Latest News

Thursday, February 15, 2018

ပုသိမ်တက္ကသိုလ်စာရင်းမတစ်ဦး အသတ်ခံရသည့်ဖြစ်စဉ်တွင်တရားခံမှာ သူ၏ဖခင်ရင်းကိုယ်တိုင်ဖြစ်နေ

ပုသိမ်တက္ကသိုလ်စာရင်းမတစ်ဦး အသတ်ခံရသည့်ဖြစ်စဉ်တွင်တရားခံမှာ သူ၏ဖခင်ရင်းကိုယ်တိုင်ဖြစ်နေ

ပုသိမ် ဖေဖေါ်ဝါရီ၁၅ရက်နေ့

 ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တစ်ဖက်ကမ်း လင်းကွင်းကြီးကျေးရွာအုပ်စု  ရေသိုးကုန်းကျေးရွာတွင်  ဇန်နဝါရီ၁၇ရက်နေ့ညနေ၆နာရီအချိန်ကဖြစ်ပွားခဲ့သည့် ပုသိမ်တကက္ကသိုလ် စာရေးမတစ်ဦး  အသတ်ခံသည့်ဖြစ်စဉ်တွင်သေဆုံးသူ၏ဖခင်ရင်းဖြစ်သူမှာ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ကြောင်းသတင်းရ ရှိသည်

 အဆိုပါလူ့သတ်မှူ့ကြီးကို တစ်လနီးပါးခန့်ကြာမြင့်ချိန်တွင် သေဆုံးသူ၏ ဖခင်ရင်းမောင်ပု (၆၈)နှစ်သည်  ရဲတပ်ဖွဲ့ဝင်များအား ဖေဖေါ်ဝါရီ၁၄ရကိနေ့  ညတွင် ဝန်ခံ ခဲ့သည်

ဖြစ်စဉ်မှာ ဦးမောင်ပုနှင့်မနီလာခိုင်တို့သည် သားအဖနှစ်ဦးထဲနေထိုင်ပြီး အခင်းဖြစ်ညနေက  ပုသိမ်မြို့ ကင်မလင်းကျွန်းရပ်ကွက်တွင်ဝယ်ယူသည့် မြေကွက်ကိစ္စစကားများရာမှ ဦးမောင်ပုမှအနီးရှိငရုတ်ကျည်ပွေ့ဖြင့် ထုခဲ့ပြီး သတိလစ်သွားချိန်တွင် အိမ်ရေကပြင်သို့ပွေ့ချီခဲ့ကာ ပန်းကန်စင်ပေါ်ရှိ ဓါးမြောင်ဖြင့် ရင်ဘတ်သို့ ၆ ချက်ထိုးခဲ့ပြီးနောက် ထင်းခုတ်ရဲဒင်းဖြင့် ဦးခေါင်း မျက်နှာကျောများကို ခုတ်ခဲ့ပြီးနောက် သွေးများကိုရေစင်အောင်ဆေးပြီး အလောင်းကို အိမ်သာထဲသို့သွားရောက်ထားရှိခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှုးကို ဖုန်းဆက်အသိပေးခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှသိရသည်

"သူသမီးကကင်မလင်ကျွန်းမှာမြေကွက်ဝယ်တဲ့ကိစ္စနှင့်ပက်သက်ပြီး စကားများရာမှ ခုလိုလူသတ်မှူ့ ဖြစ်ပွားခဲ့တာ ခုလိုဖခင်တစ်ယောက်အနေနဲ့ ရက်ရက်စက်စက်သတ်မယ်လို့မထင်ထားဘူး "ဟု အမှူ့အမှန် ပေါ်ပေါက်ရေး လိုက်ပါဆောင်ရွက်ပေးနေသော လင်းကွင်းကြီးကျေးရွာ အုပ်စု အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ရပ်ကျေးဥက္ကဋ္ဌ ဖြစ်သူ ဦးဌေးအောင်မှ ပြောသည်

အဆိုပါဖြစ်ရပ်ကို ရဲတပ်ဖွဲ့ဝင်များမှ လူသတ်မှူ့ဖြစ်စဉ်ကိုယနေ့ မနက်ပိုင်းတွင် သရုပ်ပြခဲ့ပြီး  ရဲလုပ်ငန်းကုနိစင်အောင်စစ်ဆေးနေဆဲဖြစ်ရာ သတင်းအချက်အလက်ပြည်စုံမှ သတင်းမီဒီယာများအား အကြောင်းပြန်ခြင်းနှင့် မေးမြန်းခြင်းများလက်ခံပေးမည် ဖြစ်ကြောင်း  တရားရုံးမှာလည်း တရားစွဲဆိုဖို့ လုပ်ဆောင်လျက်ရှိနေကြောင်း ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးခင်မောင်စိုးမှပြောသည်

ယင်းအကြောင်းအရာများအား လူအများစိတ်ဝင်စားမှူများပြားနေသော်လည်းFB သတင်းအကြောင်းအရာများနှင့်ပက်သက်၍တာဝန်မယူကြောင်း၎င်းကဆက်လက်ပြောကြားသည်

လက်ရှိတွင် အမှတ်(၉)နယ်မြေ သဘောင်္ကျဉ်း ရဲစခန်းမှ ပ(၁၇)/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ဖြင့် အမှူဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသတင်းရ ရှိသည်

သတင်းထောက် ရွှေရည်ဝင်း
ဓာတ်ပုံ ရွှေရည်ဝင်း

No comments:

Post a Comment