သံဃ မဟာနာယက တွဲဖက်အကျိုးတော် ဆောင် အဂ္ဂမဟာပဏ္ဍိတ ဒွိပိဋကဓရ ဘဒ္ဒန္တအဂ္ဂဓမ္မထံသို့ အလှူရှင်များက ရွှေထီးတော်နှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဧည့်ပရိသတ်များက ရွှေထီးတော်နှင့် ဌာပနာတော်များကို ပင့်ဆောင်၍ ကံ့ကော်တစ်ထောင် သာသနာ့အောင်မြေရှိ စေတီတော်မြတ် ကြီးအား လက်ယာရစ်တစ်ပတ်လှည့် လည်ပူဇော်ကြပြီး မင်္ဂလာအချိန်တွင် ရတနာသိဒ္ဓိရွှေပုံကြီး၊ ရတနာသိဒ္ဓိ ငွေပုံကြီးစေတီတော်နှစ်ဆူ၏ ရွှေထီး တော်များကို တင်လှူပူဇော်ခဲ့ကြ သည်။
ကိုထွေး(မြန်​မာ့အလင်း)

No comments:

Post a Comment